ပြောင်းဖူးစားတိုင်း ပြောင်းဖူးမွေးကိုစားဖို့ မတွေးမိပါဘူး။ စာဖတ်သူတို့ကော ပြောင်းဖူးမွေးကို လွင့်ပစ်တတ်လား။ ဒါဆိုရင်တော့ သူ့ရဲ့ အကျိုးကျေးဇူးတွေကို ဖတ်ကြည့်လိုက်ပါနော်။
ကျောက်ကပ်ကျောက်တည်မှု
ပြောင်းဖူးမွေးဟာ ကျောက်ကပ်ကောျက်တည်မှုဖြစ်ပွားတာကို ကာကွယ်ပေးပါတယ်။
သွေးခဲခြင်း
ပြောင်းဖူးမွေးမှာ ဗီတာမင်K ကြွယ်ဝစွာပါဝင်လို့ သွေးခဲတာတွေအတွက် အထူးကောင်းမွန်ပါတယ်။
သွေးတွင်းသကြားဓါတ်
ပြောင်းဖူးမွေးဟာသွေးတင်းသကြားဓါတ်ကို ထိန်းချုပ်ပေးနိုင်ပါတယ်။ သရက်ရွက်အတွင်းမှာ ပျက်ဆီးနေတဲ့ ဆဲလ်တွေကို ပြန်လည်ပြုပြင်ပေးပြီး အင်ဆူလင်ပမာဏကိုမြင့်တက်စေတာကြောင့် ဆီးချိုသမားတွေ စားသုံးသင့်ပါတယ်။
ကိုလက်စထရော
ခန္တာကိုယ်အတွင်းမှာ မလိအပ်တဲ့ ကိုလက်စထရောတွေကို ဖယ်ရှားပေးပါတယ်။ ကိုလက်စထရောပမာဏများတာဟာ နှလုံးရောဂါဖြစ်နိုင်ပါတယ်။
ပြောင်းဖူးမွေးကိုဘယ်လိုစားမလဲ
ပြောင်းဖူးမွေးကိုဒီအတိုင်းတော့ စားလို့မရပါဘူး။ ရေနွေးဆူဆူသည်ပြီး ပြောင်းဖူးမွေးအနည်းငယ်ထည့်လိုက်ပါ။
ပြီးရင် အေးအောင်ထားပါ။ သံပုယိုသီးကို အရည်ညှစ်ပြီးအဲဒီထဲထည့်ပါ။ ပြီးရင် အဲဒီအရည်ကို သောက်သုံးပါ။
နောက်တစ်နည်းကတော့
ပြောင်းဖူးမွှေးကို ရေအပြည့်ထည့်ထားတဲ့ ခရားထဲထည့်ပြီးနေရောင်ချည် တိုက်ရိုက်ရတဲ့နေရာမှာ တစ်နေ့လောက်ထားပါ။ ပြီးရင် ပျားရည်အနည်းငယ်ထည့်ပြီး သောက်သုံးပါ။
အမွေးကိုတော့ ဒီအတိုင်းမစားပါနဲ့။ ရေဆစ်ပြီး ရေကိုသာသောက်ပါ။
Source: omigy.com