သရက်သီးချစ်သူတွေ တစ်နှစ်ပတ်လုံး စောင့်မျှော်နေတဲ့ အရာကဘာလဲလို့မေးလိုက်ရင် ချိုမြိန်ပြီး အရည်ရွှမ်းတဲ့ သရက်သီးတွေပေါတဲ့ နွေရာသီရောက်ဖို့ပါပဲ။ အသီးမှာသရက်ဆိုသလို အသီးတွေရဲ့ဘုရင်ဖြစ်တဲ့ သရက်သီးက မွှေးကြိုင်ပြီး သူ့ရဲ့အရသာက တကယ်ကို ချိုမြိန်လွန်းပါတယ်။

သရက်သီးကို လတ်လတ်ဆတ်ဆတ်စားတာက အကောင်းဆုံးဖြစ်သလို ပုံစံအမျိုးမျိုးနဲ့လည်း စားလို့ရပါသေးတယ်။ ဒါကြောင့် သရက်သီးကြိုက်တဲ့သူအတွက် ဒီနွေရာသီမှာ သရက်သီးကို ခံစားဖို့ ဒီနည်းလမ်းလေးတွေ လုပ်စားကြည့်ပါ။

Mango Juice

နွေရာသီမှာ လူကြိုက်များတဲ့ သရက်သီးဖျော်ရည်တွေက ရာသီအတွက် ပြီးပြည့်စုံတဲ့ လန်းဆန်းမှုပါပဲ။ သရက်သီးကို အခွံခွာပြီး Blender နဲ့ မွှေပေးပါ။ လန်းဆန်းတဲ့ သရက်သီး ဖျော်ရည်တစ်ခွက်ရဖို့ ရေနဲ့ ရေခဲ ထည့်ပါ။ လန်းဆန်းစေဖို့ Mint နည်းနည်းထည့်ပါ။ ဒါဆိုရင်တော့ တကယ်ကိုအရသာရှိတဲ့ သရက်သီးဖျော်ရည်တခွက်ရပါပြီ။

Mango popsicle

နွေရာသီအတွက် ရေခဲမုန့်စားကြတဲ့အခါ သရက်သီးက လူတိုင်းအကြိုက်ဆုံးပါ။ ငယ်စဉ်ကလေးဘဝ အလွမ်းပြေဖို့ သရက်သီးနဲ့လုပ်ထားတဲ့ ရေခဲချောင်းကို အိမ်မှာတင်လုပ်စားလို့ရပါတယ်။ သရက်သီးအနှစ်ရည်ကို ရေနဲ့ရောပြီး Moulds ထည့်ပြီး ရေခဲသေတ္တာထဲ ထည့်ရုံပါပဲ။ တစ်နာရီလောက်ဆို စားလို့ရပါပြီ။

Mango Smoothie

သရက်သီးကို နို့၊ ရေခဲမုန့် ၊ တခြားအသီးအနှံတွေနဲ့ရောလိုက်ရင် ကျန်းမာရေးနဲ့ ညီညွတ်ပြီး အရသာရှိတဲ့ Smoothie အနေနဲ့လည်း စားလို့ရပါသေးတယ်။

Mango Chutney

သရက်သီးကို ဒီအတိုင်းစားရတာရိုးလာရင် Mango chutney အနေနဲ့လည်း စားလို့ရပါသေးတယ်။ Mango chutney လုပ်တဲ့အခါ အမှည့် သို့မဟုတ် ချဉ်တဲ့အစိမ်းရောင် သရက်သီးတွေနဲ့လုပ်တာကြောင့် ချဉ်ချဉ်စပ်စပ် အရသာရှိတဲ့ Chutney ကို အရံဟင်းအနေနဲ့လည်း စားလို့ရပါသေးတယ်။