လူတိုင်း လူတိုင်းက မိမိအိမ်ကို သန့်သန့်ရှင်းရှင်းသပ်သပ်ရပ်ရပ်လေးနဲ့ အင်းဆက်ပိုးမွှားများ ကင်းစင်စေချင်ကြပါတယ်။ ဒါပေမဲ့လည်း ဓာတုပိုးသတ်ဆေးတွေ အသုံးပြုမယ်ဆိုရင်တော့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ထိုပိုးသတ်ဆေးတွေကို အစားအစာတွေပေါ်မှာ မတော်တဆ ပက်ဖြန်းမိမယ်ဆိုရင် အသက်အန္တရာယ်ကိုတောင် ထိခိုက်စေနိုင်ပါတယ်။

ဒါဆိုရင် အိမ်တွင်းမှာ သောင်းကျန်းနေတဲ့ အင်းဆက်ပိုးမွှားတွေကို ဘယ်လိုဖယ်ရှားကြမလဲ။

အခုဖော်ပြပေးမယ့် သဘာဝပစ္စည်းတွေ အသုံးပြုပြီး နှိမ်နင်းပေးလိုက်ပါ။

အိမ်ထဲမှာ ပိုးဟပ်တွေ သောင်းကျန်းနေတယ်ဆိုရင်

ကြက်သွန်နီ တစ်ဥကို ခပ်ပါးပါးလှီးဖြတ်ပြီးနောက် မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ သမအောင် ရောနှောလိုက်ပါ။ ထို့နောက် အိမ်နံရံရဲထောင့်စွန်းတွေမှာ ဖြူးထားလိုက်ပါ။ နေ့စဉ်နေ့တိုင်း ဖြူးထားပေးမယ်ဆိုရင် ရက်အတော်ကြာတဲ့အခါ ပိုးဟပ်များ ဝေးဝေးပြေးသွားပါလိမ့်မယ်။

သင်က ပင့်ကူတွေကို ကြောက်တတ်တဲ့သူလား

စပရေးဘူးထဲသို့ ရေ ၂၀၀ မီလီလီတာထည့်လိုက်ပါ။ ထို့နောက် ဆပ်ပြာရည် လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ ထပ်ထည့်လိုက်ပါ။ ပက်ပါမင့် ၅ စက်မှ ၁၀ စက်ခန့် ထပ်ထည့်ပြီးနောက် စပရေးဘူးကို ကောင်းစွာ လှုပ်ခါပေးလိုက်ပါ။ ထို့နောက် ပင့်ကူများ ရှိနေတတ်တဲ့နေရာမှာ စပရေးဘူးကို ဖြန်းပေးလိုက်ပါ။
တစ်ပတ်ကို တစ်ကြိမ်ခန့် ဖြန်းပေးလိုက်မယ်ဆိုရင် သင့်အိမ်မှာ ပင့်ကူနဲ့ ပင့်ကူအိမ်တွေကို တွေ့မြင်ရတော့မှာ မဟုတ်ပါဘူး။ တကယ်လို့ ပက်ပါမင့်အဆီ မသုံးချင်ဘူးဆိုရင် လာဗန်ဒါအဆီ (သို့) Tea Tree အဆီတို့ကို အစားထိုး အသုံးပြုနိုင်ပါတယ်။

ပုရွက်ဆိတ်များကို ဝေးဝေးပြေးစေချင်တယ်ဆိုရင်

သစ်ကြမ်းပိုးခေါက်အမှုန့်လေးတွေကို ပုရွက်ဆိတ်များ သွားသွားလာလာရှိတတ်သော နေရာတစ်ဝိုက်မှာ ဖြူးထားလိုက်ပါ။ ပုရွက်ဆိတ်တွေက သစ်ကြမ်းပိုးခေါက်မှုန့်ရဲက အနံ့ကို အလွန်မုန်းကြပါတယ်။

သင့်ဥယျာဉ်ခြံအတွင်းက သစ်ပင်ပန်းမာန်လေးတွေထဲမှာ အင်းဆက်ပိုးကောင်တွေ ကျနေလို့ စိတ်ညစ်နေပါသလား

ငရုတ်ပွ ၉၀ ဂရမ်ကို ပါးပါးလှီးလိုက်ပါ။ ကြက်သွန်ဖြူ (သို့) ကြက်သွန်နီကိုလည်း ပါးပါးလှီးလိုက်ပါ။ ထို့နောက် သစ်သီးဖျော်စက်ထဲထည့်ပြီး အနှစ်များ ရလာသည်အထိ မွှေပေးလိုက်ပါ။ ထို့နောက် ရေနွေး ၅၀၀ မီလီလီတာနဲ့ ရောနှောပြီး နွေးတဲ့နေရာမှာ ၂၄ နာရီခန့် ထားထားလိုက်ပါ။ ထို့နောက် စပရေးဘူးထဲထည့်ပြီး ပိုးကောင်တွေ ကျနေတဲ့ သစ်ပင်ပန်းမာန်လေးတွေပေါ်မှာ ပက်ဖြန်းပေးလိုက်ပါ။ ဒါဆိုရင်တော့ သစ်ပင်ပန်းမာန်လေးတွေက ပိုးကောင်လေးတွေကင်းပြီး လှပနေမှာပဲဖြစ်ပါတယ်။

Source: Brightside.me