ဗိုက်ချပ်ချင်တယ်ရင် လူတိုင်းက လေ့ကျင့်ခန်းလုပ်ကြပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီး အစားအသောက်မရှောင်ရင်လည်း ထိရောက်မှုက အပြည့်အဝရမှာမဟုတ်ပါဘူး။ ဒါကြောင့် အစားအသောက်နဲ့လည်း ထိန်းလို့ရအောင် ဗိုက်ချပ်ချင်တဲ့သူတွေအနေနဲ့ ရှောင်ကြဉ်ရမယ့် အစားအသောက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

Carbonated အချိုရည်

Soda ပါတဲ့အချိုရည်တွေ၊ Carbonated အချိုရည်တွေ ဥပမာ – ကိုလာ စတာတွေကို ရှောင်ရပါမယ်။

အရက်

အရက်သောက်ရင် ဗိုက်ပူစေပါတယ်။ ဒါကြောင့် အရက်၊ ဘီယာလည်း ရှောင်ရမှာပါ။ အဓိကကေတာ့ ဘီယာပါ။

သကြား

ဗိုက်ချပ်ချင်ရင် သကြားရှောင်ရပါမယ်။ အချိုအစိမ့်များလွန်းတဲ့ အစားအသောက်တွေလည်း ရှောင်ရပါမယ်။

Mayonnaise နဲ့ Cheese

ဗိုက်ချပ်ချင်ရင်တော့ Mayonnaise နဲ့ Cheese ကိုလည်း ရှောင်ရမှာပါ။

ဆီကြော်မုန့်များ

ဆီကြော်မုန့်တွေစားရင် ဗိုက်ချပ်ဖို့မဖြစ်နိုင်ပါဘူး။ အဆီတက်ပြီး ဗိုက်အဆီထွက်စေပါတယ်။

အသီးခြောက်များ

ဗိုက်ချပ်ချင်ရင် အသီးခြောက်တွေကိုလည်း ရှောင်ပေးဖို့လိုပါတယ်။

ဂျုံ

ဂျုံမှုန့်များတဲ့မုန့်တွေကို အတတ်နိုင်ဆုံးရှောင်ပေးပါ။ ဂျုံပါဝင်မှုနည်းတာကတော့ စားလို့ရပါတယ်။

Photo Source: www.freepik.com