[Unicode]
ပုစွန်ကြိုက်နှစ်သက်သူတွေအတွက်ကတော့ သတင်းကောင်းပါပဲ။ ပုစွန်မှာ Selenium ဓာတ်၊ ဗီတာမင် B12 ၊ ပရိုတင်း၊ Phosphorus၊ ကလိုရင်း၊ ကော့ပါး၊ အိုင်အိုဒင်း၊ ဗီတာမင် B3 ၊ ဇန့်၊ ဗီတာမင် E ၊ ဗီတာမင် B6 ၊ Omega 3 အဆီဓာတ်၊ Pantothenic အက်ဆစ် နဲ့ ဗီတာမင် A စသည်တို့ ပါဝင်ပါတယ်။
ကင်ဆာရောဂါကို ကာကွယ်နိုင်
အဆုတ်ကင်ဆာကဲ့သို့ကင်ဆာမျိုးကို ပုစွန်စားရင်းနဲ့ ကာကွယ်နိုင်ပါတယ်။ ပုစွန်မှာ Selenium ဓာတ်အများဆုံးပါဝင်တာကြောင့် ဒီဓာတ်က ကင်ဆာဆဲလ်တွေကြီးထွားမှုကို တားမြစ်ပေးပါတယ်။ ပုစွန်မှာပါဝင်တဲ့ Selenium ဓာတ်ကို ခန္ဓာကိုယ်က အလွယ်တကူ စုပ်ယူနိုင်ပါတယ်။
နှလုံးရောဂါ၊ ဆီးချိုနဲ့ စိတ်ဓာတ်ကျမှုကို ကာကွယ်ပေး
ကင်ဆာလိုပါဘဲ ပုစွန်မှာပါဝင်တဲ့ Selenium ဓာတ်က နှလုံးကို ထောက်ပံ့ကူညီပေးပါတယ်။ Selenium ဓာတ်မလုံလောက်ရင် နှလုံးရောဂါဖြစ်ပွားနိုင်ပါတယ်။
အဲ့ဒီအပြင် ပုစွန်မှာပါဝင်တဲ့ အာဟာရဓာတ်တချို့က ဆီးချိုမဖြစ်ပွားအောင်လည်း ကူညီပေးပါတယ်။
စိတ်ဓာတ်ကျနေရင်လည်း ပုစွန်တွေများများစားလိုက်ပါ။ ပုစွန်မှာပါဝင်တဲ့ Selenium ဓာတ်က စိတ်ဓာတ်ကျနေတာကို သက်သာပျောက်ကင်းအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။
Omega 3 ကြွယ်ဝစွာပါဝင်
ပုစွန်မှာ Omega-3 ဓာတ်ကြွယ်ဝစွာပါဝင်ပြီး Omega-3 ဓာတ်က ဦးနှောက်ကျန်းမာရေးနဲ့ တခြားကျန်းမာရေးတွေအတွက် ကောင်းမွန်ပါတယ်။
ပရိုတင်းဓာတ်ကြွယ်ဝ
ပုစွန်က နွားနို့၊ ကြက်ဥတို့လိုဘဲ ပရိုတင်းဓာတ်ကြွယ်ဝပါတယ်။ ပရိုတင်းဓာတ်အကြွယ်ဝဆုံးအစားအစာတွေထဲမှာ ပုစွန်ပါဝင်ပါတယ်။ ပရိုတင်းဓာတ်က ခြေသည်းလက်သည်း၊ ဆံပင်ရှည်ဖို့နဲ့ ကြွက်သားတွေ ကြီးထွားစေဖို့ အရေးကြီးပါတယ်။
ပုစွန်ရဲ့ ဆိုးကျိုး
ပုစွန်ရဲ့ ကျန်းမာရေးဆိုးကျိုးတွေက အများကြီးမရှိပါဘူး။ ပုစွန်နဲ့မတည့်တဲ့သူက စားမိရင်တော့ အလက်ဂျစ်ဖြစ်တာမျိုးတော့ ရှိတတ်ပါတယ်။ အလက်ဂျစ်ဖြစ်တတ်သူဆိုရင်လည်း ပုစွန်ကို ချင့်ချိန်စားသင့်ပါတယ်။
Featured Image Source: Resplendent Hospitality
