ဗိုက်အဆီကျနေရင် ခါးတုတ်ကိုတုတ်ပါတယ်။ ဒါကြောင့် ခါးသေးချင်ရင် ဗိုက်အဆီကျအောင် အရင်လုပ်ရပါမယ်။ ဗိုက်အဆီကျရင် ခါးလည်း သေးသွားမှာပါ။ ဒါကြောင့် ဗိုက်အဆီကျပြီး ခါးသေးသွားစေဖို့ ကူညီပေးမယ့် အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။ တစ်ရက်၊ နှစ်ရက်၊ တစ်ပတ်လောက်လေး စားရုံနဲ့တော့ ကျသွားမှာ မဟုတ်ပါဘူး။ အကျင့်လုပ်ပြီး အမြဲတမ်း ဒီအစားအစာတွေထဲက တစ်မျိုးမျိုးကို များများစားပေးရမှာပါ။

သစ်သီးများများစားပါ

ငါးမှာက ပရိုတင်းဓာတ်နဲ့ အဆီဓာတ်ပါဝင်တဲ့အတွက် ငါးများများစားပါ။

အပျင်းပြေစားဖို့ဆိုရင် အဆီတက်စေမယ့် အစားအသောက်တွေမစားပဲ Almonds တို့၊ Nuts တို့ကို ၅ စေ့လောက် စားပေးပါ။

ဟင်းနုနွယ်နဲ့ အစိမ်းရောင်ရှိတဲ့ဟင်းသီးဟင်းရွက်တွေကို များများစားပါ။

ထမင်းမစားချင်ရင်ပဲဖြစ်ဖြစ်၊ ထမင်းစားလို့ အဆီတက်မှာကြောက်ရင်ပဲဖြစ်ဖြစ် ညနေဘက်ကို Oatmeal စားပေးပါ။ ဗိုက်ဆာတဲ့အခါမှာလည်း စားပေးလို့ရပါတယ်။

အချိုကြိုက်ရင် သရေစာမုန့်အဖြစ် အချိုတည်းဖို့ Peanut Butter စားပါ။

အလက်ဂျစ်မရှိရင် မှိုများများစားပေးပါ။

ညနေဘက်ထမင်းမစားချင်ရင် စွပ်ပြုတ်သောက်ပေးပါ။

ကြက်ဥပြုတ်စားပါ။ အနှစ်ကိုမစားပဲ အကာပဲစားပါ။

ပန်းဂေါ်ဖီစိမ်းကို များများစားပါ။

ဒိန်ချဉ်တစ်နေ့တစ်ခွက်သောက်ပါ။

စိမ်းပြာရေညှိ (Spirulina) ကိုလည်း စားသုံးနိုင်ပါတယ်။

Source: www.stylecraze.com