အခုခေတ်မှာ မိသားစုလိုက် စားသောက်ဆိုင်မှာ စားတာမျိုးက ခေတ်စားနေပါတယ်။ ဒါပေမယ့် အပြင်မှာထွက်စားတာကို ကန့်သတ်လိုက်ပြီး အိမ်မှာဘဲ ချက်စားမယ်ဆိုရင် အာဟာရပြည့်စုံစွာကို ငွေကုန်ကြေးကျသက်သာစွာနဲ့ စားသောက်နိုင်မှာပါ။ အိမ်မှာချက်တဲ့ ထမင်းတစ်နပ်စားပေးလိုက်ရင် ဘယ်လိုအကျိုးကျေးဇူးတွေရရှိလာမလဲဆိုတာကို မျှဝေပေးသွားပါမယ်။

ဟင်းလျာထဲမှာ သဘာဝ ပါဝင်ပစ္စည်းတွေကို ပိုအသုံးပြုလာနိုင်

ကိုယ်တိုင်ဟင်းလျာကို ချက်ပြုတ်မယ်ဆိုရင် ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ကြာရှည်ခံပစ္စည်းတွေ၊ သဘာဝမဟုတ်တဲ့ ပစ္စည်းတွေကို အသုံးပြုမယ့်အစား သဘာဝ လတ်လတ်ဆတ်ဆတ် သီးနှံတွေကို အသုံးပြုလာနိုင်ပါတယ်။

စားသောက်ဆိုင်တွေမှာ အချိန်ကုန်သက်သာအောင်သုံးတဲ့ ချက်လုပ်ပြီးသား ဟင်းချက်ပါဝင်ပစ္စည်းတွေမှာ ဆိုဒီယမ်၊ အဆီဓာတ်နဲ့သကြား ဓာတ်တွေပါဝင်မှုများပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းကလည်း အခုလို အသင့်ပြုလုပ်ပြီးသား ပါဝင်ပစ္စည်းတွေကို ဟင်းလျာချက်ပြုတ်ရာမှာ မသုံးဖို့ ပြောဆိုထားပါတယ်။

ဒါ့ကြောင့် ကိုယ်တိုင်ချက်ပြုတ်ရင်တော့ ကျန်းမာရေးအတွက် အကျိုးများတဲ့ လတ်လတ်ဆတ်ဆတ် သီးနှံတွေ၊ ဟင်းသီးဟင်းရွက်တွေကို အသုံးပြုနိုင်ပါတယ်။

ကျန်းမာရေးနဲ့ ညီညွတ်စွာ ချက်ပြုတ်၊ စားသုံးနိုင်ခြင်း

စားသောက်ဆိုင်တွေမှာ အများအားဖြင့် ထောပတ်ဆီကို အသုံးများကြပါတယ်။ ထောပတ်ဆီက အဆီဓာတ်ပိုများပါတယ်။ အိမ်မှာ ချက်ပြုတ်တဲ့အခါမှာ ဟင်းသီးဟင်းရွက်ဆီ၊ သံလွင်ဆီတို့ကို ပိုအသုံးပြုနိုင်ပါတယ်။

စီးပွားရေး တွက်ချေကိုက်မှု

အိမ်မှာချက်တဲ့ ဟင်းလျာကတော့ အပြင် စားသောက်ဆိုင်တွေမှာ စားတာထက်ပိုပြီး သက်သာပါတယ်။ အိမ်မှာချက်တဲ့ ထမင်းတစ်နပ်ရဲ့ ကုန်ကျစရိတ်က စားသောက်ဆိုင်မှာ စားတာထက် တစ်ဝက်လောက် ပိုသက်သာလေ့ရှိပါတယ်။ ဒါ့ကြောင့် အိမ်မှာ ကိုယ်တိုင် ဟင်းချက်စားရင် ကုန်ကျစရိတ်သက်သာပြီး ပိုက်ဆံလည်း စုနိုင်မှာပါ။

ဒီဆောင်းပါးကို ခနောကြက်သားမှုန့်က ကူညီပံ့ပိုးပေးထားပါတယ်။

ခနောကြက်သားမှုန့်

သင့်ကလေးတွေကို ကျန်းကျန်းမာမာနဲ့ ကြီးပြင်းစေချင်ပြီး နွေးထွေးတဲ့ မိသားစုရစေချင်ရင် အိမ်မှာ အချိန်ပေးပြီး ဟင်းချက်ပါ။

ခနောကြက်သားမှုန့်ကို အသုံးပြုရင် အချိန်တိုတွင်းမှာ အနံ့အရသာ ကောင်းမွန်တဲ့ဟင်းလျာတွေကို ချက်ပြုတ်နိုင်ပါတယ်။

သင့်ဟင်းချက်အဖော်မွန်ဖြစ်တဲ့ ခနောကြက်သားမှုန့်က ဟင်းလျာတွေ ချက်ပြုတ်ရာမှာ ယုံကြည်မှုရှိရှိနဲ့ ချက်ပြုတ်နိုင်အောင် ကူညီပေးပါလိမ့်မယ်။

နှစ်ပေါင်း ၁၇၅ နှစ်ကျော် အတွေ့အကြုံရှိလာတဲ့ ခနောကြက်သားမှုန့်နဲ့ဆိုရင် အနံ့အရသာ ကောင်းမွန်တဲ့ဟင်းလျာတွေနဲ့ မိသားစုအတွင်းနွေးထွေးတဲ့ မေတ္တာရရှိအောင် ကူညီပေးနိုင်ပါတယ်။

ဒီနေ့ခေတ်မှာ ခနောကြက်သားမှုန့်ကို နိုင်ငံပေါင်း ၈၇ နိုင်ငံကျော်က ၀ယ်ယူအားပေးနေပြီး နေ့စဉ် လူသန်းပေါင်း ၃၂၀ လောက်က ခနောကြက်သားမှုန့်ကို စားသုံးနေကြတာပါ။