သစ်သီးဖျော်ရည်များကို သောက်သုံးခြင်းက ကောင်းမွန်တဲ့ အလေ့အကျင့်ကောင်းတစ်ခုပါပဲ။ မနက်စာ စားတဲ့အခါ တွဲဖက်သောက်သုံးချင်သလား၊ ဒါမှမဟုတ် ရေဆာတဲ့အချိန်မှာပဲ သောက်သောက် လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်တစ်ခွက်က စွမ်းအင်နဲ့ စိတ်ခံစားချက်ကို မြှင့်တင်ပေးနိုင်ပါတယ်။

ဒါ့အပြင် သစ်သီးဖျော်ရည်လေးတွေက အသားအရေအလှအပအတွက်လည်း သင့်တော်ပါတယ်။ ကမ္ဘာပေါ်ရှိ သစ်သီးအမြောက်အမြားရှိတဲ့အထဲကမှ လိမ္မော်သီး၊ လိုင်ချီးနဲ့ မန်ကျည်းဖျော်ရည်သုံးမျိုးကို သောက်သုံးခြင်းကြောင့် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်မလဲ။

အရင်ဆုံး လိမ္မော်ဖျော်ရည်ကြိုက်တဲ့သူတွေအတွက် လိမ္မော်ဖျော်ရည်ရဲ့ ကောင်းကျိုးလေးတွေကို အရင်ပြောပြချင်ပါတယ်။

လိမ္မော်ဖျော်ရည်က ဗီတာမင် စီ ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပါတယ်။ ဒါ့အပြင် လိမ္မော်သီးထဲမှာ ကယ်လ်စီယမ်ဓာတ်လည်း ပါဝင်လို့ အရိုးကျန်းမာရေးအတွက်လည်း အထောက်အကူပြုပါသေးတယ်။ ကိုယ်အလေးချိန်လျော့ချချင် သူတွေအနေနဲ့ ကယ်လိုရီဓာတ်ပါဝင်မှုနည်းပြီး အဆီဓာတ်လုံးဝမပါဝင်တဲ့ လိမ္မော်ဖျော်ရည်ကို နေ့စဉ်သောက်သုံးသင့်ပါတယ်။ ဒါ့အပြင် Antioxidants နဲ့ ဗီတာမင် စီ ကြွယ်ဝစွာပါဝင်တာကြောင့် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်း၊ အရေးကြောင်းများ ဖြစ်ခြင်းမှ ကာကွယ်ပေးပြီး အသားအရေကို နုပျိုစိုပြေ ဝင်းပစေပါတယ်။

လိုင်ချီးကို နေ့စဉ်သောက်သုံးခြင်းကြောင့် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်ပါသလဲ

လိုင်ချီးမှာ အမျှင်ဓာတ်တွေကြွယ်ဝတဲ့အတွက်ကြောင့် ဝမ်းချုပ်ခြင်းနဲ့ ဝမ်းဗိုက်ပြဿနာများမှ ကင်းဝေးစေပြီး အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။ လိုင်ချီးမှာလည်း ဗီတာမင်စီ ကြွယ်ဝတဲ့အတွက်ကြောင့် ခန္ဓာကိုယ်ထဲရှိ သွေးဖြူဥရဲ့ လုပ်ငန်းစဉ်များကို ကောင်းမွန်စွာ အလုပ်လုပ်ဆောင်နိုင်အောင် လှုံ့ဆော်ပေးပြီး ပြင်ပမှ ဘက်တီးရီးယားပိုးမွှားများ ခန္ဓာကိုယ်ထဲ မဝင်ရောက်နိုင်အောင် တားဆီးပေးပါတယ်။ ဒါ့အပြင် သွေးလှည့်ပတ်မှုကောင်းမွန်အောင် သွေးပေါင်ချိန်မှန်အောင် ကူညီပေးပါတယ်။ အသားအရေလှပချင်သူတွေအနေနဲ့ လိုင်ချီးဖျော်ရည်ကို နေ့စဉ်သောက်သုံးမယ်ဆိုရင် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးနိုင်ပါတယ်။

မန်ကျည်းဖျော်ရည်ကိုရော ဘာ့ကြောင့်သောက်သုံးသင့်သလဲ

အဝလွန်သူများအနေနဲ့ ကိုယ်အလေးချိန်လျော့ချဖို့လိုအပ်လာပြီဆိုရင် အဝလွန်ခြင်းကို ထိန်းပေးထားနိုင်တဲ့ မန်ကျည်းဖျော်ရည်ကို သောက်သုံးပေးလိုက်ပါ။ မန်ကျည်းဖျော်ရည်ရဲ့ ချိုချဉ်အရသာလေးက ကျန်းမာရေးပြဿနာများစွာကိုကုသပေးနိုင်တဲ့ ဆေးစွမ်းကောင်းတစ်လက်ဆိုလည်း မမှားပါဘူး။ အစားအသောက်ပညာရှင်များကလည်း မျက်လုံးအားနည်းသူများ၊ ဝမ်းဗိုက်မကောင်းသူများ နေ့စဉ်သောက်သုံးသင့်ကြောင့် အကြံပေးထားပါတယ်။

ဒီသစ်သီးဖျော်ရည် သုံးမျိုးစလုံးက အလှအပအတွက်သာမက ကျန်းမာရေးအတွက်လည်း ကောင်းကျိုးအမြောက်အမြားပေးတာကြောင့် နေ့စဉ်မှန်မှန်မှီဝဲပေးမယ်ဆိုရင် ရောဂါဘယကင်းဝေးပြီး ကျန်းမာပျော်ရွှင်တဲ့ဘဝလေးကို ပိုင်ဆိုင်နိုင်မှာပါ။ အလုပ်အရမ်းရှုပ်တဲ့နေ့တွေဆိုရင် သစ်သီးကို ကိုယ်တိုင်ဖျော်ရ၊ အရသာအနေတော်ပဲလား မြည်းကြည့်ရနဲ့ အလုပ်ပိုရှုပ်ပါတယ်။ လွယ်လင့်တကူနဲ့ အဆင်သင့်သောက်သုံးလို့ရအောင် ဖော်စပ်ထုတ်လုပ်ထားတဲ့ Fruitmax အချိုရည်လေးကို သတိရလိုက်ပါ။

Fruitmax အချိုရည်လေးက သဘာဝသစ်သီးစစ်စစ်နဲ့ထုတ်လုပ်ထားတာကြောင့် လတ်ဆတ်တဲ့သစ်သီးဖျော်ရည်ကို သောက်သုံးနေရသလိုခံစားရမှာပါ။ ဒါ့အပြင် ကျန်းမာရေးနဲ့ညီညွှတ်အောင် ထုတ်လုပ်ထားတာကြောင့် ဘေးထွက်ဆိုးကျိုးလည်း မရှိပါဘူး။ Fruitmax မှာ လိမ္မော်၊ လိုင်ချီးနဲ့ မန်ကျည်းအရသာ သုံးမျိုးစလုံးရှိတာကြောင့် မိမိကြိုက်နှစ်သက်ရာကို ရွေးချယ်သောက်သုံးနိုင်ပါတယ်။ Fruitmax အချိုရည်လေးသောက်သုံးပြီး လန်းဆန်းတက်ကြွကာ စွမ်းအင်ပြည့်ဝတဲ့ဘဝလေး ပိုင်ဆိုင်လိုက်ပါ။