ကျန်းမာရေးကောင်းဖို့ဆိုတာ အစားအသောက်ပေါ်မှာလည် အများကြီးမူတည်ပါတယ်။ အစစအရာရာကို ဂရုစိုက်ပေးမှလည်း ကျန်းမာပျော်ရွှင်တဲ့ဘဝကို ရရှိစေမှာပါ။ လူ့ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုချင်းစီအတွက် ကောင်းကျိုးပေးနေတဲ့ အစားအစာတွေအများကြီးရှိပါတယ်။
ရှာစားတတ်ရင်တော့ ဆေးပါပဲ။ ဒါကြောင့် လူတစ်ယောက်ရဲ့ကျန်းမာရေးအတွက် များများစားပေးသင့်တဲ့အစားအစာ (၅) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။
ဖရဲသီး
Source: www.flipboard.com
ဖရဲသီးကိုများများစားပေးခြင်းက နှလုံးရောဂါနဲ့ အရေပြားဆိုင်ရာရောဂါဝေဒနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ မောနေတဲ့အချိန်မှာ ဖရဲသီးကိုစားပေးရင် အမောပြေစေပါတယ်။
သင်္ဘောသီး
Source: www.steemit.com
သင်္ဘောသီးကိုများများစားပေးခြင်းက လိပ်ခေါင်းရောဂါကို သက်သာစေပါတယ်။ ဒါကြောင့်လည်း လိပ်ခေါင်းဖြစ်တဲ့သူတွေက သင်္ဘောသီးကို နေ့တိုင်းစားပေးတာပါ။ သင်္ဘောသီးက ဝမ်းချုပ်တာတွေကိုသက်သာစေပြီး ဝမ်းလည်းမှန်စေပါတယ်။
ခရမ်းချဉ်သီး
Source: yardday.com
ခရမ်းချဉ်သီးကို များများစားပေးခြင်းက ကင်ဆာရောဂါကို ကာကွယ်ရာရောက်ပါတယ်။ တစ်နေ့တစ်လုံး ပုံမှန်စားပေးရင်တော့ ပိုကောင်းပါတယ်။ အသားအရေလှချင်ရင်တော့ ခရမ်းချဉ်သီးကို တစ်နေ့ နှစ်လုံး ပုံမှန်စားပေးပါ။
ဖရုံသီး
Source: www.livingartstyle.com
ဖရုံသီးများများစားပေးမယ်ဆိုရင်တော့ ဆီးရောဂါဖြစ်ပွါးနိုင်ချေကို လျော့နည်းစေပါတယ်။ ဆီးနဲ့ပတ်သတ်ပြီး တစ်ခုခုဖြစ်မှာကြောက်ရင်တော့ ဖရုံသီးကို မကြာခဏစားပေးပါ။
မုန်လာဥနီ
Source: www.mydirtygardener.com
မုန်လာဥနီကို နေ့တိုင်းစားပေးတာဟာ ကင်ဆာရောဂါဖြစ်နိုင်ချေကို လျော့ကျစေပြီး အသားအရေကိုလည်း လှပစေပါတယ်။ မျက်စိလည်းအားကောင်းပါတယ်။ ဒါကြောင့် နေ့တိုင်း မုန်လာဥနီကို တစ်လုံးစားပေးသင့်ပါတယ်။




