မဂ္ဂနီဆီယမ်ဓာတ်တွေပါဝင်တဲ့ အစားအစာတွေကို စားသုံးပေးမယ်ဆိုရင်တော့ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုကို မြင့်တက်စေပါတယ်။ ဒါ့အပြင် အကြားအာရုံမြင့်တက်စေပြီး အရိုးအဆစ်တွေသန်မာစေပါတယ်။ သွေးအားနည်းရောဂါတွေမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပြီး အာရုံကြောစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။
အခြားကောင်ကျိုးတွေလည်း အများကြီးရှိသေးတာမို့ မဂ္ဂနီဆီယမ်ဓာတ်ပါတဲ့ အစားအသောက်တွေကို တစ်နေ့တစ်မျိုးစားသုံးပေးသင့်ပါတယ်။ ဒီတော့ မဂ္ဂနီဆီယမ်ဓာတ်တွေ ပေါများစွာပါဝင်နေတဲ့ အစားအစာ (၈) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။
ပဲအမျိုးမျိုး
ပဲတွေမှာ မဂ္ဂနီဆီယမ်ဓာတ်တွေပါဝင်လို့ စားသုံးပေးသင့်ပါတယ်။
အခွံမာသီး
အခွံမာသီးတွေမှာလည်း မဂ္ဂနီဆီယမ်ဓာတ်တွေများစွာပါဝင်လို့ နေ့တိုင်းစားသုံးပေးပါက ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
အစေ့များ
အစေ့အဆံတွေမှာလည်း မဂ္ဂနီဆီယမ်ဓာတ်တွေပါဝင်နေလို့ သင့်အနေနဲ့ သားရေစာအဖြစ်နဲ့ စားသုံးပေးနိုင်ပါတယ်။
အစိမ်းရောင်ဟင်းသီးဟင်းရွက်များ
အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေမှာ မဂ္ဂနီဆီယမ်ဓာတ်တွေ များပြားစွာပါဝင်လို့ နေ့တိုင်း ထမင်းနဲ့တွဲပြီး ဟင်းအဖြစ်နဲ့ စားသုံးပေးသင့်ပါတယ်။
Tea
Green Tea နဲ့ Black Tea တွေမှာ မဂ္ဂနီဆီယမ်ဓာတ်တွေ ပါဝင်နေလို့ သောက်သုံးပေးဖို့ သင့်တော်ပါတယ်။ ကော်ဖီနဲ့ ရိုးရိုးလက်ဖက်ရည်တွေသောက်မယ့်အစား ဒီလို Tea တွေကို သောက်သုံးပေးသင့်ပါတယ်။
ပင်လယ်စာ (Seafood)
ပင်လယ်စာတွေမှာလည်း မဂ္ဂနီဆီယမ်ဓာတ်တွေက များစွာပါဝင်နေပါတယ်။ ပင်လယ်စာကတော့ နေ့တိုင်းစားသုံးပေးဖို့ မသင့်တော်ပေမယ့် တစ်ပတ်တစ်ခါတော့ စားပေးလို့ရပါတယ်။ ပင်လယ်စာနဲ့မတည့်တဲ့သူတွေဆိုရင်တော့ လုံးဝမစားပါနဲ့။
ဟင်းခတ်အမွှေးအကြိုင်များ
ဟင်းခတ်အမွှေးအကြိုင်တွေမှာလည်း မထင်ထားလောက်အောင်ကို မဂ္ဂနီဆီယမ်ဓာတ်တွေ ပါဝင်နေပါတယ်။ ဒါကြောင့် ဟင်းချက်တိုင်းမှာ ထည့်သုံးပေးပါ။
တို့ဟူး
Soybean Milk နဲ့ ပြုလုပ်ထားတဲ့ တို့ဟူးတွေမှာက မဂ္ဂနီဆီယမ်ဓာတ်တွေ ပေါများစွာပါဝင်နေပါတယ်။ ဒါကြောင့် မဂ္ဂနီဆီယမ်ဓာတ်ပါတာကို စားသုံးချင်ရင် ဒီလိုတို့ဟူးမျိုးကို စားသုံးနိုင်ပါတယ်။
Photo Source: www.womensok.com







