ကိုယ်အလေးချိန်တက်နေလို့ စိတ်ညစ်နေပြီလား။ ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့် ၈ နာရီအတွင်းသာ အစား စားသောက်မှုနည်းစနစ်ကို စမ်းကြည့်လိုက်ပါ။ ၃ ပတ်အတွင်းမှာ ပေါင် ၂၀ ကနေ ၂၅ ပေါင်အတွင်း ဝိတ်ကျသွားမှာပဲဖြစ်ပါတယ်။

သိပ္ပံပညာရှင်များရဲ့ လေ့လာချက်များအရ ဒီစားသောက်မှုနည်းစနစ်က သွေးပေါင်ချိန်ကို လျော့ကျစေပြီး မကောင်းတဲ့ ကိုလက်စတောများကိုလည်း ချေဖျက်ပေးတဲ့အပြင် အင်ဆူလင်ပမာဏကိုလည်း ထိန်းညှိပေးပါသေးတယ်။

လေ့ကျင့်ခန်း ပင်ပင်ပန်းပန်းကြီး မပြုလုပ်နိုင်သူများအတွက် ဒီနည်းလမ်းလေးက ပေါ့ပေါ့ပါးပါးနဲ့ အလွယ်တကူပြုလုပ်နိုင်မယ့် နည်းလမ်းလေးပဲဖြစ်ပါတယ်။

ဝိတ်ချမယ်လို့ ဆုံးဖြတ်ပြီးသွားပြီဆိုရင်တော့ တစ်နေ့ကို တစ်နာရီအတွင်းမှာပဲ အစား စားဖို့ သတ်မှတ်ထားရပါတော့မယ်။ မနက် ၈ နာရီကနေ စ စားမယ်လို့ ဆုံးဖြတ်ထားရင် ညနေ ၄ နာရီ ဒေါင်ခနဲမြည်တာနဲ့ စားသောက်နေတာတွေ ရပ်လိုက်ရပါတော့မယ်။ မနက် ၈ – ညနေ ၄ နာရီက အရမ်းစောလွန်းနေတယ်ဆိုရင် မနက် ၁၀ နာရီမှ ၆ နာရီအတွင်း စားသုံးနိုင်ပါတယ်။

အဆင်သင့်ဖြစ်ပြီဆိုရင် Diet Plan လေး စတင်လိုက်ရအောင်။

အိပ်ရာနိုးလာတဲ့အခါ

မနက်အိပ်ရာထပြီဆိုတာနဲ့ Detox ဖျော်ရည်လေး သောက်နိုင်သလို Green Tea ဖြစ်ဖြစ် ကော်ဖီဖြစ်ဖြစ် သောက်သုံးနိုင်ပါတယ်။

မနက်စာ စားတဲ့အခါ

၁၀ နာရီထိုးတာနဲ့ မနက်စာ စားဖို့ပြင်ပါ။ သင့် မနက်စာအတွက် ရွေးချယ်စားသုံးနိုင်တဲ့ အစားအစာအတွဲအစပ်တွေကတော့ ဂျုံနဲ့ပြုလုပ်ထားတဲ့ အစားအစာတစ်မျိုးနဲ့ နွားနို့ (သို့) ငှက်ပျောသီး Smoothie နဲ့ ကိုက်လန် Smoothie (သို့) ကြက်ဥပြုတ်/ ကြက်ဥမွှေကြော်ကို ပေါင်မုန့်နဲ့ တွဲဖက်စားသုံးနိုင်ပါတယ်။

အကြိုနေ့လည်စာအတွက်

၁၁ နာရီ မိနစ် ၃၀ ခန့်မှာ အကြိုနေ့လည်စာ စားရပါမယ်။ ဒီအတွက်တော့ သခွားသီးနဲ့ ဖရဲသီးအသုပ်ကို စားသုံးနိုင်သလို အယ်လ်မွန်သီး ၄ ခုကိုလည်း သုံးဆောင်နိုင်ပါတယ်။

နေ့လည်စာအတွက်

၁၂ နာရီခွဲကနေ ၁ နာရီအတွင်းမှာ နေ့လည်စာ စားရပါမယ်။ နေ့လည်စာအတွက်တော့ ဟင်းရွက်ပါဝင်တဲ့ ငါးပေါင်းနဲ့ အဆီမပါတဲ့ ဒိန်ချဉ် (သို့) တူနာနဲ့ ဟင်းသီးဟင်းရွက်တို့ဖြင့် ပြုလုပ်ထားတဲ့ အသားညှပ်ပေါင်မုန့်ကို သစ်သီးဖျော်ရည်တစ်မျိုးနဲ့ တွဲဖက်စားသုံးပေးလိုက်ပါ။

နေ့လည်စာ စားပြီးတဲ့အခါ သရေစာ စားသုံးရန်အတွက်

၂ နာရီခွဲသွားတဲ့အခါ ချောကလက် ကိတ်မုန့် အလယ်အလတ်အရွယ်အစားခန့် တစ်လုံး စားသုံးပါ။ ဒါမှမဟုတ် ပန်းသီး တစ်လုံး (သို့) လိမ္မော်သီးတစ်လုံး စားသုံးနိုင်ပါတယ်။

ညနေစာ သရေစာအတွက်

အစားအစာတွေ နည်းနည်းချင်းစီ စားတဲ့အတွက်ကြောင့် ခဏခဏဗိုက်ဆာနေပါလိမ့်မယ်။ ဒါ့ကြောင့် ညနေစာ သရေစာ စားရပါမယ်။ ညနေ ၄ နာရီထိုးတဲ့အခါ ဝေဖာအနည်းငယ် (သို့) ပေါက်ပေါက်ဆုပ်အနည်းငယ် စားသုံးနိုင်ပါတယ်။

ညစာ စားသုံးရန်အတွက်

Sam Gye Tang (Korean Ginseng Chicken Soup)

၆ နာရီထိုးတဲ့အခါ ညစာ စားရပါတော့မယ်။ ညစာအတွက် ကြက်စွပ်ပြုတ်ကို ဟင်းသီးဟင်းရွက်တစ်မျိုးနဲ့ တွဲစားနိုင်သလို နွားနို့နွေးနွေးလေးတစ်ခွက်နဲ့ ကြက်သားပြုတ်တို့ သုံးဆောင်နိုင်ပါတယ်။

အခုဖော်ပြပေးသွားတဲ့ Diet Plan အတိုင်း နေ့တိုင်း လိုက်နာစားသုံးမယ်ဆိုရင်တော့ သုံးပတ်အတွင်း ဝိတ်ကျသွားမှာပဲဖြစ်ပါတယ်။

Source: stylecraze.com