အရပ်မရှည်ရတာ မျိုးရိုးလိုက်လို့ဆိုပြီး သင့်ရဲ့ မျိုးရိုးကို အပြစ်မတင်လိုက်ပါနဲ့။ သင့်ရဲ့ မျိုးရိုးဗီဇအပြင် သင် စားသုံးလိုက်တဲ့ အစားအစာများမှ ရရှိတဲ့ အာဟာရဓာတ်များ၊ ဗီတာမင်ဓာတ်များကလည်း သင့်ရဲက အရပ်ကို အဆုံးအဖြတ်ပေးနိုင်ပါသေးတယ်။

အရပ်ရှည်ဖို့အတွက်ဆိုရင် သင့်ရဲ့ အရိုးအဆစ်များက ကျန်းမာကြံ့ခိုင်နေဖို့ လိုအပ်ပါတယ်။ အရပ်ရှည်ဖို့အတွက် အထောက်အပံ့ပေးနိုင်မယ့် အာဟာရဓာတ်များ၊ ဗီတာမင်ဓာတ်များကို များများမှီဝဲပေးဖို့လိုအပ်ပါတယ်။

ဒီဆောင်းပါးလေးထဲမှာတော့ အရပ်ရှည်ဖို့အတွက် ဘယ်လိုအစားအစာတွေ စားသုံးပေးရမလဲဆိုတဲ့အချက်တွေနဲ့ အရပ်ရှည်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်ဓာတ် (၅) မျိုးကို ဖော်ပြပေးချင်ပါတယ်။

ဗီတာမင်ဒီ

ဟုတ်ပါတယ်။ အားလုံးသိကြတဲ့အတိုင်းပဲ ဗီတာမင်ဒီကတော့ အရိုးအဆစ်များ ကျန်းမာကြံ့ခိုင်နေဖို့အတွက် အရေးအကြီးဆုံးပဲဖြစ်ပါတယ်။ လူတစ်ယောက်က လုံလောက်တဲ့ ဗီတာမင်ဒီဓာတ် မရရှိတဲ့အခါ သူ့ရဲ့ အရိုးအဆစ်တွေနဲ့ သွားတွေက တဖြည်းဖြည်းအားနည်းသွားပါလိမ့်မယ်။

နေရောင်ခြည်မှ ဗီတာမင်ဒီဓာတ်ရရှိနိုင်သလို နွားနို့၊ ခရမ်းချဉ်သီး၊ သံပုယိုသီး၊ သံပုရာသီး စတဲ့ ရှောက်သီးမျိုးနွယ်များ၊ အာလူး၊ ပန်းဂေါ်ဖီ စတဲ့ အစားအစာတွေထံမှလည်း ဗီတာမင်ဒီဓာတ် ရရှိပါတယ်။

ဗီတာမင် B1

ဗီတာမင် B1 က အရပ်ရှည်ဖို့အတွက် ကူညီပေးနိုင်သလို ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးဖို့ရန်အတွက်လည်း ကူညီပေးပါသေးတယ်။ ဒါ့အပြင် အစာချေစနစ်ကို ကောင်းမွန်စေပြီး နှလုံးကျန်းမာရေးနဲ့ အာရုံကြောစနစ်များကောင်းမွန်နေစေဖို့ရန်အတွက်လည်း ကူညီပေးပါသေးတယ်။

ဗီတာမင် B1 ကြွယ်ဝတဲ့အစားအစာတွေကတော့ ထမင်း၊ မြေပဲ၊ ဝက်သားနဲ့ ပဲပိစပ်တို့ပဲဖြစ်ပါတယ်။

ဗီတာမင် B2

ဗီတာမင် B2 ကို တစ်နည်းအားဖြင့် Riboflavin လို့လည်း ခေါ်တွင်ပါသေးတယ်။ ဗီတာမင် B2 ကတော့ အရိုးအဆစ်များ သန်မာစေဖို့၊ အသားအရေလှပစေဖို့၊ ဆံကေသာ သန်စွမ်းကျန်းမာစေဖို့နဲ့ ခြေသည်းလက်သည်းများ လှပနေစေဖို့ ကူညီပေးပါတယ်။

Riboflavin ကြွယ်ဝတဲ့အစားအစာတွေကတော့ ဥအမျိုးမျိုး၊ နွားနို့နဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တို့ပဲဖြစ်ပါတယ်။

ဗီတာမင်စီ

ဗီတာမင်စီကို Ascorbic အက်ဆစ်လို့ အမည်ခေါ်တွင်ပြီး အရိုးအဆစ်နဲ့ သွားများကျန်းမာကြံ့ခိုင်နေဖို့အတွက် ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် ဗီတာမင်စီက ကိုယ်ခံစွမ်းအားကို တိုးမြင့်ပေးတာကြောင့် ဖျားနာခြင်းမှ ကင်းဝေးစေပြီး ကျန်းမာပျော်ရွှင်တဲ့လူနေမှုဘဝကို ပိုင်ဆိုင်စေမှာပဲဖြစ်ပါတယ်။

ဗီတာမင်စီဓာတ် ကြွယ်ဝတဲ့ အစားအစာတွေကတော့ ခရမ်းချဉ်သီး၊ အာလူး၊ သံပုယိုသီး၊ သံပုရာသီး၊ ရှောက်သီးမျိုးနွယ်ဝင်များ၊ ဘယ်ရီသီးများ စတဲ့သစ်သီးတွေပဲဖြစ်ပါတယ်။

ကယ်လ်စီယမ်ဓာတ်

ကယ်လ်စီယမ်ဓာတ်က အရိုးများကို ဆွဲဆန့်ပေးပြီး ကျန်းမာကြံ့ခိုင်စေတဲ့ဓာတ်တစ်မျိုးပဲဖြစ်ပါတယ်။ ကယ်လ်စီယမ်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကတော့ နို့နှင့် နို့ထွက်ပစ္စည်းများ၊ ဂေါ်ဖီထုပ်မျိုးနွယ်ဝင် ပန်းပွင့်များ၊ ပဲအမျိုးမျိုး စတဲ့ အစားအစာတွေပဲဖြစ်ပါတယ်။

Source: stylecraze.com