တခါတလေ ညအိပ်ရာဝင်ခါနီးမှာ ဗိုက်ဆာတတ်ပါတယ်။ တစ်ခုခုစားရင်လည်း ဝိတ်တက်မှာလည်းစိုး၊ မစားရင်လည်း ဗိုက်ဆာလို့ အိပ်မရဖြစ်နေသူတွေအတွက် အဆီတွေကို လောင်ကျွမ်းပြီး အိပ်ကောင်းစေမယ့် အဆာပြေ အစားအစာများကို တင်ဆက်ပေးချင်ပါတယ်။

ချယ်ရီသီး ဖျော်ရည်

3

ညမအိပ်ခင် ဗိုက်ဆာတယ်ဆိုရင်တော့ ချယ်ရီသီးကို ဖျော်စက်နဲ့ ဖျော်ပြီး ဖျော်ရည်လုပ်သောက်လိုက်ပါ။ သူ့မှာ အဆီတွေကို လောင်ကျွမ်းစေတဲ့ ဓာတ်တွေပါဝင်ပြီး အိပ်ကောင်းစေတဲ့ Melatonin ဓာတ်လည်းပါဝင်ပါတယ်။

ချယ်ရီသီး ဖျော်ရည်ကို Almond သီး အနည်းငယ်၊ အဆီထုတ်ထားတဲ့ နွားနို့ နဲ့ရောပြီး သောက်သုံးနိုင်ပါတယ်။

သစ်ချသီး နှင့် ကွေကာအုပ်

481114288_XS

ကွေကာအုပ်ကို ကျိုပြီး သစ်ချသီး နဲ့ တွဲဖက်စားသုံးသင့်ပါတယ်။ ကွေကာအုပ်မှာလည်း ချယ်ရီသီးလိုဘဲ Melatonin ဓာတ်ပါဝင်တာကြောင့် အိပ်လို့ကောင်းမှာဖြစ်ပါတယ်။ သူတို့မှာ Omega-3 Fatty အက်ဆစ်ပါတာကြောင့် အဆီဓာတ်တွေ လျော့ချပေးပြီး အဝလွန်ရောဂါကို ကာကွယ်ပေးပါတယ်။ အဲ့ဒီအပြင် အမျှင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် အဆီတွေ လျော့ချပေးပါတယ်။

ကွေကာအုပ် ကို ခွက်ရဲ့ ၄ ပုံ၁ ပုံကို သစ်ချသီး ၂ ခု ၃ခုလောက်ကို တောက်တောက်ဆင်းပြီး စားပါ။

ငှက်ပျောသီး နှင့် မြေပဲ ထောပတ်

6cb6fc30-6f6a-4b4c-a0a3-4d328c9ca7f2

ငှက်ပျောသီးကို အတုံးလေးတွေ လှီးပြီး မြေပဲ ထောပတ် ရောစားရင် အိပ်ကောင်းပြီး ကိုယ်အလေးချိန်လည်း အရမ်းတက်မှာမဟုတ်ပါဘူး။

ဒီအစားအစာမှာ အမျှင်ဓာတ်တွေအများကြီးပါဝင်တာကြောင့် အစာချေစနစ်ကို အားကောင်းစေပြီး ကိုယ်အလေးချိန် အများကြီး မတက်စေပါဘူး။ နှလုံး ကျန်းမာရေးအတွက် သင့်လျော်တဲ့ အဆီဓာတ်တွေပါဝင်ပါတယ်။

ငှက်ပျောသ်ီးမှာ ပိုတက်ဆီယမ် ဓာတ်တွေ အများကြီး ပါဝင်ပါတယ်။

Green Tea

1

ကိုယ်အလေးချိန်ကျဖို့အတွက်ကတော့ Green Tea က တကယ့် စူပါ အစားအစာပါဘဲ။ သူ့မှာ သကြားဓာတ်မပါဝင်ဘူး၊ ကယ်လိုရီလည်း မပါဝင်တဲ့အပြင် ဇီဝကမ္မဖြစ်စဉ်တွေကိုလည်း အားကောင်းအောင် လုပ်ဆောင်ပေးပါတယ်။ဒါပေမယ့် သူ့မှာ ကဖိန်းဓာတ်အနည်းငယ်ပါဝင်တာကြောင့် ညအိပ်ပျော်ဖို့ ခက်ခဲတဲ့သူတွေကတော့ မသောက်သင့်ပါဘူး။

Green Tea လေးကို အဆီထုတ်ထားတဲ့ နွားနို့အနည်းငယ်ရောပြီး ဒါမှမဟုတ် ချယ်ရီသီး ၊ Almond သီးတို့နဲ့လည်း ရောပြီး သောက်လို့ရပါတယ်။