ကျန်းမာလှပပြီး ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ဖို့အတွက် အိပ်ရေးဝဝ အိပ်စက်အနားယူဖို့ လိုအပ်ပါတယ်။ နှစ်ခြိုက်စွာ အိပ်စက်အနားယူလို့မရဘူးဆိုရင်တော့ နောက်တစ်နေ့ မနက်နိုးလာတဲ့အခါ ပင်ပန်းနွမ်းနယ်နေမှာဖြစ်ပြီး ကိုယ်အလေးချိန် တက်စေတဲ့ နောက်ဆက်တွဲဆိုးကျိုးကိုလည်း ခံစားရနိုင်ပါတယ်။

ဒါ့အပြင် အိပ်ရေးပျက်ခြင်းက သွေးတွင်းသကြားဓာတ်ကို မြှင့်မားစေပြီး ဆာလောင်မှုကို ဖြစ်ပေါ်စေတဲ့အပြင် ကယ်လိုရီပမာဏ လောင်ကျွမ်းမှုကိုလည်း နှေးကွေးစေပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ ကိုယ်အလေးချိန်လျော့ချချင်တယ်ဆိုရင်တော့ အိပ်ရေးဝဝ အိပ်စက်ဖို့ အရေးကြီးပါတယ်။

ဒီလိုဆိုရင်တော့ ညဘက်မှာ နှစ်ခြိုက်စွာ အနားယူနိုင်ဖို့နဲ့ အိပ်စက်ချိန်မှာ ကယ်လိုရီတွေကို လောင်ကျွမ်းပေးဖို့အတွက် ကူညီပေးနိုင်တဲ့ ဖျော်ရည်အချို့ကို အိပ်ရာဝင်ခါနီးမှာ သောက်သုံးနိုင်ဖို့အတွက် ဝေမျှပေးလိုက်တယ်နော်။

နွားနို့

နွားနို့က သင့်ကို ကလေးလေးတစ်ယောက်လို အပူအပင်ကင်းစွာ အိပ်စက်အနားယူနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။ အိပ်ရာဝင်ခါနီးမှာ နွားနို့တစ်ခွက် သောက်သုံးပြီးနောက် ၈ နာရီခန့် အိပ်ရေးဝဝ အိပ်စက်အနားယူပါက နောက်တစ်နေ့မှာ အစားအစာတွေ အလွန်အကျွံ မစားသုံးမိအောင် တားဆီးပေးနိုင်ပါတယ်။

နနွင်းမှုန့် နွားနို့ဖျော်ရည်

နွားနို့နွေးနွေးလေးထဲသို့ နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်၊ သစ်ကြမ်းပိုးခေါက်မှုန့် အနည်းငယ်နှင့် ဂျင်း အနည်းငယ်ထည့်ကာ သမအောင် ဖျော်ပေးလိုက်ပါ။

ထိုဖျော်ရည်ကို အိပ်ရာဝင်ခါနီးတိုင်း သောက်သုံးပေးပါက ခန္ဓာကိုယ်ရှိ အဆီပိုများကို လောင်ကျွမ်းပေးဖို့ရန်အတွက် ကူညီပေးပါလိမ့်မယ်။

Chamomile ရေနွေးကြမ်း

ဆေးဖက်ဝင် လက်ဖက်ရည်တစ်မျိုးဖြစ်တဲ့ Chamomile ဖျော်ရည်က ကာဖိန်းဓာတ်များ မပါဝင်တဲ့အတွက်ကြောင့် အာရုံကြောကို အနားရစေပြီး စိတ်နှလုံးတည်ငြိမ်အေးချမ်းစေပါတယ်။ ကောင်းစွာအိပ်စက်အနားယူနိုင်အောင် ကူညီပေးပြီး ကိုယ်အလေးချိန် ကျအောင် ကူညီပေးတဲ့ အစွမ်းထက် ဆေးဖက်ဝင်လက်ဖက်ရည်တစ်မျိုးပါပဲ။

စပျစ်ရည်

စပျစ်သီးဖျော်ရည်စစ်စစ်တစ်ခွက်က သင် ထင်ထားတာထက်ကို ပိုပြီး ကိုယ်အလေးချိန်ကျအောင် ကူညီပေးနိုင်ပါတယ်။ စပျစ်သီးဖျော်ရည် သောက်သုံးခြင်း (သို့) စပျစ်သီး စားသုံးခြင်းက အိပ်စက်ချိန်မှာ အင်ဆူလင်ကို စုပ်ယူပေးပြီး အဆီပိုများကို ဖယ်ရှားပေးနိုင်ပါတယ်။

ပဲနို့ပရိုတင်းရှိတ်ခ်

Source: Pinterest.com

ပရိုတင်းရှိတ်ခ်တွေက ကိုယ်အလေးချိန်နဲ့ ကြွက်သားတက်အောင် ဆော့ကစားတဲ့ အားကစားသမားတွေအတွက်ပဲလို့ သင် ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမဲ့ ညအိပ်ရာဝင်ချိန်မှာ သောက်သုံးပေးမယ်ဆိုရင်တော့ ကော်တီစောပမာဏကို လျော့ချပေးပြီး အဆီပိုများကို ပယ်ဖျက်ပေးနိုင်ပါတယ်။

Source: Womanandhome.com