စပျစ်သီးကို သစ်သီးတွေ ဘုရင်မလို့ လူအချို့က တင်စားခေါ်ဝေါ်လေ့ရှိကြပါတယ်။ သူ့မှာ ဗီတာမင်နဲ့ သတ္တုဓာတ်တို့ ကြွယ်ဝစွာ ပါဝင်ပြီး ကျန်းမာရေးအတွက် များစွာအထောက်အကူပြုလို့ ယခုလို တင်စားခေါ်ဝေါ်ခြင်းပဲဖြစ်ပါတယ်။

စပျစ်သီးက ကျန်းမာရေးအတွက် ဘယ်လောက်ထိတောင် ကောင်းကျိုးပေးလဲ သိချင်တယ်ဆိုရင်တော့ အခုဆက်ဖော်ပြပေးမယ့် အကြောင်းအရာကို ဆက်လေ့လာကြည့်လိုက်ရအောင်လား။

ခေါင်းကိုက်ခြင်းကို သက်သာစေခြင်း

Source: Positivethingsonly.com

ခေါင်းကိုက်ခြင်းကို သက်သာစေတဲ့ အိမ်တွင်းဆေးနည်းလေးကတော့ စပျစ်သီးမှည့်ဖျော်ရည်လေးပဲဖြစ်ပါတယ်။ ရေ မရောနှောထားတဲ့ စပျစ်သီးဖျော်ရည်စစ်စစ်ကို မနက်မိုးလင်းလင်းချင်းမှာ သောက်သုံးပေးမယ်ဆိုရင်တော့ မကြာခဏ ခေါင်းကိုက်ခြင်းကို သက်သာစေပါလိမ့်မယ်။

အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးခြင်း

စပျစ်သီးထဲမှာပါဝင်တဲ့ ဒြပ်ပေါင်းများက အယ်လ်ဇိုင်းမားရောဂါသည်များဆီမှာ တွေ့ရတတ်တဲ့ Amyloidal-Beta Peptides ပမာဏကို လျော့ချပေးပြီး ဝေဒနာကို သက်သာစေပါတယ်။ အယ်လ်ဇိုင်းမားရောဂါသည်အတွက်တင် မကပါဘူး။ လူသာမန်တွေအနေနဲ့လည်း စပျစ်သီး စားသုံးပေးခြင်းအားဖြင့် ဦးနှောက်စွမ်းဆောင်ရည်ကို တိုးမြှင့်ပေးမှာပဲဖြစ်ပါတယ်။

ကျောက်ကပ်စွမ်းဆောင်ရည်ကို ကောင်းမွန်စေခြင်း

စပျစ်သီးက ဆီးထဲမှာ ပါဝင်တဲ့ အက်ဆစ်ဓာတ်ကို လျော့ချပေးကာ ဖယ်ရှားပေးတဲ့အတွက်ကြောင့် ကျောက်ကပ်ကို ဖိအား အလွန်အကျူး မပေးမိအောင် ကူညီပေးနိုင်ပါတယ်။

နှလုံးရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးခြင်း

နှလုံးကျန်းမာရေးအတွက် ပြုလုပ်ပေးသင့်တဲ့ စားသောက်မှု ပုံစံများ

စပျစ်သီးက သွေးထဲမှာ ပါဝင်တဲ့ နိုက်ထရစ်အက်ဆစ်ပမာဏကို လျော့ချပေးတဲ့အတွက်ကြောင့် သွေးခဲခြင်းမှ ကာကွယ်ပေးပါတယ်။ ဒါ့ကြောင့် နှလုံးရောဂါ ခံစားရမှာကို ပူစရာမလိုပါဘူး။ ဒါ့အပြင် သူ့ထဲမှာ ပါတဲ့ Antioxidants က သွေးကြောများကို ပိတ်စေတဲ့ မကောင်းတဲ့ ကိုလက်စတောကို ဖယ်ရှားပေးပါသေးတယ်။

အမြင်အာရုံ ပျက်စီးခြင်းမှ ကာကွယ်ပေးခြင်း

အသက်အရွယ်ကြောင့်သော်လည်းကောင်း၊ နှလုံးရောဂါကြောင့်သော်လည်းကောင်း၊ ကင်ဆာရောဂါကြောင့်သော်လည်းကောင်း အမြင်အာရုံချို့ယွင်းလာတတ်ပြီး မျက်စိတိမ်ဖုံးတတ်ပါတယ်။

စပျစ်သီးထဲမှာပါဝင်တဲ့ Flavonoids ကတော့ ထိုအခြေအနေများမှ ကာကွယ်ပေးပြီး အမြင်အာရုံကို ကောင်းမွန်စေပါတယ်။

နိဂုံးချုပ်အနေနဲ့ စပျစ်သီး စားသုံးခြင်းက အစာမကြေဖြစ်ခြင်း၊ ကြွက်သားများ အားနည်းခြင်း၊ ရင်သားကင်ဆာ ဖြစ်ပွားခြင်း၊ အမောမခံနိုင်ခြင်း အစရှိတဲ့ ရောဂါအမျိုးမျိုးမှ ကာကွယ်ပေးနိုင်ပါသေးတယ်။

Source: Gllutenfreesalafi.com