လူတိုင်းက သူတို့ရဲ့မိသားစုတွေအတွက် အလတ်ဆတ်ဆုံးနဲ့ အကောင်းမွန်ဆုံးသော အစားအစာတွေကိုသာ စားသုံးစေချင်ကြပါတယ်။ ဒါပေမဲ့ စူပါမားကတ်နဲ့ ဈေးကို နေ့စဉ်နေ့တိုင်း သွားဖို့အတွက် အချိန်မပေးနိုင်ကြပါဘူး။

ဒါ့ကြောင့် မိမိ ဝယ်ထားတဲ့ အစားအစာတွေကို အိမ်မှာပဲ အချိန်ကြာကြာနဲ့ လတ်လတ်ဆတ်ဆတ် ဖြစ်နေအောင် သိုလှောင်သိမ်းဆည်းထားကြရပါတယ်။

သင့်အနေနဲ့ မိမိ ဝယ်ထားတဲ့အစားအစာတွေ အချိန်အကြာကြီး အထားခံပါ့မလားလို့ စိတ်ပူနေတယ်ဆိုရင်တော့ ဒီအချက်တွေက သင့်အတွက် အထောက်အကူ ဖြစ်စေပါလိမ့်မယ်။

နွားနို့ကို ရက်သတ္တပတ် အကြာကြီး အထားခံအောင်

နွားနို့ဘူးကို ရေခဲသေတ္တာအအေးခန်းထဲမှာ ခဲနေအောင် အအေးခံထားလို့ရပါတယ်။ ဒါပေမဲ့ အေးခဲသွားတဲ့အခါ အလေးချိန် ပိုများလာမှာဖြစ်တဲ့အတွက် အအေးမခံခင်မှာ နွားနို့အနည်းငယ်ကို ဘူးထဲက ဖယ်ထားဖို့လိုပါတယ်။ ဒါဆိုရင်တော့ သင့်နွားနို့က ရက်သတ္တပတ် ၄ ပတ်ကနေ ၆ ပတ်အထိ အထားခံပါတယ်။

ကြက်ဥများကို ရေခဲတုံးပုံစံခွက်ထဲ အအေးခံထားလိုက်ပါ

ဒီလိုထည့်ပြီး အအေးခံလိုက်တဲ့အခါ ကြက်ဥ (သို့) ဘဲဥများ ဘယ်တော့ပုပ်သွားမလဲဆိုပြီး စိတ်ပူစရာ မလိုတော့ပါဘူး။ ဆာား (သို့) သကြားအနည်းငယ်ထည့်ပြီး အအေးခံထားလို့လည်းရပါတယ်။

ပန်းသီးကို အချိန်ကြာကြာ အထားခံချင်ရင်

ရေခဲသေတ္တာထဲ ထည့်သိမ်းထားလိုက်ရုံပါပဲ။ ဒါပေမဲ့ တစ်ခုသတိထားရမှာကတော့ ပန်းသီးတစ်လုံးနဲ့ တစ်လုံးကို ကပ်မနေစေဘဲ ခွာထားဖို့ လိုမယ်နော်။

မုန်လာဥနီ

မုန်လာဥနီများကိုတော့ သဲထဲ ထည့်ကာ သိုလှောင်ထားရပါမယ်။ သဲက ရေငွေ့ပျံမှုကို လျော့ချပေးပြီး မုန်လာဥနီ ပုပ်သွားခြင်းကိုလည်း နှေးကွေးစေပါတယ်။

ကြက်သွန်မြိတ်

ကြက်သွန်မြိတ်များကို ရေထည့်ထားသော ဖန်ပုလင်းထဲ ထည့်ထားခြင်းအားဖြင့် အပင်က လန်းဆန်းနေမှာဖြစ်ပြီး ကြက်သွန်မြိတ်များ ဆက်လက်ရှင်သန်ကြီးထွားနေအောင် ကူညီပေးပါလိမ့်မယ်။

ပျားရည်

ပျားရည်ကို မှန်မှန်ကန်ကန် သိုလှောင်သိမ်းဆည်းမယ်ဆိုရင်တော့ နှစ်ပေါင်းများစွာကြာသည့်တိုင် သူ့ရဲ့ဂုဏ်သတ္တိက တည်တံ့နေမှာပဲဖြစ်ပါတယ်။ ပျားရည် သိမ်းဆည်းဖို့ အကောင်းဆုံးပုလင်းကတော့ မှောင်မည်းပြီး လေလုံတဲ့ ဖန်ပုလင်းပဲဖြစ်ပါတယ်။ သံဘူးများ၊ ကော်ဘူးများ၊ လေမလုံသောဘူးတွေကတော့ ပျားရည်ကို ကြာကြာအထားခံအောင် ကူညီပေးနိုင်မှာ မဟုတ်ပါဘူး။

Source: Brightside.me