ခံတွင်းနံ့ဆိုးနံပြီဆိုရင် သူများရှေ့မှာ အရမ်းရှက်ဖို့ကောင်းပါတယ်။ ဒါကြောင့် ခံတွင်းနံ့ဆိုးမနံအောင် ကြိုတင်ကာကွယ်ပေးနိုင်တဲ့ အစားသောက်တွေကို ပုံမှန်လေးစားပေးနိုင်ပါတယ်။

ဒိန်ချဉ်

ဒိန်ချဉ်သောက်ပါ။ နေ့တိုင်း တစ်နေ့တစ်ခွက်သောက်ပေးရင် ဝမ်းလည်းမှန်တဲ့အတွက် ဝမ်းချုပ်မှာလည်း စိတ်မပူရပါဘူး။ ဝမ်းချုပ်ရင် ခံတွင်းနံ့ဆိုး ပိုထွက်ပါတယ်။

သစ်သီးနဲ့ ဟင်းသီးဟင်းရွက်များ

အမျှင်ဓာတ်ကြွယ်ဝတဲ့ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို များများစားပေးပါ။ ဒါတွေက ခံတွင်းနံ့ဆိုးမနံအောင် ကာကွယ်ပေးနိုင်တဲ့အပြင် အသားအရည်လည်း ကြည်လင်လှပစေပါတယ်။

ဗီတာမင်စီ

ဗီတာမင်စီကြွယ်ဝတဲ့ အစားအသောက်တွေကို များများစားပေးခြင်းကလည်း ခံတွင်းနံ့ဆိုးမထွက်အောင်၊ မနံအောင် ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။

ပီကေ

ပီကေဝါးပေးခြင်းက ခံတွင်းနံ့ဆိုးမထွက်အောင်၊ မနံအောင် ကာကွယ်ပေးနိုင်တာကြောင့် ကိုယ်က အရေးကြီးသူနဲ့ တွေ့ရတော့မယ်ဆိုရင် အစာစားပြီးတိုင်း ပီကေဝါးပေးပါ။ ပီကေဆောင်ထားပါ။

source: www.drqdental.net