ဦးနှောက်ဆိုတာ ခန္ဓာကိုယ်တစ်ခုလုံးမှာ အရှုပ်ထွေးဆုံးနဲ့ အရေးကြီးဆုံး အင်္ဂါတစ်ခုပါပဲ။ ဦးနှောက်နဲ့ အာရုံကြော ကျန်းမာရေးဟာ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်အတွက် များစွာ လုပ်ဆောင်ပေးနိုင်စွမ်းရှိပါတယ်။

2-brain

ဦးနှောက်ကျန်းမာရေးအတွက် ဘာတွေစားပေးသင့်လဲဆိုတာ မျှဝေပေးချင်ပါတယ်။

၁။ ချောကလက်အမည်း

Chocolate-amargo-500x334

ချော့ကလက်စားမယ်ဆိုရင် ကိုကိုး အနည်းဆုံး ၆၀% ပါတဲ့ ချောကလက်အမည်းရောင်ကိုစားပေးသင့်ပါတယ်။ ချောကလက်မှာ Antioxidant တွေကြွယ်ဝစွာပါဝင်လို့ ခန္ဓာကိုယ်ကျန်းမာရေးအတွက်ကောင်းမွန်ပါတယ်။ ဗီတာမင် B ပါဝင်လို့လည်း ဟော်မုန်းနဲ့ အာရုံကြောဆိုင်ရာ ပြဿနာတွေကို ကာကွယ်ပေးပါတယ်။

၂။ သဘာဝ ဒိန်ချဉ်

ဒိန်ချဉ်ဟာ ကျန်းမာတဲ့ ဘက်တီးရီးယားတွေကို ထုတ်ပေးလို့ သင့်ရဲ့ အူလမ်းကြောင်းကို ကျန်းမာစေသလို ဦးနှောက်ကိုလည်း ကျန်းမာစေပါတယ်။

၃။ ကွေကာအုတ်။

avena-500x334

ကွေကာအုတ်မှာ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အဟာရဓာတ်တွေ များစွာပါဝင်နေပါတယ်။ ဗီတာမင် B1 လည်းကြွယ်ဝစွာပါဝင်ပြီး ဦးနှောက်ကျန်းမာရေးအတွက် အရေးကြီးတဲ့ ဓာတ်တစ်မျိုးပါပဲ။

၎။ ကြက်သွန်နီ

Fresh bulbs of onion

ကြက်သွန်နီဟာ Antioxidant  တွေကြွယ်ဝစွာပါဝင်ပြီး ဦးနှောက်ဆဲလ်တွေကို ကာကွယ်ပေးပါတယ်။ အာရုံကြောရဲ့ လုပ်ဆောင်မှုတွေကိုလည်း ကောင်းမွန်စေပါတယ်။

၅။ ငါးဆီ

Pescado-azul-500x334

ငါးကနေရတဲ့အဆီမှာ Omega 3 Fatty Acid ပါဝင်လို့ နှလုံး ကိုကျန်းမာစေပါတယ်။ နှလုံးသွေးကြောကို သန့်စင်ပေးနိုင်သလို သွေးလည်ပတ်မှုကိုကောင်းမွန်စေပါတယ်။ ဒါ့ကြောင့် လေဖြတ်တာမျိုးကိုလည်း ကာကွယ်ပေးပြီး ဦးနှောက်ကို ကျန်းမာစေပါတယ်။

၆။ ထောပတ်သီး

semilla-de-aguacate-para-combatir-la-celulitis-500x332

အရသာရှိတဲ့ ထောပတ်သီးမှာ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အဆီဓာတ်တွေ၊ Antioxidant တွေ ကြွယ်ဝစွာပါဝင်လို့ ဦးနှောက်ဆဲလ်တွေကို ကာကွယ်ပေးပါတယ်။ Omega 3 ကြွယ်ဝစွာပါဝင်တဲ့အပြင် ဗီတာမင် E ပါဝင်လို့လည်း သင့်အတွက် ကောင်းမွန်စေပါတယ်။

၇။ သံလွင်ဆီ

22-Best-Benefits-Of-Olive-Oil-Jaitun-Ka-Tel-For-Skin-Hair-And-Health3

သံလွင်ဆီဟာ ခန္ဓာကိုယ်အတွင်းက မကောင်းတဲ့ ကိုလက်စထရောတွေကို သန့စင်ပေးနိုင်ပြီး နှလုံးသွေးကြောဆိုင်ရာ ပြဿနာကို ကာကွယ်ပေးပါတယ်။ ဒါ့အပြင် အာရုံကြောအတွက်လည်းကောင်းမွန်ပြီး ဦးနှော်ကစွမ်းဆောင်ရည်နဲ့ သွေးလည်ပတ်မှုကိုလည်း ကောင်းမွန်စေပါတယ်။