အရေးကြီးတဲ့ ပွဲတစ်ပွဲတက်စရာ ပေါ်လာတဲ့အခါ အင်္ကျီလှလှလေးဝတ်ရင်း ပိန်ပိန်သွယ်သွယ်လေးနဲ့ ကြည့်ကောင်းချင်ကြပါလိမ့်မယ်။ ဒါပေမဲ့ ကံဆိုးချင်တော့ သင်က အရင်တုန်းကလို မပိန်ဘူးဆိုရင် စိတ်ညစ်စရာပါပဲ။

လေးရက်အတွင်း ဝိတ်အမြန်ကျစေမယ့် လွယ်ကူရိုးရှင်းတဲ့ ဝိတ်ချနည်းတစ်ခုရှိတယ်ဆိုရင်ရော စိတ်ဝင်စားကြရဲ့လား။ အဲ့ဒါကတော့ နွားနို့သောက်ရင်း ငှက်ပျောသီးစားကာ ဝိတ်ချရမှာပဲဖြစ်ပါတယ်။

သင်က တစ်နေ့ကို ငှက်ပျောသီး ၂ လုံး၊ ၃ လုံး ခန့် စားသုံးရမှာဖြစ်ပြီး နွားနို့ ၂ ခွက် ၃ ခွက်ခန့်ကို တစ်နေ့ ၃ ကြိမ် သောက်ရမှာပဲဖြစ်ပါတယ်။

ငှက်ပျောသီး တစ်လုံးချင်းစီမှာ ကယ်လိုရီ ၁၀၀ ခန့် ပါဝင်ပြီး နွားနို့တစ်ဖန်ခွက်မှာတော့ ကယ်လိုရီ ၈၀ တောင် မကျော်ပါဘူး။ ဒါ့ကြောင့် တစ်နေ့ ၃ ကြိမ်ခန့် စားမယ်ဆိုရင်တောင် ကယ်လိုရီ ၁၀၀၀ ကျော်မှာမဟုတ်လို့ စိုးရိမ်စရာမလိုပါဘူး။ နွားနို့သောက်ပြီးမှ ငှက်ပျောသီး စားလို့လည်း ရသလို ငှက်ပျောသီး အရင်စားပြီးမှ နွားနို့သောက်လည်း ရပါတယ်။ ဒါမှမဟုတ် ငှက်ပျောသီးကို ကြိတ်ချေပြီး နွားနို့နဲ့ အတူတူရောသောက်လို့လည်း ရပါတယ်။

ငှက်ပျောသီးက ပေးစွမ်းတဲ့ အကျိုးကျေးဇူးများ

ငှက်ပျောသီးမှာ ဗီတာမင်နဲ့ သတ္တုဓာတ်များ၊ အမျှင်ဓာတ်များ၊ ပိုတက်စီယမ်ဓာတ်များ ကြွယ်ဝစွာပါဝင်ပါတယ်။ ငှက်ပျောသီးမှာ ပါဝင်တဲ့ အမျှင်ဓာတ်က ခန္ဓာကိုယ်ထဲမှာ စုပုံနေတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး သင့်ကို အချိန်အကြာကြီး ဗိုက်ပြည့်စေမှာပဲဖြစ်ပါတယ်။

နွားနို့က ပေးစွမ်းနိုင်တဲ့ အကျိုးကျေးဇူးများ

နွားနို့မှာ ပါဝင်တဲ့ ကယ်လ်စီယမ်နဲ့ ပရိုတင်းဓာတ်တို့က အရိုးအဆစ်နဲ့ ကြွက်သားများကို သန်မာစေပါတယ်။ ကယ်လ်စီယမ်က အရိုးအဆစ်များအတွက် အထူးကောင်းမွန်စေတဲ့အပြင် သွိုင်းရွိုက်ဟော်မုန်း ညီမျှစေဖို့ရန်အတွက်လည်း အကျိုးပြုပါတယ်။ ဒါ့အပြင် အဝမလွန်အောင်လည်း ထိန်းညှိပေးပါသေးတယ်။

နွားနို့နဲ့ ငှက်ပျောသီးကို အတူတကွ စားသုံးလိုက်တဲ့အခါမှာ ရရှိနိုင်မယ့် အကျိုးကျေးဇူးများ

နွားနို့နဲ့ ငှက်ပျောသီးက ရရှိတဲ့ အာဟာရဓာတ်က သင့်ကို ဝိတ်ကျစေမှာပဲဖြစ်ပါတယ်။ အချိန်အကြာကြီး ဗိုက်ပြည့်နေစေမှာဖြစ်ပြီး မကြာခဏ ဗိုက်ဆာခြင်း၊ ခဏခဏ အစားစားခြင်းကြောင့် ဝိတ်တက်စေမယ့် အန္တရာယ်မှလည်း ကာကွယ်ပေးမှာပဲဖြစ်ပါတယ်။

ဒါ့ကြောင့် ရက်ပိုင်းအတွင်း ဝိတ်အမြန်ကျချင်သူများအနေနဲ့ အခုဖော်ပြပေးခဲ့တဲ့ ငှက်ပျောသီးနဲ့ နွားနို့ကို သုံးဆောင်ကြည့်လိုက်ကြဖို့ အကြံပေးလိုက်ပါတယ်။

Source: stylecraze.com