တော်တော်များများက နည်းလမ်းမသိတာရယ်၊ သတိမထားမိလိုက်တာရယ်တွေကြောင့် အစားအသောက်တွေပြင်ဆင်တဲ့အခါမှာ လုပ်နေမိတဲ့ အလွဲလေးတွေရှိပါတယ်။ ကိုယ်လုပ်နေမိတဲ့အလွဲလေးတွေကို သိသွားပြီး ပြင်လို့ရအောင် ပြောပြပေးလိုက်ပါတယ်။

ပေါင်မုန့်ကိုလှီးတဲ့အခါမှာ အခုံးလေးဖြစ်နေတဲ့ဘက်ကလှီးရင် ပေါင်မုန့်တွေ မွထွက်ကုန်ပါတယ်။ ဒါကြောင့် ပြောင်းပြန်လှန်ပြီးလှီးပေးရပါတယ်။

အသားညှပ်ပေါင်မုန့်လုပ်မယ်ဆိုရင် အသားပြားကို အချပ်လိုက်မထည့်ရပါဘူး။ နှစ်ပိုင်းပိုင်းပြီး ပေါင်မုန့်နဲ့ကွက်တိကျအောင် ထည့်ရပါတယ်။

စက္ကူဘူးနဲ့အချိုရည်တွေကို ဖန်ခွက်ထဲထည့်မယ်ဆိုရင် အပေါက်ရှိတဲ့ဘက်ကထည့်ရင် ဘေးတွေကိုထွက်ကုန်တာမျိုး ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် အပေါက်နဲ့ဝေးတဲ့ဘက်ကနေ ထည့်ရပါတယ်။

ခရင်မ်ညှပ်ဘီစကစ်တွေကို တစ်ခုခုနဲ့တို့စားတော့မယ်ဆိုရင် လက်နဲ့စားတာထက် ခရင်းနဲ့ထိုးပြီးစားတာက ပိုအဆင်ပြေပါတယ်။

ဝိုင်ခွက်တွေထဲကို ဝိုင်ထည့်ပြီးရင် အောက်ခြေအလယ်နားကနေ ကိုင်ရပါတယ်။

Source: www.5minutecrafts