ငှက်ပျောသီး စားခြင်းဟာ ကိုယ်အလေးချိန် ထိန်းနေစဉ်မှာတောင် စားလို့ ရနေတာဟာ ကံကောင်းတယ်လို့ ဆိုရပါမယ်။ ငှက်ပျောသီးဟာ ဗိုက်ပြည့် လွယ်ပြီး အာဟာရလည်း ဖြစ်စေတာမို့ အစားရှောင်နေတဲ့ ကာလတွေမှာ စားလို့ရတဲ့ အသီးအနှံထဲ ပါဝင်ပါတယ်။ သူ့မှာပါတဲ့ အမျှင်ဓာတ်နဲ့ ပိုတက်စီယမ်ဟာ အကျိုးပြုစေပြီး မကောင်းတဲ့ အဆီတွေကို လောင်ကျွမ်းစေနိုင်ပါတယ်။
တစ်ခါတရံ လူတွေရဲ့ အစာအိမ်ဟာ အစားတွေကို မဆင်မခြင် စားရာကနေ တဖြည်းဖြည်း ကျယ်လာစေတယ်လို့ ခံစားမိကြမှာပါ။ အစားအစာ တွေကို စနစ်တကျ ပြန်စားပေးလိုက်ရင်တော့ အစာနဲနဲ ပိုစားမိတာနဲ့ ဗိုက်ပြည့်အင့်သွားတတ်တာ သတိထားမိကြမှာပါ။ ငှက်ပျောသီးဟာ အစာအိမ်ကို ပုံမှန်အတိုင်း ဖြစ်စေပြီး မကောင်းတဲ့ အဆီတွေကို ဖယ်ပေးဖို့ အတွက် ကူညီပေးပါတယ်။
ငှက်ပျောသီးဖျော်ရည်ဟာ လွယ်ကူပါတယ်။ Blender တစ်လုံး ရှိဖို့တော့ လိုပါတယ်။ ပါဝင်ပစ္စည်းတွေကတော့
– ငှက်ပျောသီးတစ်လုံး
– လိမ္မော်သီး တစ်လုံး
– အဆီမပါတဲ့ ဒိန်ချဉ် 1/2 ခွက်
– ဂျင်းအနည်းငယ်
– အုန်းအဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ပြုလုပ်ပုံ
ပါဝင်ပစ္စည်းတွေ အားလုံးကို Blender ထဲ ထည့်ပြီး ရောမွှေ့ပါ။ ၁မိနစ်လောက် မွှေ့ပြီးရင် ရပါပြီ။ အရသာ ရှိပြီး အဆီတွေကို လောင်ကျွမ်းစေမယ့် ဖျော်ရည်လေးကို အိမ်မှာပဲ စမ်းသပ်ကြည့်ရအောင်ပါ။
Ref: tophealthypage