တချို့အစားအစာတွေစားရင် ခန္ဓာကိုယ်မှာစွဲနေတာမျိုး၊ ခံတွင်းနံ့နံတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဒီလိုမဖြစ်ပဲ ခန္ဓာကိုယ်အနံ့အသက် ကောင်းအောင် အမြဲပုံမှန်စားပေးသင့်တဲ့ အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။

ရေ

ရေများများသောက်ရင် ခန္ဓာကိုယ်မှာ အဆိပ်အတောက်တွေကင်းပြီး ကိုယ်နံ့၊ ချွေးနံ့တွေမထွက်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

ဒိန်ချဉ်

ဒိန်ချဉ်ကလည်း ခန္ဓာကိုယ်အနံ့အသက်ကောင်းစေတဲ့ အစားအစာတစ်မျိုးပါပဲ။ ခံတွင်းနံ့မနံအောင်လည်း တားဆီးပေးပါတယ်။

သံပုရာရည်

သံပုရာရည်ကိုသောက်ပေးရင် ခန္ဓာကိုယ်မှာ အဆိပ်အတောက်တွေ ကင်းစေပါတယ်။ အရက်သောက်ထားလို့ အရက်နံ့နံနေရင်လည်း သံပုရာရည်သောက်ပေးရင် ပျောက်ပါတယ်။

Herbal Tea

ကော်ဖီသောက်ရင်တောင် ခံတွင်းနံ့စွဲစေပါတယ်။ Herbal Tea သောက်ရင်ကျတော့ ခန္ဓာကိုယ် အနံ့အသက်လည်း ကောင်းစေတယ်။ ကိုယ်တွင်းအဆိပ်အတောက်တွေလည်း ပျောက်စေတယ်။ ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်။

ပန်းသီး၊ လိမ္မော်သီး

ပန်းသီးနဲ့ လိမ္မော်သီးစားရင်လည်း ခံတွင်းနံ့မနံစေပါဘူး။ ခန္ဓာကိုယ်အနံ့အသက်ဆိုးလည်း မထွက်စေပါဘူး။

Photo Source: www.freepik.com