အစားအသောက်တွေစားသုံးတဲ့အခါမှာ နည်းစနစ်မှန်မှန်နဲ့ သေချာစားတတ်ဖို့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။ အားလုံးအတွက် အသုံးဝင်စေမယ့်အရာတွေ ဖြစ်မယ့်အပြင် ဗဟုသုတလည်း ရမယ်လို့ ထင်ပါတယ်။

စပါကတီမှာစားရင် ဆိုင်တွေက ဇွန်းနဲ့ခရင်းပေးပါတယ်။ စားတဲ့အခါမှာလည်း ခရင်းနဲ့ပဲမစားပါနဲ့။ ခရင်းနဲ့ ခေါက်ဆွဲကိုလိပ်ယူပြီး ဇွန်းနဲ့ခံထားတာမျိုးက နည်းစနစ်မှန်ပါတယ်။

ပြောင်းဖူးပြုတ်စားတဲ့အခါမှာ ပူနေရင် လက်နဲ့ကိုင်မစားပါနဲ့။ လက်ပူပါတယ်။ တူကို နှစ်ပိုင်းပိုင်းပြီး ဘေးနှစ်ဖက်မှာထိုးလိုက်ရင် တူကနေ ကိုင်စားလို့ရပါတယ်။

အသားညှပ်ပေါင်မုန့်တွေစားရင် အလယ်ကအစာတွေ ထွက်ကျသွားတတ်ပါတယ်။ ဒါကြောင့် ထိပ်နဲ့ အနောက်ကို လက်နှစ်ဖက်လုံးနဲ့ ဖိပြီးစားပါ။ ဒါဆို ထွက်မကျတော့ဘူးပေါ့။

ပီဇာစားရင် အချပ်ကို ဒီတိုင်းယူစားလိုက်မယ်ဆိုရင် အစာတွေဖိတ်ကျတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် အလယ်နားကိုဖိပြီး ထိပ်ဘက်ကို ခေါက်သလိုလေးလုပ်ပြီးစားပါ။

အာလူးကြော်ဗူးတွေစားရင် ဘူးကကျဉ်းတော့ လက်နဲ့နှိုက်စားရတာ သိပ်အဆင်မပြေပါဘူး။ ဒါကြောင့် စာရွက်ကို ဘေးဘက်ထိုးထည့်ပြီး စာရွက်ဆွဲထုတ်လိုက်ရင် အာလူးကြော်တွေ မကြေပဲပါလာမယ်။ စားရတာလည်း ပိုအဆင်ပြေလွယ်ကူသွားပါမယ်။

Source: www.5minutecraftsteens