ကိုယ့်ရဲ့တစ်နေ့တာကို အကောင်းဆုံးဖြတ်သန်းချင်တယ်ဆိုရင် ခန္ဓာကိုယ်မှာအားအင်ပြည့်ဝနေဖို့ အထူးဂရုစိုက်သင့်ပါတယ်။ ခန္ဓာကိုယ်မှာ အားအင်ပြည့်ဝ နေဖို့ ညဘက်တွေမှာ ကောင်းစွာအိပ်အနားယူရမှာဖြစ်သလို အစာအဟာရနဲ့လည်း Energy တွေကို ပြန်လည်ဖြည့်တင်းနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် တစ်နေ့တာလုံးမှာ အားအင်အပြည့်နဲ့လန်းဆန်းတက်ကြွချင်တယ်ဆိုရင် အခုပြောပြမယ့်အစားအသောက်တွေကို မဖြစ်မနေ စားသုံးပေးဖို့ လိုအပ်ပါတယ်။

(၁) Green Tea

Source : Shutterstock

Green Tea မှာ ကဖိန်းဓာတ်အနည်းငယ်ပါဝင်တာကြောင့် ခန္ဓာကိုယ်အားအင်းပြည့်ဝလန်းဆန်းစေဖို့အထောက်အကူ ပြုပါတယ်။ဒါ့အပြင် Green Tea တစ်ခွက်နေ့စဉ်ပုံမှန်သောက် သုံးပေးမယ်ဆိုရင် ရင်သားကင်ဆာဖြစ်ပွားနိုင်ခြေကိုလည်း ၃၀ % လျောချပေးနိုင်တာကြောင့် အမျိုးသမီးတွေအနေနဲ့ မဖြစ်မနေသောက်သုံးဖို့အကြံပြုချင်ပါတယ်။

(၂) ဆော်လမွန်ငါး

Source : Shutterstock

ဆော်လမွန်ငါးတွေမှာ Omega 3 Fatty Acids ကြွယ်ဝစွာပါဝင်တာကြောင့် ခန္ဓာကိုယ်ကျန်းမာရေးများစွာအထောက်အကူဖြစ်စေပါတယ်။ Omega 3 Fatty Acids ဟာ ဦးနှောက် ရဲ့စွမ်းဆောင်ရည်ကိုမြင့်တက်စေပြီး ပင်ပန်းနွမ်းနွယ်မှုကိုလျော့ချပေးနိုင်တာကြောင့် တစ်နေ့တာလုံး အားအင်း ပြည့်ဝ လန်းဆန်းနေစေဖို့ဆိုရင် ဆော်လမွန်ငါးစားသုံးပေးသင့်ပါတယ်။

(၃) Cherry သီးများ

Source : Shutterstock

Cherry သီးတွေဟာ Melatonin လို့ခေါ်တဲ့ အိပ်စက်ခြင်းဆိုင်ရာဟော်မုန်းတစ်မျိုးကို အဓိကထုတ်လွတ်ပေးတဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ Cherry သီးစားသုံးခြင်းဖြင့် ခန္ဓာကိုယ်မှာ Melatonin ဟော်မုန်းဓာတ်မြင့်တက်စေပြီး ညဘက်တွေမှာ ကောင်စွာအိပ်ပျော်ဖို့ကူညီပေးမှာဖြစ်သလို တစ်နေ့တာ ကိုလည်း အားအင်အပြည့်နဲ့ဖြတ်သန်းနိုင်မှာဖြစ်ပါတယ်။

(၄) သစ်ကြားသီး

Source : Shutterstock

ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ စွမ်းအင်တွေကိုပြန်လည်ဖြည့် တင်းပေးဖို့ အကောင်းဆုံးအစားအစာတစ်ခုက အခွံမာသီးအနွယ် အဝင်အသီးတစ်မျိုးဖြစ်တဲ့ သစ်ကြားသီးပဲဖြစ်ပါတယ်။သစ်ကြားသီးမှာ ကျန်းမာတဲ့အဆီဓာတ် အမျှင်ဓာတ်များနဲ့ ပရိုတင်း ဓာတ်များစွာပါဝင်တာကြောင့် အားအင်ကုန်ခမ်း မောပန်းခြင်း တွေကိုအကောင်းဆုံးကာကွယ်ပေးပြီး ခန္ဓာကိုယ်မှာရှိတဲ့ စွမ်းအင်တွေကိုလည်းအချိန်ကြာကြာထိန်းသိမ်းထားနိုင်တဲ့အတွက် တစ်နေ့တာလုံးလန်းဆန်းတက်ကြွစေမှာဖြစ်ပါတယ်။

(၅) ပဲအမျိုးမျိုး

Source : Shutterstock

ပဲအမျိုးမျိုးမှာ ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ ပရိုတင်းဓာတ် အမျှင်ဓာတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။ပရိုတင်းဓာတ် ဟာ မှတ်ဉာဏ်စွမ်းရည်နဲ့ အာရုံစူးစိုက်မှုကိုပိုကောင်းစေပြီး အားအင်းပြည့်ဝလန်းဆန်းနေစေဖို့ ကူညီပေးပါတယ်။ဒါ့အပြင်သွေးတွင်းသကြားဓာတ်ကိုလည်း တည်ငြိမ်စေပြီး ခန္ဓာကိုယ်ရဲ့ စွမ်းအင်တွေကိုဖြည်းဖြည်းနဲ့မှန်မှန်လောင်ကျွမ်းစေတဲ့အတွက် အချိန်ကြာကြာ လန်းဆန်းတက်ကြွနေဖို့ ကူညီပေးပါတယ်။

(၆) ဒိန်ချဉ်

Source : Shutterstock

သဘာဝကပေးတဲ့ကောင်းမွန်တဲ့အဆီဓာတ်ကို ဒိန်ချဉ်စားသုံးခြင်းဖြင့် ရရှိနိုင်ပါတယ်။ဒိန်ချဉ်ဟာလည်း ပရိုတင်းဓာတ်များစွာ ပါဝင်တဲ့ အစားအစာတစ်ခု ဖြစ်တာကြောင့် အချိန်တော်တော်ကြာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ Energy တွေကို ထိန်းထားပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် တစ်နေ့တာလုံး အားအင်အပြည့်နဲ့လန်းဆန်းနေချင်ရင်တော့ ဒိန်ချဉ်တစ်ခွက်ပုံမှန်စား ပေးဖို့လိုအပ်ပါတယ်။