ငှက်ပျောသီးက ခန္ဓာကိုယ်အတွက်အားရှိစေပြီး ကျန်းမာရေးအတွက်ဆိုရင်လည်း တကယ်ကိုအကျိုးရှိစေတယ်လို့ဆိုလို့ရပါတယ်။ အသီးအနှံတွေထဲမှာ အရသာအရှိဆုံးနဲ့ ကလေးတွေလည်းကြိုက်ကြတဲ့ အသီးအနှံလည်းဖြစ်ပါတယ်။ ဒီအသီးအနှံကို ပုံမှန်စားပေးမယ်ဆိုရင် ခန္ဓာကိုယ်မှာဖြစ်လာမယ့် အရာတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။

ကြွက်သားတွေကိုသန်မာလာစေပါတယ်

GYM ဆော့နေတဲ့သူတွေအတွက်တော့ သတင်းကောင်းတစ်ခုလို့ ပြောလို့ရပါတယ်။ ခန္ဓာကိုယ်ကြွက်သားတွေကိုလှပစေချင်လို့ Gym ဆော့နေပေမယ့် ကြီးထွားမှုကမမြန်နေဘူးလို့ ထင်နေရင်တော့ Gym ဆော့ပြီးတဲ့အချိန်တိုင်းမှာ ငှက်ပျောသီးတစ်လုံးကို စားပေးမယ်ဆိုရင် ပင်ပန်းတာတွေကိုလည်းလျော့နည်းစေမှာပဲဖြစ်ပါတယ်။

စိတ်ကိုလည်းလန်းဆန်းလာစေပါတယ်

လေ့လာမှုတွေအရ ငှက်ပျောသီးမှာပါဝင်နေတဲ့ ပိုတက်ဆီယမ်ဓာတ်တွေနဲ့ တစ်ခြားဗီတာမင်ဓာတ်တွေက ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေကိုပြည့်ဝစေဖို့ ကူညီပေးနိုင်ပြီး စိတ်ဓာတ်ကျနေတဲ့အချိန်တွေမှာလည်း သိသိသာသာ စိတ်ကိုပြန်လည်လန်းဆန်းလာစေနိုင်ပါတယ်နော်။

နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပါတယ်

အိပ်ယာဝင်ခါနီးအချိန်မှာ ငှက်ပျောသီးတစ်လုံးကို စားပေးမယ်ဆိုရင် ခန္ဓာကိုယ်မှာသွေးလှည့်ပတ်မှုတွေလည်း ကောင်းမွန်သွားစေပြီး ပေါ့ပါးသွားစေတာကြောင့် ညဘက်တွေမှာနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေမှာပါ။

အစားစာချင်စိတ်ကိုလျော့နည်းစေပါတယ်

ငှက်ပျောသီးကလည်း အာဟာရဓာတ်တွေပြည့်စုံနေတဲ့ အသီးအနှံဖြစ်တာကြောင့် တစ်ခါစားလိုက်ရုံနဲ့ ဗိုက်ကိုလည်းပြည့်ဝစေတာကြောင့် နောက်ထပ်စားစရာကို စားချင်စိတ်လည်းသိပ်ပြီးတော့ မဖြစ်စေနိုင်တော့ပါဘူး။

အစာချေစနစ်ကိုလည်းကောင်းမွန်စေပါတယ်

ငှက်ပျောသီးကို ပုံမှန်စားပေးမယ်ဆိုရင် အစာချေစနစ်ကိုလည်းကောင်းမွန်စေပြီး ဝမ်းကိုလည်းမှန်စေပါတယ်။ လူတစ်ယောက်ကနေ့တိုင်းဝမ်းပုံမှန်သွားပေးနေမှ ကျန်းမာရေးကိုလည်း ကောင်းမွန်စေတာကြောင့် တစ်နေ့ကိုတစ်လုံးလောက်တော့ ပုံမှန်စားပေးဖို့ လိုအပ်ပါလိမ့်မယ်နော်။

Photo Source: Pinterest