နနွင်း

နနွင်းသည် ရွှေဝါရောင် ဖြစ်ပြီး ဟင်းချက်ရာတွင် အသုံးပြုကြပါတယ်။ အထူးသဖြင်း နနွင်းကို အိန္ဒိယနိုင်ငံမှာ အများဆုံး သုံးကြပါတယ်။ နနွင်းဟာ ကင်ဆာမဖြစ်အောင် တားဆီးပေးနိုင်တဲ့ အပြင် ကိုလက်စရော ဓာတ်ကိုလည်း လျော့ကျပေးနိုင် တယ်လို့ ဆိုပါတယ်။

ဂျင်း

ဂျင်းသည်လည်း ဟင်းခက် အမွှေးအကြိုင် ထဲမှ တစ်ခု အပါအဝင် ဖြစ်ပါတယ်။ ဂျင်းသည် သားအိမ်ကင်ဆာ၊ အူမကြီး ကင်ဆာ၊ ဆီချိုရောဂါ တို့အပြင် မျိုးအောင်နှုန်း ကိုလည်း ကောင်းစေတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများ အတွက် ပို၍ပင် ကောင်းမွန်တယ်လို့ ဆိုပါတယ်။

ဇီရာ

ဇီရာသည်လည်း ဟင်းခက် အမွှေးအကြိုင် ထဲမှ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ဇီရာ၏ ကောင်းကျိုးများကတော့ ဇီရာမှုန့်ကို ရေနှင့်ရောကာ ဆားထည့်ပြီး သံပုရာသီး (သို့) ရှောက်သီးဖြင့် စားပါးက ဝမ်းလျောရောဂါကို သက်သာစေနိုင်ပါတယ်။

မုန်ညင်းစေ့

မုန်ညင်းစေ့ဟာ ကင်ဆာရောဂါကို ကာကွယ်နိုင်သော ဆေးများ ထဲမှ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ထို့ပြင် သွေးတိုးရောဂါ ရှိသူများ အတွက်လည်း ကောင်းမွန်ပါတယ်။

ဖာလာစေ့

ဖာလာစေ့ဟာ အစာအိမ်အတွက် ကောင်းမွန်သော ဆေးတစ်ခုဖြစ်ပါတယ်။ အစာအိမ် အချဉ်ပေါက်ခြင်း၊ လေအောက်ခြင်းတို့ကို သက်သာစေနိုင်တယ်လို့ ဆိုပါတယ်။

Ref- General knowledge

Credit: ကျော်လင်းနိုင် (ရိုးရာလေး)