မိမိအိမ်သန့်ရှင်းရေးနဲ့ အလှအပအတွက် ဈေးနှုန်းသက်သက်သာသာနဲ့ အသုံးပြုလို့ရမယ့်နည်းလမ်းတွေကို အိမ်ရှင်မတိုင်း သဘောကျနှစ်ခြိုက်ကြမှာပါ။ ဒီအတွက် မုန့်ဖုတ်ဆိုဒါရဲ့ အသုံးဝင်ပုံတွေကို မျှဝေပေးချင်ပါတယ်။
ရေချိုးခန်းနဲ့ မီးဖိုချောင်ကြမ်းပြင်တွေကို သန့်ရှင်းရေးလုပ်မယ်
မုန့်ဖုတ်ဆိုဒါဟာ ဆီတွေစွန်းနေတဲ့ နေရာကို အကောင်းဆုံးသန့်စင်ပေးနိုင်ပါတယ်။ မုန့်ဖုတ်ဆိုဒါကို အုန်းဆီ(သို့) အသီးအနှံကရတဲ့ Essential Oil တစ်မျိုးမျိုးရယ်၊ သံပုယိုသီး (သို့) သံပုရာသီးအရည် အနည်းငယ်ရောပြီး ဆီစွန်းနေတဲ့နေရာ အညစ်အကြေးတွေ စွန်းနေတဲ့နေရာမှာ မိနစ်အနည်းငယ် လောက်ထားပေးပါ။ ပြီးရင် သန့်ရှင်းရေးလုပ်လိုက်ပါ။
အင်းဆက်ပိုးမွှားတွေကိုက်တာကို ဖြေရှင်းပေးတဲ့မုန့်ဖုတ်ဆိုဒါ
ခြင်ကိုက်တာပဲဖြစ်ဖြစ် တခြားအင်းဆက်ပိုးမွှာတွေကိုကလို့ ဖုရောင်တာလာပဲဖြစ်ဖြစ် မုန့်ဖုတ်ဆိုဒါကိုလိမ်းပေးလို့ရပါတယ်။ မုန့်ဖုတ်ဆိုဒါကို ရေနည်းနည်းရောပြီး ပျား (သို့) ခြင်းကိုကထားတဲ့နေရာမှာ လိမ်းပေးထားပါ။၂ နာရီ ၃ နာရီလောက်သိပ်ပေးထားပြီး ရေဆေးချပါ။
အိုးတွေမှာ ဆီစွန်းနေတာကိုလည်း ဖယ်ရှားပေးနိုင်တဲ့ မုန့်ဖုတ်ဆိုဒါ
အိုး၊ခွက်၊ပန်းကန်တွေမှာ ဆီစွန်းနေလို့ ချောကျိကျိဖြစ်နေတာကို မုန့်ဖုတ်ဆိုဒါရယ် သံပုရာရည်အနည်းငယ်ရောပြီး ပွတ်တိုက်ပေးလိုက်ပါ။
ခြေထောက်အလှအပအတွက်
ခြေထောက်အလှအပအတွက် အသုံးပြုနိုင်ပါတယ်။ မုန့်ဖုတ်ဆိုဒါရယ် ရေနွေးရယ်ရောပြီး ခြေထောက်ကို သန့်ရှင်းရေးလုပ်ပေးနိုင်ပါတယ်။ ဒါမှမဟုတ် မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၆ ဇွန်းရယ် ၊ ရှာလကာရည်အနည်းငယ်ရယ်၊ ရေနွေးရယ်ရောပြီး စိမ်ပေးထားလို့ရပါတယ်။
သွားတွေကိုဖြူဝင်းစေတဲ့ မုန့်ဖုတ်ဆိုဒါ
သွားလေးတွေကို ဖြူဝင်းနေစေဖို့ မုန့်ဖုတ်ဆိုဒါကို သွားတိုက်ဆေးအနေနဲ့ အသုံးပြုလို့ရပါတယ်။ မုန့်ဖုတ်ဆိုဒါနဲ့ ဆားနဲ့ကို ၆:၁ ရောပြီး သွားတိုက်ပေးပါ။
နေလောင်ကွက်တွေကို ပျောက်ကင်းစေမဲ့ မုန့်ဖုတ်ဆိုဒါ
နေလောင်ကွက်တွေကို သက်သာပျောက်ကင်းစေဖို့ မုန့်ဖုတ်ဆိုဒါကိုအသုံးပြုလို့ရပါတယ်။ မုန့်ဖုတ်ဆိုဒါ ခွက်အပြည့်ကို ကိုယ်ချိုးမဲ့ ရေချိုးကန်ထဲထည့်ပြီး ချိုးပေးပါ။ တဘက်နဲ့မသုတ်ဘဲ လေနဲ့ အခြောက်ခံပါ။