ဒီအချိန်ဆို နာနတ်သီးပေါ်တဲ့ရာသီမို့ နာနတ်သီးလေးတွေ နေရာအနှံ့လိုလို ရောင်းချနေတာတွေ့ရပါတယ်။ နာနတ်သီးဟာ အရသာရှိပြီး အဟာရဓာတ်ပြည့်ဝစွာပါဝင်လို့ လူကြိုက်များတဲ့အသီးတစ်မျိုးပါ။ နာနတ်သီးမှာပါဝင်တဲ့ ကျန်းမာရေးနဲ့ ဆေးဖက်ဆိုင်ရာအကျိုးကျေးဇူးတွေက အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးကိုကောင်းမွန်စေသလို၊ ချောင်းဆိုးခြင်း၊ အအေးမိခြင်းကိုလည်း သက်သာစေပါတယ်။

အစာချေစနစ်ကိုကောင်းမွန်စေပြီး ချိုပေမယ့် ဝိတ်မတက်စေတဲ့အသီးပါ။ အရိုးကိုသန်မာစေသလို ခံတွင်းကျန်းမာရေးအတွက်လည်း ကောင်းမွန်တယ်လို့ဆိုပါတယ်။ နာနတ်သီးစားပေးခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို မျှဝေပေးရမယ်ဆိုရင်တော့

ကိုယ်ခံအားစနစ်

see-what-happen-to-your-breasts-when-you-eat-pineapple-3-times-a-day

နာနတ်သီးတစ်လုံးမှာ လူတစ်ယောက်အတွက် တစ်နေ့တာလုံးမှာလိုအပ်တဲ့ ဗီတာမင် C ပမာဏကြွယ်ဝစွာပါဝင်ပါတယ်။ ကိုယ်ခံအားစနစ်ကို မြင့်တင်ပေးလို့ သင့်ကို ကျန်းမာသန်စွမ်းစေပါတယ်။

ကင်ဆာကာကွယ်ပေးခြင်း

နာနတ်သီးမှာ ဗီတာမင်A, Beta Carotene, Bromelain စတဲ့ Antioxidant တွေကြွယ်ဝစွာပါဝင်ပြီး မဂ္ဂနီဆီယမ်ဓါတ်လည်းကြွယ်ဝစွာပါဝင်လို့ ကင်ဆာရောဂါဖြစ်ပွားမှုကို ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။ အထူးသဖြင့် ခံတွင်းကင်ဆာ၊ လည်ချောင်းကင်ဆာနဲ့ ရင်သားကင်ဆာဖြစ်ပွားမှုကို ကာကွယ်ပေးပါတယ်။

အစာချေစနစ်

Is-It-Safe-To-Eat-Pineapple-During-Pregnancy-2

အမျှင်ဓာတ်တွေကြွယ်ဝစွာပါဝင်လို့ အစာချေစနစ်ကိုကောင်းမွန်စေပါတယ်။ ဒါ့ကြောင့် နာနတ်သီးကိုစားပေးမယ်ဆိုရင် ဝမ်းချုပ်တာ၊ ဝမ်းလျှောတာ ကိုကာကွယ်ပေးပါတယ်။ အူလမ်းကြောင်းကိုကျန်းမာစေပြီး သွေးဖိအားကိုလည်း ထိန်းထားပေးနိုင်ပါတယ်။

အရိုးကျန်းမာရေး

ကယ်လ်ဆီယမ်ဓာတ်ကြွယ်ဝစွာပါဝင်လို့ အရိုးကို ကျန်းမာကြံ့ခိုင်စေပါတယ်။

ခံတွင်းကျန်းမာရေး

Antioxidant Compound ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပြီး ခံတွင်းကို သန့်စင်ပေးလို့ ခံတွင်းရောဂါအမျိုးမျိးမှ ကင်းဝေးစေပါတယ်။ သွားဖုံးကိုလည်း ခိုင်ခံ့စေပါတယ်။

မျက်လုံးကျန်းမာရေး

you-eat-pineapple-but-you-have-probably-never-heard-of-this

အမြင်အာရုံဆိုတာ ကျွန်မတို့ လူသားတွေရဲ့ အရေးကြီးဆုံး အင်္ဂ ါအစိတ်အပိုင်းတ်စခုပါပဲ။ နာနတ်သီးဟာ အမြင်အာရုံကိုကောင်းမွန်စေပြီး အသက်ကြီးလို့ ဖြစ်လာတဲ့ အမြင်အာရုံေ၀ဝါးမှုကို နှောင့်နှေးစေပါတယ်။ Beta Carotene ပါဝင်လို့ အမြင်အာရုံဆိုင်ရာ ပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

သွေးဖိအား

နာနတ်သီးမှာ ပိုတက်ဆီယမ်ကြွယ်ဝစွာပါဝင်လို့ သွေးဖိအားများတဲ့သူတွေ စားပေးနိုင်တဲ့အသီးပါပဲ။ သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီး သွေးကြောလေးတွေကို သက်သောင့်သက်သာဖြစ်စေပါတယ်။

သိထားရမယ့်အချက်လေးတွေ

BKS049969_spiral-cutting-peeled-pineapple_Photo-by-Meredith

နာနတ်သီးကိုစားမယ်ဆိုရင်တော့ ယားတတ်တဲ့အဆူးလေးတွေကို သေချာဖယ်ပြီး ဆားနဲ့ အပြင်ပိုင်းကို လူးပေးပြီးစားပေးမယ်ဆိုရင် လျှာယားတာကိုလည်း သက်သာစေပါတယ်။ အလွန်အကျွံစားရင် လျှာလောင်တာမျိုးဖြစ်စေလို့ တချို့ အရမ်း sensitive ဖြစ်တတ်တဲ့သူတွေ လျှော့စားပေးပါ။ ကိုယ်ဝန်ရှိတဲ့အမျိုးသမီးတွေကတောာ့ နာနတ်သီးကိုရှောင်သင့်ပါတယ်။ Bromelain ပါဝင်မှုမြင့်မားလို့ အခန့်မသင့်ရင် ကိုယ်ဝန်ကိုထိစေနိုင်ပါတယ်။ အလွန်အကျွံစားရင် ခေါင်းကိုက်တာ ပျို့အန်တာ၊ ဝမ်းလျှောတာမျိုးဖြစ်စေလို့ အလွန်အကျွံမစားပါနဲ့နော်။