ဦးနှောက်က သင့်ရဲ့ခန္ဓာကိုယ်ရဲ့ အရေးအကြီးဆုံးအင်္ဂါအစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်။ အခြားသော အင်္ဂါအစိတ်အပိုင်းများကလည်း အသက်ရှင်ရပ်တည်နေနိုင်ဖို့ရန်အတွက် အရေးကြီးတယ်ဆိုပေမယ့် ဦးနှောက်ကသာ ထိုအင်္ဂါအစိတ်အပိုင်းများကို ထိန်းချုပ်ထားတာပဲဖြစ်ပါတယ်။ ဒါ့အပြင် သင့်ရဲ့စိတ်ခံစားချက်၊ အတွေးအခေါ်၊ မှတ်ဉာဏ်စွမ်းရည်တို့ကိုလည်း ဦးနှောက်ကသာ အားလုံးထိန်းချုပ်ထားတာပါ။

ကျန်းမာရေးနဲ့ ညီညွှတ်ပြီး အာဟာရများ ပြည့်ဝစုံလင်စွာပါဝင်တဲ့ အစားအစာများကို စားသုံးမယ်ဆိုရင် သင့်ရဲ့ဦးနှောက်က ကျန်းမာပြီး အသက်အရွယ်ကြီးရင့်လာပေမယ့်လည်း မှတ်ဉာဏ်စွမ်းအား ကျဆင်းလာခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

တကယ်လို့ သင်က ကျန်းမာရေးနဲ့ မညီညွတ်တဲ့အစားအစာတွေကို စားသုံးမယ်ဆိုရင်တော့ သင့်ရဲ့ဦးနှောက် ကျန်းမာရေးကို ထိခိုက်ပျက်စီးတတ်ပါတယ်။ ဒါ့ကြောင့် ဦးနှောက်ကျန်းမာရေးကို မထိခိုက်စေဖို့ ရှောင်ကြဉ်သင့်တဲ့အစားအစာများကို ဖော်ပြပေးလိုက်ရပါတယ်။

အဆီများသော အစားအစာများ

ခရင်မ်များသော အစားအစာများ၊ အေးခဲပြီး ကြာရှည်ခံအောင် ပြုလုပ်ထားသော စည်သွပ်ဘူး အစားအစာများ၊ ဘီစကစ်မုန့်၊ အာလူးကြော် စတဲ့ အစားအစာတွေမှာ အဆီဓာတ်များ များပြားစွာပါဝင်ပါတယ်။ ထိုအစားအစာများကို အလွန်အကျွံစားသုံးပါက မှတ်ဉာဏ်စွမ်းအားကျဆင်းခြင်း၊ အယ်လ်ဇိုင်းများ ရောဂါ ခံစားရခြင်း စတဲ့ ရောဂါများကို ခံစားရတတ်တယ်လို့ လေ့လာချက်များအရ သိရှိရပါတယ်။

သကြားဓာတ်များပြားသော အချိုရည်များ

ဆိုဒါအချိုရည်၊ စွမ်းအားဖြည့်အချိုရည်များမှာ သကြားဓာတ်များပြားစွာ ပါဝင်တဲ့အပြင် အာဟာရဓာတ်လည်း နည်းပါးပါတယ်။ ထိုအချိုရည်များကို မှန်မှန်သောက်သုံးမိမယ်ဆိုရင်တော့ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ ကိုလက်စတောပမာဏ မြင့်မားခြင်းနဲ့ အယ်လ်ဇိုင်းမားရောဂါ တို့ကို ခံစားရနိုင်ပါတယ်။

အယ်လ်ကိုဟော

အယ်လ်ကိုဟောက ဦးနှောက်ကို ထိခိုက်စေတယ်ဆိုတဲ့အချက်ကတော့ ငြင်းဖွယ်ရာမရှိပါဘူး။

ကာဘိုဟိုက်ဒြိုက်ဓာတ် မြင့်မားစွာပါဝင်သော အစားအစာများ

ကာဘိုဟိုက်ဒြိုက်ဓာတ် များပြားတဲ့အစားအစားတွေကို ကြာရှည်ခံအောင် ပြုလုပ်ထားတဲ့ အစေ့အဆံများမှ ပြုလုပ်ထားတာပဲဖြစ်ပါတယ်။ ထိုအစားအစာများက ချိုတဲ့အစားအစာများ မဟုတ်ပေမယ့် ခန္ဓာကိုယ်ထဲ ရောက်ရှိသွားတဲ့အခါမှာတော့ သကြားဓာတ်များအဖြစ် ပြောင်းလဲသွားမှာပဲ ဖြစ်ပါတယ်။

ထိုအစားအစာများကို များများစားသုံးတဲ့ ကလေးငယ်များက အခြားသော ကလေးများထက် ဉာဏ်ရည်နိမ့်နေတာကို တွေ့မြင်ရမှာပါ။ ဒါ့ကြောင့် အစေ့အဆံ စစ်စစ်ကိုသာ စားသုံးခြင်း၊ သစ်သီးဝလံများနဲ့ ဟင်းသီးဟင်းရွက်များကိုသာ စားသုံးသင့်ပါတယ်။

ကြာရှည်ခံအောင် ပြုလုပ်ထားသော အစားအစာများ

ပီဇာကဲ့သို့ ကြာရှည်ခံအောင် ပြုလုပ်ထားတဲ့အစားအစာများ၊ အပြင်စာများက အိမ်မှာ ချက်ပြုတ်ထားတဲ့အစားအစာတွေနဲ့ ယှဉ်ရင် အာဟာရဓာတ် နည်းပါးစွာပါဝင်ပြီး အဆီဓာတ်၊ သကြားဓာတ်နဲ့ အငန်ဓာတ်များ များပြားစွာပါဝင်ပါတယ်။ ထိုအစားအစာများကို ရှောင်ကြဉ်ခြင်းက ဦးနှောက်စွမ်းရည်ကို မြင့်တင်ပေးမှာပဲဖြစ်ပါတယ်။

Source: Organicwelcome.com

Featured Image Source: brainadvisor.wordpress.com