[Unicode]

ခန္ဓာကိုယ်အတွက် ကျန်းမာရေးအကျိုးကျေးဇူးတွေများစွာပေးစွမ်းတဲ့ ဖျော်ရည်တွေများစွာထဲမှာ သဘာဝမန်ကျည်းဖျော်ရည်ဟာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။မန်ကျည်းဖျော်ရည်ဟာခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရဓာတ်များစွာကိုထောက်ပံ့ပေးတဲ့အပြင် အရသာအားဖြင့်လည်း ချိုချဉ်လေးဖြစ်တာကြောင့် ကလေးရောလူကြီးပါအကြိုက်တွေ့စေတဲ့ ဖျော်ရည်တမျိုး ဖြစ်ပါတယ်။ဒီတစ်ခေါက်မှာတော့ မန်ကျည်းဖျော်ရည်သောက်သုံးခြင်းဖြင့် ခန္ဓာကိုယ်အတွက် ဘယ်လိုအကျိုးကျေးဇူးတွေဖြစ်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။

(၁) အဆိပ်အတောက်တွေဖယ်ရှားပေးတယ်

Source : tastykitchen.com

မန်ကျည်းဖျော်ရည်မှာပါဝင်တဲ့ သတ္တုဓာတ် အမျှင်ဓာတ် ဖောလစ်အက်ဆစ်ဓာတ်တွေဟာ ခန္ဓာကိုယ် ကိုယ်တွင်းအင်္ဂါနဲ့ သွေးအတွင်းကအဆိပ်အတောက်တွေကို ဖယ်ရှားသန့်စင်ပေးပါတယ်။ဒါ့အပြင်မန်ကျည်းဖျော်ရည်ဟာအသားအရေ ကိုကြည်လင်သန့်စင်စေပြီး နေလောင်ခြင်း အသားအရေခြောက်သွေ့ညစ်နွမ်းခြင်း အရေးအကြောင်းများဖြစ်ပေါ်ခြင်းစတဲ့ လက္ခဏာတွေကိုလည်း ပျောက်ကင်းသက်သာစေနိုင်ပါတယ်။

(၂) မျက်စိကျန်းမာရေးကိုအထောက်အကူပြုတယ်

Source : thespruceeats.com

မန်ကျည်းဖျော်ရည်သောက်သုံးခြင်းက သင့်ရဲ့ မျက်စိကျန်းမာရေးကိုလည်း အထောက်အကူပြုရာရောက်ပါတယ်။ မန်ကျည်းသီးမှာပါဝင်တဲ့ ဗီတာမင်ဓာတ် သတ္တုဓာတ်တွေဟာ မျက်စိနဲ့ အမြင်အာရုံကိုထူးခြားကောင်းမွန်စေပြီး မျက်စိအားနည်းခြင်း မျက်သားခမ်းခြောက်ခြင်း မျက်စိနာခြင်းစတဲ့ အမြင်အာရုံနဲ့ ပတ်သတ်တဲ့ ဝေဒနာတွေကို ပျောက်ကင်းစေမှာဖြစ်ပါတယ်။

(၃) ကိုယ်ခံအားကောင်းစေတယ်

Source : kawalingpinoy.com

မန်ကျည်းသီးမှာပါဝင်တဲ့ ဗီတာမင်ဓာတ်တွေဟာ ခန္ဓာကိုယ်တွင်း အားအင်းပြည့်ဝစေပြီး ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။ နွေရာသီလိုပူပြင်းတဲ့ အချိန်မျိုးမှာလည်း ကိုယ်တွင်းအပူချိန်ကိုလျော့ချပေးပြီး ဝမ်းတွင်းကအပူအပုတ်တွေကိုလည်း ကင်းစင်ပါတယ်။ဒါကြောင့်တော်ရုံ အပူငုပ်တာ နှာစီးချောင်းဆိုးရောဂါ အအေးမိတုပ်ကွေး စတဲ့ရောဂါတွေကို ကာကွယ်ပေးမှာဖြစ်ပါတယ်။

(၄) အစာအိမ်ကျန်းမာရေးကို ကောင်းမွန်စေတယ်

Source : Dr. Annie

အားလုံးသိတဲ့အတိုင်း မန်ကျည်းဖျော်ရည်ဟာ အစာအိမ်နဲ့ အူလမ်းကြောင်းကိုအထောက်အပံ့ပေးတာကြောင့် ဝမ်းကိုမှန်စေပြီး တော်ရုံအစာအိမ်နဲ့ ပတ်သတ်တဲ့ဝေဒနာတွေ ဖြစ်မလာအောင်တားဆီးပေးပါတယ်။ဒါ့အပြင် မန်ကျည်းသီးမှာပါဝင်တဲ့ Antioxidant ပိုတက်ဆီယမ်ဓာတ် မဂ္ဂနီဆီယမ်ဓာတ်တွေဟာ အစာချေဖျက်ခြင်းစနစ်ကို ကောင်းမွန်စေတာကြောင့် ဝမ်းမှန်စေတဲ့အပြင် ကိုယ်အလေးချိန်လည်း ကျစေမှာဖြစ်ပါတယ်။

[Zawgyi]

