ညဘက်ဆို တော်ရုံနဲ့မအိပ်တဲ့သူတွေက ဗိုက်ပိုဆာတတ်ပါတယ်။ ညဘက်ဗိုက်ဆာရင် ထစားချင်ပေမယ့် အစာမကြေမှာ၊ ဝိတ်တက်မှာကို ကြောက်ကြမှာပေါ့။

ဒီလိုစိုးရိမ်စရာမလိုအောင် ညဘက်ဗိုက်ဆာရင် စိတ်ချလက်ချနဲ့ ထစားလို့ရမယ့် အစားအစာ (၅) မျိုးကို ပြောပြပေးလိုက်ပါတယ်။

ချိစ်

ညဘက်ဗိုက်ဆာတဲ့အချိန်မှာ ချိစ်အပြားလေးတွေကို ထစားလို့ရပါတယ်။ အစာမကြေဖြစ်မှာကို ပူစရာမလိုပါဘူး။

ဒိန်ချဉ်

ညဘက်ဗိုက်ဆာတဲ့အချိန်မှာ ဒိန်ချဉ်ကို ထစားလို့ရပါတယ်။ အစာမကြေဖြစ်မှာကိုလည်း စိတ်ပူစရာမလိုသလို၊ ဝိတ်တက်မှာကိုလည်း ပူစရာမလိုပါဘူး။

Crackers

ညဘက်ဗိုက်ဆာရင် တစ်ခုခုစားရမှ ကျေနပ်တယ်ဆိုရင်တော့ Crackers တွေစားလို့ရပါတယ်။ Crackers တိုင်းတော့စားလို့မရဘူးနော်။ ခရင်မ်တွေမပါတဲ့ Crackers ကိုပဲစားလို့ရပါတယ်။ ဒါမှ ဝိတ်မတက်မှာပါ။

ကြက်ဥပြုတ်

ညဘက်ဗိုက်ဆာလို့ ကြက်ဥပြုတ် တစ်လုံးစားလိုက်ရင်ကို ဗိုက်ပြည့်သွားမှာပါ။ အစာမကြေလည်းမဖြစ်ဘူး၊ အဆီလည်းမဝက်၊ ဝိတ်လည်းမတက်ပါဘူး။ ကြက်ဥပြုတ်က အသားဓာတ်ပဲတိုးစေတာပါ။ ဝိတ်လျော့နေတဲ့သူဆိုရင်တော့ ကြက်ဥပြုတ်ကို အနှစ်မစားပဲ အကာပဲစားပါ။

ငှက်ပျောသီး

ညဘက်ဗိုက်ဆာရင် ဗိုက်အပြည့်ဆုံးကတော့ ငှက်ပျောသီးပါပဲ။ ငှက်ပျောသီးစားရင် အားရှိသလို၊ အသားလည်းတက်တယ်၊ အစာမကြေဖြစ်မှာလည်း ပူစရာမလိုပါဘူး။

Photo Source: www.brightside.me.com