မိန်းကလေးတွေအနေနဲ့ ဓမ္မတာလာနေတဲ့အချိန်မှာ မစားပဲရှောင်ရမယ့် အစားအစာတွေလည်းရှိသလို စားပေးသင့်တဲ့ အစားအစာတွေလည်း ရှိပါတယ်။ ဒီတော့ ဓမ္မတာလာချိန်မှာ စားပေးသင့်တဲ့အစားအစာ (၆) မျိုးကို ပြောပြရင်းနဲ့ ဘာကြောင့် စားပေးသင့်လဲဆိုတာကိုပါ မျှဝေပေးလိုက်ပါတယ်။

Broccoli

Broccoli လို့ခေါ်တဲ့ ပန်းမုန်လာမှာက သံဓာတ်၊ အမျှင်ဓာတ်၊ magnesium ဓာတ်နဲ့ potassium ဓာတ်တွေ ပေါများစွာပါဝင်လို့ မိန်းကလေးတွေ ဓမ္မတာလာချိန်မှာ စားပေးသင့်ပါတယ်။

Photo Source: www.kirbiecravings.com

ငှက်ပျောသီး

ငှက်ပျောသီးကတော့ မိန်းကလေးတွေ ဓမ္မတာလာချိန်မှာ သရေစာမုန့်အဖြစ်နဲ့ စားပေးလို့ အကောင်းဆုံး အသီးပါပဲ။ ဘာကြောင့်လဲဆိုရင်တော့ ငှက်ပျောသီးမှာလည်း အမျှင်ဓာတ်၊ magnesium ဓာတ်နဲ့ potassium ဓာတ်တွေ အပြည့်အဝကို ပါဝင်လို့ပါပဲ။ ငှက်ပျောသီးစားပြီးရင် ဗိုက်တင်းသွားတော့ တခြားမတည့်တဲ့ Snacks တွေ၊ သရေစာမုန့်တွေ မစားမိအောင်လည်း ထိန်းချုပ်ထားနိုင်ပါတယ်။

Photo Source: www.emborapets.com

Dark Chocolate

ချောကလက်တွေအများကြီးရှိတဲ့ထဲကမှ Dark Chocolate ကတော့ ဓမ္မတာလာချိန်မှာ စားပေးလို့အကောင်းဆုံး အချိုမုန့်ပါပဲ။ သူ့မှာက သံဓာတ်၊ magnesium ဓာတ်နဲ့ antioxidants တွေ ပါဝင်ပါတယ်။ သွေးစီးဆင်းမှုကိုကောင်းမွန်စေပြီး စိတ်ကိုလည်း ကြည်လင်စေတယ်၊ ပျော်ရွှင်စေပါတယ်။

Photo Source: www.foodnavigator.com

Salmon

Salmon ကတော့ ကျန်းမာရေးအတွက်တောင် ကောင်းတဲ့ငါးလို့ ပြောကြပါတယ်။ Salmon မှာက omega-3 fatty acids နဲ့ ပရိုတင်းဓာတ်တွေ ကြွယ်ဝစွာပါဝင်လို့ ဓမ္မတာလာချိန်မှာ ပိုပြီးတောင်စားပေးသင့်ပါတယ်။ ဓမ္မတာလာလို့ ဗိုက်အောင့်ပြီးနာကျင်ရတာကိုလည်း သက်သာစေပြီး ဓမ္မတာကောင်းကောင်းဆင်းစေပါတယ်။

Photo Source: www.manettas.com.au

ဂျင်း

ဂျင်းကတော့ ဓမ္မတာလာချိန်မှာ ချုပ်နေရင်တောင် ပြုတ်ပြီးသောက်ပေးရတာကို အားလုံးလည်းသိကြမှာပါ။ ဓမ္မတာလာချိန်မှာ ဂျင်းပြုတ်ရည် (သို့) Ginger Tea ကို သောက်ပေးရင် ဓမ္မတာရင်ဖြစ်တဲ့ နာကျင်ကိုက်ခဲတာ၊ ဗိုက်အောင့်တာတွေကို သက်သာစေပါတယ်။

Photo Source: www.medicalnewstoday.com