ကလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုနှုန်းက အသက်ငယ်တဲ့အချိန်မှာ မြန်တဲ့အတွက် အရပ်ရှည်ချင်တယ်ဆိုရင် ကလေးအရွယ်ထဲက လုပ်ပေးရပါမယ်။ ဒီလိုအရပ်ရှည်အောင် အရပ်ရှည်ဆေးတွေတိုက်မယ့်အစား သဘာဝအတိုင်း အစားအသောက်နဲ့ ကျန်းမာဖွံ့ဖြိုးပြီး အရပ်ရှည်လာအောင်လုပ်တာက ပိုကောင်းပါတယ်။ ဒါဆိုရင် ကလေးတွေအရပ်ရှည်ဖို့အတွက် အထောက်အကူပြုတဲ့ အစားအသောက်တွေက ဘာတွေဖြစ်မလဲဆိုတာကို ကြည့်လိုက်ရအောင်။

ကြက်ဥ

ကြက်ဥမှာက အာဟာရဖြစ်စေတဲ့ဓာတ်တွေ များစွာပါဝင်လို့ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးပြီး အရပ်ရှည်စေပါတယ်။

နွားနို့

နွားနို့သောက်ရင် အာဟာရရှိ၊ အားရှိပြီး အရပ်ရှည်စေပါတယ်။

ပဲပိစပ်နဲ့ ပဲအမျိုးမျိုး

ပဲပိစပ်မှာ ပရိုတင်းဓာတ်တွေပါဝင်လို့ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးပြီး အရပ်ရှည်စေပါတယ်။ အရိုးအဆစ်တွေလည်း သန်မာစေပါတယ်။ အခြားသောပဲအမျိုးမျိုးမှာလည်း ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးပြီး အရပ်ရှည်ဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။

ကြက်သား

ကြက်သားမှာလည်း ပရိုတင်းဓာတ်နဲ့ ဗီတာမင်ဓာတ်တွေ များစွာပါဝင်လို့ အရပ်ရှည်ပြီး ကြီးထွားဖွံ့ဖြိုးဖို့ အထောက်အကူပြုပါတယ်။

အစိမ်းရောင်ဟင်းသီးဟင်းရွက်များ

အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေကို များများစားပေးရင် ကျန်းမာရေးအတွက်လည်းကောင်းတယ်၊ အသားအရည်လည်း လှတဲ့အပြင် အရပ်ရှည်သန်စွမ်းဖို့အတွက်လည်း အထောက်အကူပြုပါတယ်။

မုန်လာဥနီ

မုန်လာဥနီက ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတဲ့အပြင် အရပ်ရှည်သန်မာဖို့အတွက်လည်း အထောက်အကူပြုပါတယ်။

Photo Source: www.freepik.com