ဝိတ်ကျစေတဲ့ အစားအစာတွေမစားချင်တဲ့အခါ ဝိတ်ကျစေတဲ့သောက်စရာ Drinks တွေကိုသာ များများသောက်ပါ။ ဒီတော့ ဝိတ်ကျချင်တဲ့သူတွေ များများသောက်ပေးသင့်တဲ့ Drinks (၅) မျိုးက ဘာတွေလဲဆိုတာကို ပြောပြပေးလိုက်ပါတယ်။

Vegetable Juice

ဟင်းသီးဟင်းရွက်တွေ၊ အသီးအနှံတွေနဲ့ ဖျော်ထားတဲ့ Vegetable Juice တွေကို များများသောက်ပါ။ ညနေစာမစားတဲ့အခါမျိုးမှာ Vegetable Juice သာသောက်ပါ။ သေချာပေါက်ဝိတ်ကျပါတယ်။ ဗိုက်လည်းပြည့်ပါတယ်နော်။

ကော်ဖီ

ကော်ဖီမှာက caffeine ဓာတ်ပါလို့ ဝိတ်ကျဖို့အတွက် ကူညီပေးနိုင်ပါတယ်။ ကော်ဖီသောက်လို့ ဝိတ်တက်တယ်ဆိုရင်တော့ နို့ဆီတွေ၊ နို့မှုန့်တွေ အများကြီးထည့်ပြီး ချိုရဲနေတာမျိုးကို သောက်လို့ပဲ ဖြစ်မှာပါ။

Green Tea

Green Tea သောက်ရင် ကျန်းမာရေးလည်းကောင်းသလို၊ အသားအရေလည်းလှတယ်၊ ကိုယ်ရည်စစ်ပြီး ဝိတ်လည်းကျစေပါတယ်။

Black Tea

ကော်ဖီမကြိုက်တဲ့သူတွေဆို Black Tea သောက်ကြည့်ပါ။ Green Tea တို့ Black Tea တို့က ဝိတ်ကျစေဖို့အတွက် အရမ်းအထောက်အကူဖြစ်ပါတယ်။

Ginger Tea

Ginger Tea ဆိုရင် ကိုယ်တွင်းအဆိပ်အတောက်တွေကို ပြေစေရုံသာမကပဲ ဝိတ်လည်းကျစေပါတယ်။

Photo Source: www.freepik.com