[Unicode]

နေ့စဉ်ကျန်းမာညီညွတ်တဲ့အစားအစာ စားဖြစ်ဖို့ဆိုတာ တော်တော်ဂရိုစိုက်နိုင်မှရတာပါ။ အထူးသဖြင့် အသင့်စားစည်သွပ်ဘူးတွေပေါနေတဲ့ဒီခေတ်မှာ အရသာလောက်ပဲ အရေးပေးကြပြီးတကယ့်ကျန်းမာစေမယ့်အစားအစာတွေကို လစ်လျူရှုလာကြပါတယ်။ ဒါကြောင့် ကျန်းမာတဲ့အစားအစာတွေကို အသေးစိတ်လိုက်ဂရုစိုက်ပြီးမစားပေးနိုင်ရင်တောင် ဒီ(၇)မျိုးအလှည့်ကျ ပုံမှန်စားသုံးပေးမယ်ဆိုရင်တော့ ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ထုတ်ပေးပြီး ကျန်းမာလာစေမှာမို့ ရှာဖွေတင်ဆက်ပေးလိုက်ပါတယ်။

၁။သံပုယိုသီး

သိကြတဲ့အတိုင်းပဲ သံပုရာသီးမှာပါဝင်တဲ့ ဗီတာမင်စီက ခန္ဓာကိုယ်အတွက် အရမ်းအကျိုးပြုပါတယ်။ Glutathione လို့ခေါ်တဲ့ အသည်းထဲကအဆိပ်အတောက်ဖယ်ရှားပေးတဲ့ ပစ္စည်းတွေကို ဗီတာမင်စီက ထုတ်လုပ်ပေးနိုင်တာကြောင့် ပုံမှန်စားပေးမယ်ဆိုရင် အခြားသောကျန်းမာရေးအကျိုးကျေးဇူးတွေလည်း ရလာစေပါတယ်။

pexels-photo-129574

၂။ကြက်သွန်ဖြူ

ဆာလ်ဖာကြွယ်ဝတဲ့ ကြက်သွန်ဖြူကို ခန္ဓာကိုယ်တွင်းအဆိပ်အတောက်ဖယ်ရှားရာမှာ သုံးဖို့သင့်တော်ပါတယ်။ ခန္ဓာကိုယ်အတွင်းပိုင်း နာမကျန်းမှုတွေကိုလည်း ကြက်သွန်ဖြူက ကုသပေးပါတယ်။ ပုံမှန်စားပေးမယ်ဆိုရင် ဆေးဝါးမှီဝဲစရာတောင်မလိုပါဘူး။

garlic

၃။နေကြာစေ့

အပျင်းပြေစားကြတဲ့ နေကြာစေ့မှာလည်း အသည်းတွင်းရှိ အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့အစွမ်းသတ္တိကြောင့် ကျန်းမာရေးအာနိသင်ကောင်းရှိတယ်လို့ဆိုလို့ရပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်တစ်ဝိုက်မှာရှိတဲ့ အဆိပ်တွေကိုပါဖယ်ရှားပေးသေးပါတယ်။ ကိုလက်စထရောတွေ တဖြည်းဖြည်းများလာတာကြောင့်ဖြစ်ပေါ်လာတဲ့ ခန္ဓာကိုယ်ကိုပျက်စီးစေမယ့် ဒဏ်ကိုလည်းကာကွယ်ပေးပါတယ်။

sunflower seeds

၄။ဂေါ်ဖီထုပ်

ဂေါ်ဖီထုပ်မှာ ဆာလ်ဖာဓာတ်ကြွယ်ဝပြီး ပိုးသတ်ဆေးတွေထဲက ခန္ဓာကိုယ်တွင်းအဆိပ်အတောက်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေကို သန့်စင်ပေးပါတယ်။

