အသုံးပြုပြီးပေမယ့် ပြန်လည်စိုက်ပျိုးနိုင်တဲ့ အပင်လေးတွေရှိပါတယ်။ မီးဖိုချောင်မှာ အသုံးပြုတဲ့ အသီးအရွက်တွေကို အချိန်သိပ်ယူစရာမလိုဘဲ အလွယ်တကူစိုက်ပျိုးလို့ရပါတယ်။
ကြက်သွန်မြိတ်
ကြက်သွန်မြိတ်ကို မြန်မာတို့ရဲ့ ဟင်းလျာတွေမှာ အဓိကအသုံးပြုကြပါတယ်။ ကြက်သွန်မြိတ်ကို အသုံးပြုပြီးရင်လည်း အလွယ်တကူ ပြန်လည်စိုက်ပျိုးလို့ရပါတယ်။ အမြစ်ကနေ တစ်လက်မလောက်လှီးလိုက်ပြီး ခွက်တစ်လုံးထဲထည့်ပါ။ ပြီးရင် ရေအနည်းငယ်ထည့်ပြီး အလင်းရောင်ကောင်းကောင်းရတဲ့ နေရာမှာထားပါ။
ကြက်သွန်ဖြူ
ကြက်သွန်ဖြူကို ဝယ်ပြီးကြာကြာထားရင် အညှောင့်လေးတွေဖြစ်လာတာ တွေ့ဖူးကြပါလိမ့်မယ်။ ကြကန်သွန်ဖြူမှာ အညှေင့်ထွက်လာရင် ခွက်ထဲထည့်ပြီး ရေအနည်းငယ်ထည့်ပါ။ အဲဒီအညှေင့်ကို အသုပ်သုပ်တဲ့နေရာ၊ Pasta လုပ်စားတဲ့နေရာနဲ့ တခြားဟင်းလျာတွေမှာ အသုံးပြုနိုင်ပါတယ်။
မုန်ညှင်းဖြူ (သို့) စိမ်း
မုန်ညှင်းဖြူအမြစ်ကို ခွက်တစ်လုံးထဲထည့်ပြီး ရေအပြည့်ဖြည့်ပါ။ ပြီးရင် အလင်းရောင်ကောင်းကောင်ရတဲ့နေရာမှာ ထားပါ။ တစ်ပတ်နှစ်ပတ်လောက်နေရင် အပင်ကို မြေကြီးထည့်ထားတဲ့ အိုးတစ်လုံးထဲရွှေ့စိုက်ပါ။ အပင်ရှင်သန်လာတာကို တွေ့ရမှာဖြစ်ပါတယ်။
မုန်လာဥနီ
မုန်လာဥနီထိတ်ပိုင်းကိုဖြတ်ပြီး ခွက်တစ်လုံးထဲထည့်ကာ ရေဖြည့်ပါ။ အဲဒီခွက်ကို အလင်းရောင်ကောင်းကောင်းရတဲ့ နေရာ (သို့) ပြတင်းပေါက်မှာထားပါ။ အသီးထိတ်ပိုင်းမှာ အညှောင့်ထက်လာမှာဖြစ်ပါတယ်။
တရုတ်နံနံပင်
တရုနံနံပင် အောက်ခြေကိုဖြတ်ပြီး ခွက်တစ်ခုထဲမှာထည့်ပါ။ ပြီးရင် ခွက်ထဲကိုရေလောင်းထည့်ပြီး နေရောင်ချည်တိုက်ရိုက်ရတဲ့နေရာမှာထားပါ။ အရွက်ထွက်လာပြီဆိုရင် မြေကြီးမှာပြောင်းစိုက်ပေးပါ။
ပင်စိမ်းရွက်
ပင်စိမ်းရွက်ကို ပုံမှာပြထားတဲ့အတိုင်း ၃ လက်မ ၄ လက်မလောက် ဖြတ်လိုက်ပြီး ရေပါတဲ့ခွက်ထဲထည့်ပါ။ နေရောင်ချည်တိုက်ရိုက်ရတဲ့နေရာထားပါ။ အပင်ကြီးလာပြီး ၂ လက်မလောက် ရှည်လာပြီဆိုရင် ခွက်တစ်လုံးထဲမှာ ပြောင်းစိုက်ပေးပါ။