ဝမ်းဗိုက်ကအဆီပိုများက အလှအပအတွက်လည်း အနှောင့်အယှက်တစ်ခုဖြစ်စေနိုင်သလို ကျန်းမာရေးအတွက်လည်း မကောင်းမွန်ပါဘူး။ ဝမ်းဗိုက်အဆီက ဆီးချိုရောဂါ၊ နှလုံးရောဂါ စတဲ့ ရောဂါတွေနဲ့ ဆက်စပ်နေတတ်ပါတယ်။

ထိုဝမ်းဗိုက်က အဆီပိုများကို ဖယ်ရှားဖို့အတွက်ဆိုရင် လေ့ကျင့်ခန်းများ မှန်မှန်ပြုလုပ်ပေးဖို့လိုအပ်ပါတယ်။ သင့်အနေနဲ့ လေ့ကျင့်ခန်းပြုလုပ်ပေးဖို့ မအားလပ်ဘူးဆိုရင်တော့ ဝမ်းဗိုက်ကအဆီပိုများကို လောင်ကျွမ်းစေပြီး ဝမ်းဗိုက်ပြားချပ်စေမယ့် အစားအစာများကို မှန်မှန်စားသုံးသင့်ပါတယ်။

ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်းက အဝလွန်ခြင်းမှအစ ရင်သားကင်ဆာရောဂါ ဖြစ်ပွားခြင်းမှအဆုံး ရောဂါအမျိုးမျိုးကို ကာကွယ်ပေးနိုင်ပါတယ်။ ဆီးချိုရောဂါသမားများအနေနဲ့ ပန်းဂေါ်ဖီစိမ်းကို စားသုံးပေးမယ်ဆိုရင် အင်ဆူလင်ခုခံနိုင်စွမ်းကို တိုးမြှင့်ပေးနိုင်တယ်လို့ ကျွမ်းကျင်ပညာရှင်များက ယုံကြည်ကြပါတယ်။

ဒိန်ချဉ်

ဒိန်ချဉ်ထဲမှာ သင့်ရဲ့အူလမ်းကြောင်းကျန်းမာရေးကို အထောက်အပံ့ပေးနိုင်တဲ့ ကောင်းတဲ့ဘက်တီးရီးယားများ ပါဝင်ပါတယ်။ သိပ္ပံပညာရှင်များရဲ့လေ့လာချက်အရ ဒိန်ချဉ်မှန်မှန်စားသုံးတဲ့ အမျိုးသမီးများက ဒိန်ချဉ် မစားတဲ့အမျိုးသမီးထက်စာရင် ကိုယ်အလေးချိန်အကျ မြန်တယ်လို့ သိရှိရပါတယ်။

ဟင်းနုနွယ်နှင့် အခြားအစိမ်းရောင်ဟင်းသီးဟင်းရွက်များ

ဟင်းနုနွယ်၊ ကိုက်လန်၊ မုန်ညှင်း၊ ပန်းဂေါ်ဖီစိမ်း စတဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်များမှာ ဗီတာမင်၊ သတ္တုဓာတ်၊ အမျှင်ဓာတ်များနဲ့ Antioxidants များ ကြွယ်ဝစွာပါဝင်ပါတယ်။ ထိုဟင်းသီးဟင်းရွက်များက အစာချေစနစ်ကို ကောင်းမွန်စေပြီး ဝမ်းဗိုက်ကအဆီပိုများကိုလည်း ဖယ်ရှားပေးပါလိမ့်မယ်။

ငါးများ

ပရိုတင်းဓာတ်နဲ့ အိုမီဂါသရီး ဖက်တိအက်ဆစ်ဓာတ် အရင်းအမြစ်များကို ငါးများ စားသုံးခြင်းမှ ရရှိနိုင်ပါတယ်။ ပရိုတင်းဓာတ်များက ကြွက်သားများကို ကြီးထွားဖွံ့ဖြိုးစေပြီး အိုမီဂါသရီး ဖက်တိအက်ဆစ်ကတော့ ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။

အုန်းဆီ

အုန်းဆီစစ်စစ်က HDL လို့ခေါ်တဲ့ ကောင်းတဲ့ကိုလက်စတောပမာဏကို မြှင့်မားစေပါတယ်။ ဟင်းချက်တဲ့အခါ စားသုံးဖို့အတွက် ထုတ်လုပ်ထားတဲ့ အုန်းဆီ အသုံးပြုမယ်ဆိုရင်တော့ သင့်ဝမ်းဗိုက်ကအဆီပိုများ တဖြည်းဖြည်းလျော့ကျသွားတာကို တွေ့မြင်ရပါလိမ့်မယ်။

Source: Stylecraze.com