ဝိတ်ကျချင်ပေမယ့် အရသာရှိတဲ့ အစားအစာတွေလည်း စားချင်သေးတယ်။ ဝိတ်ချနေတုန်းမှာ အစားအစာတွေကို ကောင်းကောင်းမစားရမှာကိုလည်း ကြောက်တယ်ဆိုတဲ့သူတွေအတွက် ဝိတ်လည်းကျပြီး စားလို့လည်းကောင်း၊ အရသာလည်းရှိစေမယ့် အစားအစာ (၅) မျိုးကို ပြောပြပေးလိုက်ပါတယ်။

ထောပတ်သီး

ထောပတ်သီးကို အခွံတွေဖယ်ထုတ်ပြီး အသားကို ဒီတိုင်းစားတာမျိုး၊ ဆားနဲ့တို့စားတာမျိုးက ဝိတ်ကျစေပါတယ်။ ဒီတိုင်းမစားချင်ရင် ထောပတ်သီးကို လှလှပပ အစိတ်လေးတွေဖြစ်အောင်လှီး၊ ခရမ်းချဉ်သီးတွေပါလှီးပြီး ထောပတ်သီးအစိတ်ကြားလေးတွေထဲကို လိုက်ထည့်ပါ။ ပြီးရင် ဆား၊ သံပယိုရည်နဲ့ ငရုပ်သီးမှုန့်ကိုရောကာ အပေါ်ကနေဆမ်းချလိုက်ပြီး စားရင်လည်း စပ်စပ်လေးနဲ့ အရမ်းစားလို့ကောင်းပါတယ်။

ပဲသီး၊ ပဲ

ပဲသီးတို့၊ ပဲတို့ကလည်း ဝိတ်ကျစေတဲ့အတွက် ဒီတိုင်းမစားချင်ရင် အရသာရှိအောင် ပဲသုပ်လေး သုပ်စားလို့ရပါသေးတယ်နော်။

ဒိန်ချဉ်

ထမင်းမစားပဲ ဗိုက်ပြည့်ချင်တယ်၊ အရသာရှိရှိလေးလည်း စားချင်တယ်ဆိုရင် ဒိန်ချဉ်ထဲကို အသီးတွေထည့်ပြီး စားချင်စဖွယ်လေးဖြစ်အောင် လုပ်စားလို့ရပါတယ်။ အရသာရှိပြီး ဗိုက်လည်းပြည့်တဲ့အပြင် ဝိတ်လည်းကျပါလိမ့်မယ်။

သစ်သီး

သစ်သီးတွေစားရင် ဝိတ်ကျပြီး ဗိုက်ပြည့်စေပါတယ်။ ဒါပေမယ့် တစ်မျိုးထဲကို စားရတာ မစားချင်ဘူး၊ အရသာတာလေးစားချင်တယ်ဆိုရင်တော့ သစ်သီးမျိုးစုံကို သေးသေးလေးတွေလှီးပြီး Fruit Salad လို သုပ်စားကြည့်ပါ။ မိန်းကလေးတွေအကြိုက်တွေ့မှာ သေချာပါတယ်။

Salmon

Salmon ငါးကလည်း ဝိတ်ကျစေဖို့ ကူညီပေးတဲ့အတွက် အရသာရှိရှိလေးနဲ့ စားချင်စဖွယ်ဖြစ်အောင် လုပ်စားလို့ရပါတယ်။

ပေါက်ပေါက်

အစာပြေ Snacks တွေစားချင်တဲ့အချိန်မှာ ဝိတ်မတက်အောင်၊ ဝိတ်ချနေတဲ့သူတွေအနေနဲ့ ပေါက်ပေါက်ကို စားပေးလို့ရပါတယ်။

Photo Source: www.eatingwell.com