New Year ညမှာ မိသားစုနဲ့ပဲဖြစ်ဖြစ်၊ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ပဲဖြစ်ဖြစ် နှစ်သစ်ကို ကြိုဆိုတာမျိုး လုပ်ကြမယ့်သူတွေအတွက် New Year ညနဲ့လိုက်ဖက်တဲ့ အစားအသောက် (၅) မျိုးကို ပြောပြပေးလိုက်ပါတယ်။ ဒီအစားအသောက်တွေနဲ့ ပျော်ရွှင်စွာစားသောက်ပြီး နှစ်သစ်ကို ကြိုဆိုလိုက်ရအောင်လား….။

ဘီယာ၊ ဝိုင်

New Year ညမှာ ဘီယာတို့၊ အရက်တို့ သောက်လေ့ရှိကြပါတယ်။ ဒါပေမယ့် အဲ့လိုသိပ်မသောက်တတ်တဲ့သူတွေဆိုရင် ဝိုင်သောက်လို့လည်း ရပါသေးတယ်။

အကင်အမျိုးမျိုး

New Year ညနဲ့ အလိုက်ဖက်ဆုံးအစားအစာကိုပြောပါဆိုရင်တော့ အကင်တွေပါပဲ။ New Year ညမှာ အကင်အမျိုးမျိုးကင်စားလိုက်၊ စကားတွေပြောလိုက်၊ သီချင်းတွေဆိုလိုက်၊ စားကြသောက်ကြနဲ့ အရမ်းပျော်စရာကောင်းပါတယ်။

ကြက်ကြော်

မိသားစုနဲ့ပဲ နှစ်သစ်ကို ကြိုဆိုမယ့်သူတွေ၊ အလုပ်ရှုပ်မခံချင်တဲ့သူတွေဆိုရင် ကြက်ကြော်လေးစားလိုက်၊ ဘီယာလေးသောက်လိုက်၊ ဒါမှမဟုတ် အအေးလေးသောက်လိုက်နဲ့ New Year ညကို ပျော်ပျော်ကြီးဖြတ်သန်းနိုင်ပြီပေါ့။

ပီဇာ

ပီဇာချစ်သူတွေအတွက် ပီဇာကလည်း New Year ညနဲ့ လိုက်ဖက်ပါတယ်နော်။ ဒါကြောင့် သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ ပီဇာလေးစားလိုက်၊ ကိုလာလေးသောက်လိုက်နဲ့ New Year ကို ပျော်ရွှင်စွာဖြတ်သန်းပြီး နှစ်သစ်ကိုကြိုဆိုလို့ရပြီပေါ့။

Steak

New Year ကို ပါတီလုပ်ကြမယ့်သူတွေဆိုရင် Steak ကလည်း New Year ညနဲ့ အရမ်းလိုက်ဖက်တဲ့ အစားအစာပါပဲ။ Steak လေးစားလိုက်၊ ဝိုင်လေးသောက်လိုက်နဲ့ New Year ညကိုဖြတ်သန်းလို့ရတာပေါ့။

Photo Source: www.freepik.com