အိုမင်းရင့်ရော်ခြင်းတွေ မြန်မြန်မဖြစ်ချင်လို့ Skincare တွေ သုံးကြသလိုမျိုး၊ အစားအသောက်နဲ့လည်း ကြိုတင်ကာကွယ်လို့ရပါတယ်။ ဒါကြောင့် အိုမင်းရင့်ရော်ခြင်းတွေ နှေးကွေးအောင်၊ မြန်မြန်မဖြစ်အောင် များများစားပေးသင့်တဲ့ အစားအသောက်တွေကို ဖော်ပြပေးလိုက်ပါတယ်။ ဒီအစားအသောက်တွေကို မျာများစားသုံးပေးပါ။

ထောပတ်သီး

ထောပတ်သီးက အလှအပရေးရာအတွက် အရမ်းကောင်းတဲ့ အသီးတစ်မျိုးပါ။ ထောပတ်သီးကို ဖျော်သောက်တာမျိုးမဟုတ်ပဲ ဒီတိုင်းစားပေးတာက ပိုပြီးအာနိသင်ရှိပါတယ်။ အိုးမင်းရင့်ရော်ခြင်းတွေ မြန်မြန်မဖြစ်အောင် ကာကွယ်ပေးပြီး နုပျိုစေတယ်။ အဆီကျစေပါတယ်။

ကန်စွန်းဥ

ကန်းစွန်းဥက အသားအရေလှပနုပျိုစေတယ်၊ အရွယ်တင်ပြီး အရေးအကြောင်းတွေ မြန်မြန်မဖြစ်အောင်လည်း တားဆီးကာကွယ်ပေးပါတယ်။

လိမ္မော်သီး၊ Sunkist သီး

လိမ္မော်သီးနဲ့ Sunkist သီးက ဗီတာမင်စီကြွယ်ဝလို့ အသားအရေလှပစေတယ်၊ အရွယ်တင်နုပျိုစေတယ်၊ အိုမင်းရင့်ရော်ခြင်းတွေ၊ အရေးအကြောင်းတွေ မြန်မြန်မဖြစ်အောင် ကာကွယ်ပေးပါတယ်။

Green Tea

Green Tea ပူပူလေး သောက်ပေးခြင်းက ကျန်းမာရေးအတွက်လည်း ကောင်းသလို၊ အရွယ်တင်နုပျိုဖို့၊ အိုမင်းရင့်ရော်ခြင်းတွေ အမြန်မဖြစ်ဖို့ ကာကွယ်ပေးပါတယ်။

အုတ်ဂျုံ

အုတ်ဂျုံစားပေးရင် ခန္ဓာကိုယ် သန်မာပြီး အားရှိစေပါတယ်။ အိုမင်းရင့်ရော်ခြင်းတွေကိုလည်း တားဆီးပေးနိုင်ပြီး နုပျိုလန်းဆန်းစေပါတယ်။

ဝိုင်အနီ

Red Wine လို့ခေါ်တဲ့ ဝိုင်အနီကို ဝိုင်သောက်တဲ့ ခွက်လေးနဲ့ တစ်နေ့တစ်ခွက် သောက်ပေးရင် အမျိုးသမီးတွေအတွက် အရမ်းကောင်းပါတယ်။ အိုမင်းရင့်ရော်ခြင်းတွေဖြစ်တာလည်း နှေးကွေးပြီး အရွယ်တင်နုပျိုစေပါတယ်။