ကြက်သားက ကမ္ဘာပေါ်ရှိ လူသားအားလုံးအတွက် စားသုံးသင့်တဲ့ အစားအစာတွေထဲက တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ အရသာကောင်းမွန်ရုံသာမက အာဟာရတွေလည်း အများကြီးရှိပါတယ်။ ကြက်သား စားတာကြောင့် ရရှိလာမယ့် ကျန်းမာရေး ကောင်းကျိုးတချို့ကို ဝေမျှချင်ပါတယ်။

ကိုယ်ခန္ဓာ ဖွံ့ဖြိုးကြီးထွားချင်သူတွေအတွက်

1-1-e1481075703527

ကြက်သားမှာ ပရိုတင်းဓာတ်ကြွယ်ဝစွာပါဝင်ပြီး အဆီဓာတ်ပါဝင်မှု နည်းပါတယ်။ ကင်ထားတဲ့ ကြက်သား ၁၀၀ ဂရမ်မှာ ပရိုတင်းဓာတ် ၃၁ ဂရမ်လောက်ပါဝင်ပါတယ်။ ဒါကြောင့် ကိုယ်ခန္ဓာ ဖွံ့ဖြိုး ကြီးထွားချင်သူတွေ အထူးသဖြင့် အမျိုးသားတွေ များများ စားသုံးပေးသင့်ပါတယ်။

အရိုးကျန်းမာရေးကို ကောင်းမွန်စေခြင်း

ပရိုတင်းဓာတ်တွေ ပါဝင်ရုံသာမက ကြက်သားမှာလည်း သတ္တုဓာတ်တွေဖြစ်တဲ့ Phosphorus နဲ့ ကယ်ဆီယံဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်ပါတယ်။ ဒီဓာတ်တွေက အရိုးကျန်းမာသန်စွမ်းဖို့အတွက် အရမ်းကို အထောက်အကူပြုပါတယ်။ အရိုးပွခြင်းကို ကာကွယ်ပေးနိုင်တဲ့ Selenium ဓာတ်တွေလည်း ကြွက်သားမှာ ပါဝင်ပါတယ်။

စိတ်ဖိစီးမှုကို လျော့ချပေးခြင်း

ကြက်သားမှာ Tryptophan နဲ့ ဗီတာမင် B5 ဆိုတဲ့ စိတ်ဖိစီးမှုကို လျော့ချပေးနိုင်တဲ့ ဓာတ်တွေပါဝင်ပါတယ်။ အဲ့ဒီဓာတ်တွေက စိတ်ကိုတည်ငြိမ်အေးချမ်းအောင် လုပ်ဆောင်ပေးနိုင်တာကြောင့် စိတ်ဖိစီးမှုများတဲ့နေ့တွေမှာ ကြက်သားကို စားသုံးပေးသင့်ပါတယ်။

chicken-1001767_960_720

 

ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးခြင်း

အအေးမိ၊ ဖျားနာ လို့ရှိရင် ကြက်သား စွပ်ပြုတ်လေးတွေ ပြုတ်ပြီး သောက်ကြပါတယ်။ ကြက်သား စွပ်ပြုတ် ပူပူလေးသောက်ပေးရင် နှာစေး၊ နှာပိတ်တာတွေ သက်သာစေပြီး လည်ချောင်းမှာ ချွဲတွေ ပိတ်ဆို့တာ သက်သာစေပါတယ်။

ကြက်သား စွပ်ပြုတ်က ကိုယ်ခံအာကောင်းစေတဲ့ ဆဲလ်တွေကို အားကောင်းအောင် လုပ်ဆောင်ပေးပြီး ဖျားနာတာတွေကို တိုက်ထုတ်ပြီး အပြင်က ရောဂါပိုးမွှားတွေ ထပ်မ၀င်အောင် ကာကွယ်ပေးနိုင်ပါတယ်။

နှလုံးကျန်းမာရေးအတွက် ကောင်းမွန်ခြင်း

Eat Meat Chicken Food Carrots Vegetables

ကြက်သားမှာ ဗီတာမင် B6 ကြွယ်ဝစွာပါဝင်ပြီး အဲ့ဒီ ဗီတာမင်က နှလုံးရုတ်တရပ် ရပ်တန့်တာ (heart attack) ကို ကာကွယ်ရာမှာ အဓိက ကျပါတယ်။ ဗီတာမင် B6 က နှလုံးရောဂါကို ဖြစ်စေတဲ့ Homocysteine တွေကို လျော့ချပေးပါတယ်။

ခနော ကြက်သားမှုန့်

Knorr Pico KV

ကြက်သား ဟင်းလျာတွေမှာ ခနောကြက်သားမှုန့်လေး ထည့်လိုက်ရင်တော့ ဟင်းလျာလေးတွေရဲ့ အရသာက ပိုမို ထူးကဲလာမှာပါ။

ခနော ကြက်သားမှုန့်ကို ကျန်းမာရေး ကောင်းပြီး အရွယ်ရောက်ပြီးသား ကြက်တွေနဲ့သာ ထုတ်လုပ်တာဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ အသိအမှတ်ပြုခံထားရတဲ့၊ အရည်အသွေးမြင့် အစားအစာတွေကျွေးမွေးပြီး မွေးမြူထားတဲ့၊ သန့်ရှင်းတဲ့ ကြက်ခြံမွေးမြူထားပြီး၊ ဟော်မှုန်းဆေးဝါးတွေနဲ့ ရောဂါကာကွယ်တဲ့ ဓာတု ဆေးဝါးတွေမသုံးထားတဲ့ ကြက်မွေးမြူရေးခြံတွေနဲ့ ပူးပေါင်းပြီး ထုတ်လုပ်တာဖြစ်ပါတယ်။

ခနော ကြက်သားမှုန့်က မြန်မာနိုင်ငံမှာ ချက်ပြုတ်လေ့ရှိတဲ့ လူမျိုးတိုင်းရဲ့ ရိုးရာ ဟင်းလျာတွေနဲ့ လိုက်ဖက်အောင် အသုံးပြုလို့ရအောင် ထုတ်လုပ်ထားတာဖြစ်ပါတယ်။

ဒီဆောင်းပါးကို ခနော ကြက်သားမှုန့်က ပံ့ပိုးကူညီပေးထားတာဖြစ်ပါတယ်။