ငှက်ပျောတစ်ပင်လုံးဟာ လူတွေအတွက်တော့ အတော် အသုံးဝင်တယ်လို့ ပြောရပါမယ်။ အသီးစားလို့ ရသလို ပင်စည်နဲ့ အဖူးပါ စားလို့ ရပါသေးတယ်။ အရွက်ကတော့ ဟင်းထုတ် ထုတ်တဲ့ နေရာတွေမှာသုံးသလို မြန်မာ့အစားအစာ မုန့်တွေကို ထုပ်တဲ့ နေရာမှာလည်း သုံးပါသေးတယ်။ ငှက်ပျောဖူးဟာ ငှက်ပျောသီးရဲ့ မူလရင်းမြစ်ပါ။ သူ့မှာ အမျှင်ဓာတ်၊ ပရိုတိန်၊ ပိုတက်ဆီယမ်၊ ကယ်ဆီယမ်၊ ကော့ပါး၊ ဖော့စဘရိတ်၊ အိုင်းယွန်း၊ မက်ကနီဆီယမ် နဲ့ ဗီတာမင် အီး ဓာတ်တွေ ပါဝင်ပါတယ်။

ဒီလှပတဲ့ ပန်းပွင့်လေးဟာ ချက်စားလို့ရသလို၊ အစိမ်း သုပ်စားလည်း ရပါတယ်။ တချို့ကတော့ အချဉ်တည်ပြီးမှ သုပ်စားကြပါတယ်။ ငှက်ပျောဖူးချဉ်သုပ်ဟာ စားလို့ သိပ်မြိန်တဲ့ ဟင်းတစ်ခွက်ပါ။ ပဲဟင်းချိုလေးနဲ့ဆို သိပ်လိုက်ဖက်ပါတယ်။ ဒီလို အသုံးဝင်တဲ့ ငှက်ပျောဖူးမှာ လူတွေအတွက် ကောင်းကျိုးတွေ ရှိနေပါတယ်။

၁။ ဆီးချိုသမားတွေ အတွက် အကောင်းဆုံး အစားအစာ

လေ့လာတွေ့ရှိချက် အရ ငှက်ပျောဖူး စားခြင်းဟာ ဆီးချိုသမားတွေရဲ့ အယ်ဆူလင်ကို ချစေတယ်လို့ ဆိုပါတယ် ဒါပေမယ့် ဆေးပညာ အရတော့ အခုထိ အတည်ပြုချက် မရသေးဘူးလို့ ဆိုပါတယ်။

၂။ စိတ်ဖိအားတွေကို ချေဖျက်နိုင်

ငှက်ပျောဖူးမှာ မက်ကနီဆီယမ် ဓာတ်တွေ အများကြီး ပါဝင်တဲ့ အတွက် စိတ်ဖိအားတွေကို လျော့ကျစေနိုင်ပြီး ဦးနှောက်ကို လန်းဆန်းစေနိုင်ပါတယ်။

၃။ Antioxidants တွေက မကောင်းတဲ့ ဆဲလ်တွေကို ဖယ်ရှားပေးတယ်

Banana Flower

Free Radicals (ခနာကိုယ်ထဲမှာ ရှိတဲ့ ပရိုတိန်းနဲ့တခြားကောင်းမွန်တဲ့ အရာတွေကို ဖျက်စီးဆဲ့ အဆိပ်) တွေဟာ ကောင်းမွန်တဲ့ ဆဲလ်တွေကို တိုက်ခိုက်ပြီး ပျက်စီးစေပါတယ်။ ဒါဟာ နှလုံးရောဂါ၊ ကင်ဆာနဲ့ အိုမင်းရင့်ရော်ခြင်းကို ဖြစ်စေတာပါ။ ငှက်ပျောဖူးမှာ ပါဝင်တဲ့ Antioxidants ဟာ ဒီလို ဖြစ်စဉ်တွေကို မဖြစ်ပွားဖို့ ကာကွယ်ပေးပါတယ်။

၄။ အစာချေဖျက်တဲ့ စနစ်ကို ကောင်းမွန်စေတယ်

ငှက်ပျောဖူးဟာ အစာချေဖျက်တဲ့ စနစ်ကို ချော့မွေ့စေပါတယ်။

၅။ ကူးစက်ရောဂါတွေကို ဟန့်တားပေးတယ်

ငှက်ပျောဖူးဟာ ရောဂါပိုးမွှားတွေ ကြီးထွားမှုကို ဟန့်တားပေးနိုင်ပါတယ်။ ဒါကြောင့် ကူးစက်ရောဂါတွေ အလွယ်တကူ မဖြစ်စေပါဘူး။

၆။ နို့တိုက် မိခင်တွေ အတွက် ကူညီပေးပါတယ်။  နို့တိုက်မိခင်တွေ အတွက် နို့ရည် များများ ထွက်ဖို့ အကူအညီပေးပါတယ်။

Credit: India time