ပန်းဂေါ်ဖီက စားကောင်းရုံတင်မကဘဲ ဗီတာမင်နဲ့ အာဟာရဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်ပါတယ်။ ကိုယ်ခံစွမ်းအားကို မြင့်တင်ပေးတဲ့ အမျှင်ဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်ပါသေးတယ်။

ပန်းဂေါ်ဖီကို စားသုံးခြင်းအားဖြင့် ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုးလေးတွေ ရရှိမလဲဆိုတော့

၁။ အဆစ်ရောင်ရောဂါအတွက် ကောင်းမွန်တယ်

Photo Source: www.medicalnewstoday.com

ပန်းဂေါ်ဖီမှာ ဗီတာမင် K နဲ့ Omega 3 ဖက်တိအက်စစ်တို့ ပါဝင်တဲ့အတွက်ကြောင့် အဆစ်အမြစ်ရောင်ရမ်းခြင်း၊ အဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းကို သက်သာစေပါတယ်။

၂။ အစာအိမ်အနာမဖြစ်အောင် ကာကွယ်ပေးတယ်

Photo Source: www.well-beingsecrets.com

ပန်းဂေါ်ဖီထဲမှာ ပါဝင်တဲ့ ဓာတ်တစ်မျိုးက အစာအိမ်မှာ ပြည်တည်နာ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ပန်းဂေါ်ဖီရဲ့ အမျှင်ဓာတ်က အစာအိမ်ရဲ့အူလမ်းကြောင်းကျန်းမာဖို့အတွက် ကူညီပေးပါတယ်။

၃။ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးတယ်

Photo Source: www.skgworld.us

ပန်းဂေါ်ဖီထဲမှာ Antioxidants တွေ ကြွယ်ဝစွာ ပါဝင်တဲ့အတွက် အရွယ်တင်နုပျိုချင်တဲ့ အမျိုးသမီးများ နေ့စဉ်မှီဝဲစားသုံးသင့်ပါတယ်။

၄။ ကင်ဆာရောဂါကို ကာကွယ်ပေးတယ်

Photo Source: www.mujerde10.com

သုတေသနလေ့လာချက်များအရ ပန်းဂေါ်ဖီထဲမှာ ကင်ဆာရောဂါများကို ကာကွယ်ပေးနိုင်တဲ့ ဒြပ်ပေါင်းများ မြင့်မားစွာ ပါဝင်ပါတယ်။ ပန်းဂေါ်ဖီကို စားသုံးခြင်းဖြင့် အူမကြီးကင်ဆာ၊ အစာအိမ်ကင်ဆာနဲ့ ရင်သားကင်ဆာဖြစ်ပွားနှုန်းကို လျော့ချပေးနိုင်ပါတယ်။

၅။ ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် သင့်လျော်တယ်

Photo Source: parenting.firstcry.com

ပန်းဂေါ်ဖီထဲမှာပါဝင်တဲ့ Vitamin B9 က ကိုယ်ဝန်ဆောင်မိခင်များ မီးဖွားရလွယ်ကူစေပါတယ်။

၆။ နှလုံးရောဂါမဖြစ်ပွားအောင် ကာကွယ်ပေးတယ်

Photo Source:www.radionz.co.nz

ပန်းဂေါ်ဖီထဲမှာ ပါဝင်တဲ့ ဒြပ်ပေါင်းတစ်မျိုးက ခန္ဓာကိုယ်ထဲမှာ ကိုလက်စထရောပမာဏ မြင့်မားနေခြင်းကို လျော့ချပေးပြီး နှလုံးရောဂါ ဖြစ်ပွားနိုင်ချေကိုလည်း ကာကွယ်ပေးပါတယ်။

၇။ ကိုယ်အလေးချိန် လျော့ချပေးတယ်

Photo Source: onlyglutenfreerecipes.com

ကယ်လီရီမပါဝင်တဲ့အတွက်ကြောင့် ကိုယ်အလေးချိန်လျော့ချချင်သူများအတွက် ဂေါ်ဖီသုပ်အဖြစ် စားသုံးသလို ဆီလျော့ပြီး ကြော်စားမယ်ဆိုရင်တော့ ကိုယ်အလေးချိန်ကျစေမှာပါ။

၈။ သွေးပေါင်ချိန်မှန်စေတယ်

Photo Source: www.everydayhealth.com

ပန်းကော်ဖီကို စားသုံးပေးခြင်းဖြင့် သွေးပေါင်တက်ခြင်း၊ သွေးပေါင်ကျခြင်းမှ ကာကွယ်ပေးပြီး သွေးပေါင်ချိန်မှန်အောင် ထိန်းညှိပေးပါတယ်။

၉။ ကိုယ်ခံအားကို မြှင့်တင်ပေးတယ်

Photo Source: www.independent.co.uk

ပန်းဂေါ်ဖီမှာ ဗီတာမင်နဲ့ အာဟာရဓာတ်များ ကြွယ်ဝစွာပါဝင်တဲ့ အတွက်ကြောင့် ခန္ဓာကိုယ်ရဲ့ ခုခံအားကို မြှင့်တင်ပေးပါတယ်။ ပင်ပန်းနွမ်းနယ်မှုကိုလည်း လျော့ချပေးပြီး အစာချေစနစ်ကောင်းမွန်အောင်လည်း ဆောင်ရွက်ပေးပါတယ်။ ဗီတာမင် ဘီ၊ မဂ္ဂနီဆီယမ်နဲ့ ပိုတက်ဆီယမ်ဓာတ်တွေက သွေးလှည့်ပတ်မှုနဲ့ အရိုးကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။