မိမိခန္ဓာကိုယ်ကို ဂရုစိုက်ပြီး ခန္ဓာကိုယ်အချိုးအစားလှပချင်သူတွေက ကယ်လိုရီများတဲ့အစားအစာ၊ အဆီအဆိမ့်များတဲ့ အစားအစာတွေအစား ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာတွေကို အစားထိုးစားသောက်လေ့ရှိပါတယ်။ ဒါပေမဲ့ ထိုအစားထိုးအစားအစာတွေက ကျန်းမာရေးကို ထင်ထားတာထက် ဆိုးရွားစေတာကိုတော့ မသိကြပါဘူး။

ရယ်ဒီမိတ်ပန်းသီးဖျော်ရည်

Coke က ကယ်လိုရီတက်မှာစိုးလို့ အစားထိုးသောက်သုံးတဲ့ အသင့်သောက် ပန်းသီးဖျော်ရည်က Coke ထက် ကယ်လိုရီပိုများပါတယ်။

သကြားအစား ပျားရည်အသုံးပြုခြင်း

သကြားအလွန်အကျွံမှီဝဲခြင်းက ကျန်းမာရေးအတွက် မကောင်းတာကို သိနေကြတော့ သကြားအစား ပျားရည်အစားထိုးအသုံးပြုပါတယ်။ ဒါပေမဲ့ သကြားထက် ပျားရည်ရဲ့ ကယ်လိုရီပမာဏက ပိုများနေတာကိုတော့ မရိပ်မိကြပါဘူး။

ဆား အစား ပဲငံပြာရည် အစားထိုးပါ။

အာဟာရပညာရှင်များက ဆား အလွန်အကျွံသုံးမယ့်အစား ပဲငံပြာရည်ကို အစားထိုးသုံးစွဲခြင်းက ကျန်းမာရေးအတွက် ပိုကောင်းမွန်ကြောင်း ပြောကြားထားပါတယ်။

လတ်လတ်ဆတ်ဆတ်သစ်သီးများနဲ့ အခြောက်ခံထားသော သစ်သီးများ

အစားအသောက်ထုတ်လုပ်သူတွေက အခြောက်ခံထားတဲ့ သစ်သီးကို ချိုမြိန်တဲ့အရသာရှိအောင် ဆေးသကြားတွေ အသုံးပြုထားပါတယ်။ ဒါ့အပြင် ဗီတာမင်ဓာတ်နဲ့ Antioxidants များလည်း ၈၀ ရာခိုင်နှုန်းနဲ့အထက် ဆုံးရှုံးနေတာကြောင့် သစ်သီးခြောက်များ စားသုံးမယ့်အစား လတ်လတ်ဆတ်ဆတ်သစ်သီးများ စားသုံးပေးပါ။

ဟင်းသီးဟင်းရွက်များ စားသုံးတဲ့အခါ

ဟင်းသီးဟင်းရွက်များကို ပြုတ်စားခြင်းက အစိမ်းအတိုင်းတို့စားခြင်းထက် အာဟာရဓာတ်ပိုရရှိပါတယ်။ ဥပမာ မုန်လာဥနီပြုတ်မှာ Antioxiants နဲ့ Carotenoids ဓာတ်များ ပိုမိုများပြားပြီး သင့်ကျန်းမာရေးအတွက် ပိုမိုကောင်းမွန်စေပါတယ်။

အယ်လ်ကိုဟော သောက်သုံးခြင်းက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါသလား။

အယ်လ်ကိုဟော အလွန်အကျွံသောက်ခြင်းက ကျန်းမာရေးကို ထိခိုက်နိုင်ပေမယ့် ဝိုင်ကိုတော့ သောက်သုံးပေးလို့ရပါတယ်။ ဥပမာအနေနဲ့ ဝိုင်နီမှာ Polyphenols ဓာတ် ပါဝင်ပြီး သွေးလှည့်ပတ်မှုအတွက် ကောင်းမွန်စေတာကြောင့် တစ်နေ့တစ်ခွက် မှန်မှန်မှီဝဲပေးလို့ရပါတယ်။

Source: brightside.me