cabbage

၅။ထောပတ်သီး

ထောပတ်သီးက လူ့ခန္ဓာကိုယ်ရဲ့ အကောင်းဆုံးသူငယ်ချင်းပါ။ ထောပတ်သီးစားပေးခြင်းဖြင့် အလွန်အန္တရာယ်များတဲ့ ကိုယ်တွင်းအဆိပ်အတောက်တွေကိုဖယ်ရှားပေးလို့ ကျန်းမာပြီး လန်းဆန်းတဲ့ဘဝကိုပိုင်ဆိုင်နိုင်စေပါတယ်။

seed

၆။ဂေါ်ဖီပန်းစိမ်း

ဘရိုကိုလီလို့ခေါ်တဲ့ အစိမ်းရင့်ရောင်ဂေါ်ဖီပန်းမှာလည်း အာနိသင်မနည်းပါဘူး။သူ့မှာ ခန္ဓာကိုယ်ကို သန့်စင်ပေးမယ့် Antioxidants တွေပါဝင်ပါတယ်။ ခန္ဓာကိုယ်အစာချေစနစ်ကို ပိုမိုချောမွေ့စေမယ့် အင်းဇိုင်းတွေကြွယ်ဝပါသေးတယ်။ ဘရိုကိုလီကို မကျက်တကျက်စားတာက သူ့ရဲ့အာဟာရဓာတ်ကို ကောင်းကောင်းရရှိစေမှာပါ။

broccoli

၇။အာလူး

အာလူးတွေမှာလည်း ဗီတာမင်အေနဲ့ ဗီတာမင်စီကြွယ်ဝတဲ့အတွက် အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။  ကန်စွန်းဥမှာလည်း ထိုနည်းလည်းကောင်းပါပဲ။

potatoes

 

[Zawgyi]

ေန႔စဥ္က်န္းမာညီညြတ္တဲ့အစားအစာ စားျဖစ္ဖို႔ဆိုတာ ေတာ္ေတာ္ဂရုိစုိက္ႏုိင္မွရတာပါ။ အထူးသျဖင့္ အသင့္စားစည္သြပ္ဘူးေတြေပါေနတဲ့ဒီေခတ္မွာ အရသာေလာက္ပဲ အေရးေပးၾကျပီးတကယ့္က်န္းမာေစမယ့္အစားအစာေတြကို လစ္လ်ဴရႈလာၾကပါတယ္။ ဒါေၾကာင့္ က်န္းမာတဲ့အစားအစာေတြကုိ အေသးစိတ္လုိက္ဂရုစိုက္ျပီးမစားေပးႏုိင္ရင္ေတာင္ ဒီ(၇)မ်ိဳးအလွည့္က် ပံုမွန္စားသံုးေပးမယ္ဆိုရင္ေတာ့ ခႏၶာကုိယ္တြင္းက အဆိပ္အေတာက္ေတြကို ဖယ္ထုတ္ေပးျပီး က်န္းမာလာေစမွွာမို႔ ရွာေဖြတင္ဆက္ေပးလုိက္ပါတယ္။

၁။သံပုယိုသီး

သိၾကတဲ့အတုိင္းပဲ သံပုရာသီးမွာပါဝင္တဲ့ ဗီတာမင္စီက ခႏၶာကိုယ္အတြက္ အရမး္အက်ိဳးျပဳပါတယ္။ Glutathione လို႔ေခၚတဲ့ အသည္းထဲကအဆိပ္အေတာက္ဖယ္ရွားေပးတဲ့ ပစၥည္းေတြကို ဗီတာမင္စီက ထုတ္လုပ္ေပးႏုိင္တာေၾကာင့္ ပံုမွန္စားေပးမယ္ဆုိရင္ အျခားေသာက်န္းမာေရးအက်ိဳးေက်းဇူးေတြလည္း ရလာေစပါတယ္။