[Zawgyi]
ပုစြန္ႀကိဳက္ႏွစ္သက္သူေတြအတြက္ကေတာ့ သတင္းေကာင္းပါပဲ။ ပုစြန္မွာ Selenium ဓာတ္၊ ဗီတာမင္ B12 ၊ ပရိုတင္း၊ Phosphorus၊ ကလိုရင္း၊ ေကာ့ပါး၊ အိုင္အိုဒင္း၊ ဗီတာမင္ B3 ၊ ဇန္႔၊ ဗီတာမင္ E ၊ ဗီတာမင္ B6 ၊ Omega 3 အဆီဓာတ္၊ Pantothenic အက္ဆစ္ နဲ႔ ဗီတာမင္ A စသည္တုိ႔ ပါ၀င္ပါတယ္။
ကင္ဆာေရာဂါကို ကာကြယ္ႏိုင္
အဆုတ္ကင္ဆာကဲ့သို႔ကင္ဆာမ်ိဳးကို ပုစြန္စားရင္းနဲ႔ ကာကြယ္ႏိုင္ပါတယ္။ ပုစြန္မွာ Selenium ဓာတ္အမ်ားဆံုးပါ၀င္တာေၾကာင့္ ဒီဓာတ္က ကင္ဆာဆဲလ္ေတြႀကီးထြားမႈကို တားျမစ္ေပးပါတယ္။ ပုစြန္မွာပါ၀င္တဲ့ Selenium ဓာတ္ကို ခႏၶာကိုယ္က အလြယ္တကူ စုပ္ယူႏိုင္ပါတယ္။
ႏွလံုးေရာဂါ၊ ဆီးခ်ိဳနဲ႔ စိတ္ဓာတ္က်မႈကို ကာကြယ္ေပး
ကင္ဆာလိုပါဘဲ ပုစြန္မွာပါ၀င္တဲ့ Selenium ဓာတ္က ႏွလံုးကို ေထာက္ပံ့ကူညီေပးပါတယ္။ Selenium ဓာတ္မလံုေလာက္ရင္ ႏွလံုးေရာဂါျဖစ္ပြားႏိုင္ပါတယ္။
အဲ့ဒီအျပင္ ပုစြန္မွာပါ၀င္တဲ့ အာဟာရဓာတ္တခ်ိဳ႕က ဆီးခ်ိဳမျဖစ္ပြားေအာင္လည္း ကူညီေပးပါတယ္။
စိတ္ဓာတ္က်ေနရင္လည္း ပုစြန္ေတြမ်ားမ်ားစားလိုက္ပါ။ ပုစြန္မွာပါ၀င္တဲ့ Selenium ဓာတ္က စိတ္ဓာတ္က်ေနတာကို သက္သာေပ်ာက္ကင္းေအာင္ လုပ္ေဆာင္ေပးႏိုင္ပါတယ္။
Omega 3 ၾကြယ္၀စြာပါ၀င္
ပုစြန္မွာ Omega-3 ဓာတ္ၾကြယ္၀စြာပါ၀င္ၿပီး Omega-3 ဓာတ္က ဦးေႏွာက္က်န္းမာေရးနဲ႔ တျခားက်န္းမာေရးေတြအတြက္ ေကာင္းမြန္ပါတယ္။
ပရိုတင္းဓာတ္ၾကြယ္၀
ပုစြန္က ႏြားႏုိ႔၊ ၾကက္ဥတို႔လိုဘဲ ပရိုတင္းဓာတ္ၾကြယ္၀ပါတယ္။ ပရိုတင္းဓာတ္အၾကြယ္၀ဆံုးအစားအစာေတြထဲမွာ ပုစြန္ပါ၀င္ပါတယ္။ ပရိုတင္းဓာတ္က ေျခသည္းလက္သည္း၊ ဆံပင္ရွည္ဖို႔နဲ႔ ၾကြက္သားေတြ ႀကီးထြားေစဖို႔ အေရးႀကီးပါတယ္။
ပုစြန္ရဲ႕ ဆိုးက်ိဳး
ပုစြန္ရဲ႕ က်န္းမာေရးဆိုးက်ိဳးေတြက အမ်ားႀကီးမရွိပါဘူး။ ပုစြန္နဲ႔မတည့္တဲ့သူက စားမိရင္ေတာ့ အလက္ဂ်စ္ျဖစ္တာမ်ိဳးေတာ့ ရွိတတ္ပါတယ္။ အလက္ဂ်စ္ျဖစ္တတ္သူဆိုရင္လည္း ပုစြန္ကို ခ်င့္ခ်ိန္စားသင့္ပါတယ္။
Featured Image Source: Resplendent Hospitality