ဝိတ်လျော့ချင်တယ်ဆိုရင် အစားအသောက် လျော့ရမယ်လို့ ထင်ထားကြတာများပါတယ်။ အဲ့လို ထင်မှတ်ထားမှုတွေက မှားယွင်းနေပါတယ်။

အမှန်တကယ်ကတော့ အစားအသောက်ချက်ပြုတ်ပေါ်မှာ မူတည်ပြီး ကိုယ်အလေးချိန် တက်စေတဲ့ အစားအစာတွေဖြစ်ပေါ်လာတာဖြစ်ပါတယ်။

အုန်းသီးကပြုလုပ်ထားတဲ့ ဟင်းချက်ဆီ

shutterstock_216984226

အုန်းသီးက ပြုလုပ်ထားတဲ့ ဟင်းချက်ဆီတွေမှာ အဆီဓာတ်တွေ အများကြီးပါဝင်နေမှာဘဲဆိုပြီး တွေးမိကြမှာပါ။ အမှန်တော့ သူ့ဆီမှာ ပါဝင်တဲ့ အဆီဓာတ်တွေက ချီးစ်ဘာဂါမှာပါဝင်တဲ့ အဆီဓာတ်တွေလိုမျိုး လူတွေကို ဝစေတဲ့ အဆီဓာတ်တွေမဟုတ်ပါဘူး။ အုန်းဆီမှာပါဝင်မှာ Medium Chain Fatty အက်ဆစ်တွေကို ခန္ဓာကိုယ်က သိုလှောင်ထားနိုင်စွမ်းမရှိဘဲ Ketones ဓာတ်အဖြစ်ပြောင်းလိုက်ပါတယ်။ Ketones ဓာတ်က ကိုယ်အလေးချိန်ကျတဲ့ ဓာတ်ကို ထုတ်ပေးပါတယ်။

အာလူး

very-best-mashed-potatoes-recipe-8187

အာလူးဆိုတာနဲ့ French Fries အာလူးကြော်ကိုတော့ ပြောတာမဟုတ်ပါဘူး။ အာလူး ပြုတ်၊ အာလူးဖုတ်တို့ကို ပြောတာပါ။ အာလူးဟာလည်း အဓိက အစားအစာတွေဖြစ်တဲ့ ဆန်ညိုတို့ ပေါင်မုန့်တိုနဲ့အတူတူ ဘဲ အဓိက စားသုံးလို့ရတဲ့ အစားအစာဖြစ်ပါတယ်။

အာလူးမှာလည်း အဟာရတွေ ကြွယ်ဝစွာပါဝင်ပြီး၊ သတ္တုဓာတ်တွေနဲ့ ဗီတာမင်တွေလည်း ပါဝင်တာကြောင့်စားသုံးသင့်တဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။

ကဖိန်း

shutterstock_261745823

ကဖိန်း 100 mg (ကော်ဖီတစ်ခွက်မှာဆိုရင် ပျမ်းမျှ ကဖိန်းဓာတ် 95 mg ပါဝင်)ဟာ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို ၃% ကနေ ၄ % ကြားတိုးမြင့်ပေးပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်အပူပိုထွက်ပြီး အဆီတွေကို ပိုပြီး လောင်ကျွမ်းစေပါတယ်။ ဒါကြောင့် ဒီလောက် ကဖိန်းပမာဏဟာ ခန္ဓာကိုယ်မှာရှိတဲ့ ကယ်လိုရီတွေကို နေ့စဉ် ၁၅၀ လောက် လောင်ကျွမ်းစေပါတယ်။

Apple Cider ရှာလကာရည်

Apple Cider Vinegar (ပန်းသီး ရှာလကာရည်) တစ်နေ့ကို စားပွဲတင်ဇွန်း ၁ဇွန်းကနေ ၂ ဇွန်းကြားလောက် စားသုံးပေးပါက ခန္ဓာကိုယ်က အဆီတွေ လျော့ချနိုင်တယ်လို့ ၂၀၀၉ ခုနှစ်တွင်ပြုလုပ်ခဲ့တဲ့ သုတေသနအရ သိရပါတယ်။ ပန်းသီး ရှာလကာရည်မှာ Acetic အက်ဆစ်ပါဝင်တာကြောင့် ဖြစ်ပါတယ်။

အသားထဲမှာ ပန်းသီးရှာလကာရည်ထည့်ပြီး စားသုံးသူက တခြားသူတွေထက် ကယ်လိုရီ ၂၀၀ကနေ ၂၇၅ ကြား လျော့နည်းလေ့ရှိပါတယ်။

ငရုတ်သီး

ငရုတ်သီးမှာပါဝင်တဲ့ Capsaicin ဓာတ်က Thermogenesis ဖြစ်စဉ်ကို အားကောင်းစေပါတယ်။ Thermogenesis ဖြစ်စဉ်ဆိုတာက ခန္ဓာကိုယ်မှာရှိတဲ့ အဆီတွေကို လောင်ကျွမ်းစေတဲ့ သဘာဝဖြစ်စဉ်ဖြစ်ပါတယ်။

တူနာငါး

Tuna

တူနာငါး တစ်ခွက်စာလောက်မှာ ပရိုတင်း ၃၉ ဂရမ်ပါဝင်ပါတယ်။ ဘာကြောင့် ပရိုတင်းပါဝင်မှုက အရေးကြီးတာလဲ။ သုတေသနပြုလုပ်ချက်အရ ပရိုတင်းဓာတ်တွေ များလေလေ ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေကာ တစ်နေ့ကို ကယ်လိုရီ ၂၆၀ လောက် ကျွမ်းနိုင်ပါတယ်။

ကြက်ဥများ

shutterstock_255816604

ကြက်ဥမှာလည်း ပရိုတင်းဓာတ်တွေပါဝင်တာကြောင့် ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေပြီး ကယ်လိုရီတွေကိုပိုပြီး လောင်ကျွမ်းစေပါတယ်။