pexels-photo-129574

၂။ၾကက္သြန္ျဖဴ

ဆာလ္ဖာၾကြယ္ဝတဲ့ ၾကက္သြန္ျဖဴကို ခႏၶာကိုယ္တြင္းအဆိပ္အေတာက္ဖယ္ရွားရာမွာ သံုးဖုိ႔သင့္ေတာ္ပါတယ္။ ခႏၶာကိုယ္အတြင္းပိုင္း နာမက်န္းမႈေတြကိုလည္း ၾကက္သြန္ျဖဴက ကုသေပးပါတယ္။ ပံုမွန္စားေပးမယ္ဆိုရင္ ေဆးဝါးမွီဝဲစရာေတာင္မလိုပါဘူး။

garlic

၃။ေနၾကာေစ့

အပ်င္းေျပစားၾကတဲ့ ေနၾကာေစ့မွာလည္း အသည္းတြင္းရွိ အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးတဲ့အစြမ္းသတၱိေၾကာင့္ က်န္းမာေရးအာနိသင္ေကာင္းရွိတယ္လို႔ဆိုလုိ႔ရပါတယ္။ ဒါ့အျပင္ ခႏၶာကိုယ္တစ္ဝိုက္မွာရွိတဲ့ အဆိပ္ေတြကိုပါဖယ္ရွားေပးေသးပါတယ္။ ကိုလက္စထေရာေတြ တျဖည္းျဖည္းမ်ားလာတာေၾကာင့္ျဖစ္ေပၚလာတဲ့ ခႏၶာကိုယ္ကိုပ်က္စီးေစမယ့္ ဒဏ္ကိုလည္းကာကြယ္ေပးပါတယ္။

sunflower seeds

၄။ေဂၚဖီထုပ္

ေဂၚဖီထုပ္မွာ ဆာလ္ဖာဓာတ္ၾကြယ္ဝျပီး ပိုးသတ္ေဆးေတြထဲက ခႏၶာကိုယ္တြင္းအဆိပ္အေတာက္ျဖစ္ေစတဲ့ ဓာတုပစၥည္းေတြကို သန္႔စင္ေပးပါတယ္။

cabbage

၅။ေထာပတ္သီး

ေထာပတ္သီးက လူ႕ခႏၶာကိုယ္ရဲ႕ အေကာင္းဆံုးသူငယ္ခ်င္းပါ။ ေထာပတ္သီးစားေပးျခင္းျဖင့္ အလြန္အႏၱရာယ္မ်ားတဲ့ ကိုယ္တြငး္အဆိပ္အေတာက္ေတြကိုဖယ္ရွားေပးလို႔ က်န္းမာျပီး လန္းဆန္းတဲ့ဘဝကိုပိုင္ဆုိင္ႏုိင္ေစပါတယ္။

seed

၆။ေဂၚဖီပန္းစိမး္

ဘရုိကိုလီလို႔ေခၚတဲ့ အစိမ္းရင့္ေရာင္ေဂၚဖီပန္းမွာလည္း အာနိသင္မနည္းပါဘူး။သူ႔မွာ ခႏၶာကိုယ္ကို သန္႔စင္ေပးမယ့္ Antioxidants ေတြပါဝင္ပါတယ္။ ခႏၶာကိုယ္အစာေခ်စနစ္ကို ပိုမိုေခ်ာေမြ႕ေစမယ့္ အင္းဇိုငး္ေတြၾကြယ္ဝပါေသးတယ္။ ဘရုိကိုလီကို မက်က္တက်က္စားတာက သူ႔ရဲ႕အာဟာရဓာတ္ကို ေကာင္းေကာင္းရရွိေစမွာပါ။

broccoli

၇။အာလူး

အာလူးေတြမွာလည္း ဗီတာမင္ေအနဲ႔ ဗီတာမင္စီၾကြယ္ဝတဲ့အတြက္ အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးပါတယ္။  ကန္စြန္းဥမွာလည္း ထုိနည္းလည္းေကာင္းပါပဲ။

potatoes

Reference Link: https://www.ecowatch.com/15-best-foods-for-detoxing-your-body-1882157131.html