ခႏၶာကိုယ္အတြက္ က်န္းမာေရးအက်ိဳးေက်းဇူးေတြမ်ားစြာေပးစြမ္းတဲ့ ေဖ်ာ္ရည္ေတြမ်ားစြာထဲမွာ သဘာဝမန္က်ည္းေဖ်ာ္ရည္ဟာလည္း တစ္ခုအပါအဝင္ျဖစ္ပါတယ္။မန္က်ည္းေဖ်ာ္ရည္ဟာခႏၶာကိုယ္အတြက္လိုအပ္တဲ့ အာဟာရဓာတ္မ်ားစြာကိုေထာက္ပံ့ေပးတဲ့အျပင္ အရသာအားျဖင့္လည္း ခ်ိဳခ်ဥ္ေလးျဖစ္တာေၾကာင့္ ကေလးေရာလူႀကီးပါအႀကိဳက္ေတြ႕ေစတဲ့ ေဖ်ာ္ရည္တမ်ိဳး ျဖစ္ပါတယ္။ဒီတစ္ေခါက္မွာေတာ့ မန္က်ည္းေဖ်ာ္ရည္ေသာက္သုံးျခင္းျဖင့္ ခႏၶာကိုယ္အတြက္ ဘယ္လိုအက်ိဳးေက်းဇူးေတြျဖစ္လဲဆိုတာကို ေျပာျပေပးခ်င္ပါတယ္။

(၁) အဆိပ္အေတာက္ေတြဖယ္ရွားေပးတယ္

Source : tastykitchen.com

မန္က်ည္းေဖ်ာ္ရည္မွာပါဝင္တဲ့ သတၱဳဓာတ္ အမွ်င္ဓာတ္ ေဖာလစ္အက္ဆစ္ဓာတ္ေတြဟာ ခႏၶာကိုယ္ ကိုယ္တြင္းအဂၤါနဲ႔ ေသြးအတြင္းကအဆိပ္အေတာက္ေတြကို ဖယ္ရွားသန႔္စင္ေပးပါတယ္။ဒါ့အျပင္မန္က်ည္းေဖ်ာ္ရည္ဟာအသားအေရ ကိုၾကည္လင္သန႔္စင္ေစၿပီး ေနေလာင္ျခင္း အသားအေရေျခာက္ေသြ႕ညစ္ႏြမ္းျခင္း အေရးအေၾကာင္းမ်ားျဖစ္ေပၚျခင္းစတဲ့ လကၡဏာေတြကိုလည္း ေပ်ာက္ကင္းသက္သာေစႏိုင္ပါတယ္။

(၂) မ်က္စိက်န္းမာေရးကိုအေထာက္အကူျပဳတယ္

Source : thespruceeats.com

မန္က်ည္းေဖ်ာ္ရည္ေသာက္သုံးျခင္းက သင့္ရဲ႕ မ်က္စိက်န္းမာေရးကိုလည္း အေထာက္အကူျပဳရာေရာက္ပါတယ္။ မန္က်ည္းသီးမွာပါဝင္တဲ့ ဗီတာမင္ဓာတ္ သတၱဳဓာတ္ေတြဟာ မ်က္စိနဲ႔ အျမင္အာ႐ုံကိုထူးျခားေကာင္းမြန္ေစၿပီး မ်က္စိအားနည္းျခင္း မ်က္သားခမ္းေျခာက္ျခင္း မ်က္စိနာျခင္းစတဲ့ အျမင္အာ႐ုံနဲ႔ ပတ္သတ္တဲ့ ေဝဒနာေတြကို ေပ်ာက္ကင္းေစမွာျဖစ္ပါတယ္။

(၃) ကိုယ္ခံအားေကာင္းေစတယ္

Source : kawalingpinoy.com

မန္က်ည္းသီးမွာပါဝင္တဲ့ ဗီတာမင္ဓာတ္ေတြဟာ ခႏၶာကိုယ္တြင္း အားအင္းျပည့္ဝေစၿပီး ကိုယ္ခံအားစနစ္ကို ေကာင္းမြန္ေစပါတယ္။ ေႏြရာသီလိုပူျပင္းတဲ့ အခ်ိန္မ်ိဳးမွာလည္း ကိုယ္တြင္းအပူခ်ိန္ကိုေလ်ာ့ခ်ေပးၿပီး ဝမ္းတြင္းကအပူအပုတ္ေတြကိုလည္း ကင္းစင္ပါတယ္။ဒါေၾကာင့္ေတာ္႐ုံ အပူငုပ္တာ ႏွာစီးေခ်ာင္းဆိုးေရာဂါ အေအးမိတုပ္ေကြး စတဲ့ေရာဂါေတြကို ကာကြယ္ေပးမွာျဖစ္ပါတယ္။

(၄) အစာအိမ္က်န္းမာေရးကို ေကာင္းမြန္ေစတယ္

Source : Dr. Annie

အားလုံးသိတဲ့အတိုင္း မန္က်ည္းေဖ်ာ္ရည္ဟာ အစာအိမ္နဲ႔ အူလမ္းေၾကာင္းကိုအေထာက္အပံ့ေပးတာေၾကာင့္ ဝမ္းကိုမွန္ေစၿပီး ေတာ္႐ုံအစာအိမ္နဲ႔ ပတ္သတ္တဲ့ေဝဒနာေတြ ျဖစ္မလာေအာင္တားဆီးေပးပါတယ္။ဒါ့အျပင္ မန္က်ည္းသီးမွာပါဝင္တဲ့ Antioxidant ပိုတက္ဆီယမ္ဓာတ္ မဂၢနီဆီယမ္ဓာတ္ေတြဟာ အစာေခ်ဖ်က္ျခင္းစနစ္ကို ေကာင္းမြန္ေစတာေၾကာင့္ ဝမ္းမွန္ေစတဲ့အျပင္ ကိုယ္အေလးခ်ိန္လည္း က်ေစမွာျဖစ္ပါတယ္