ဝက်ခြံတယ်ဆိုတာ အနေအထိုင်တစ်ခုထဲနဲ့တော့ မသက်ဆိုင်ပါဘူး။ အစားအသောက်ပြောင်းလဲပုံတွေ၊ ဝက်ခြံတွေကိုပိုပြီးတော့ ဖြစ်စေနိုင်တဲ့ အစားစာမျိုးတွေကိုစားသုံးနေတာမျိုးတွေကြောင့် ဝက်ခြံတွေဖြစ်ပြီးရင် ဖြစ်နေတာပါနော်။ ဝက်ခြံတွေကိုပျောက်ကင်းအောင် ဖြေရှင်းဖို့အတွက်ဆိုရင် ဆေးဝါးတွေနဲ့ကုသတာမျိုးတွေရော အစားအသောက်နဲ့ပါပြန်ပြီးတော့ ထိန်းထားနိုင်ဖို့အရေးကြီးပါတယ်နော်။

ဆော်လမွန်ငါး

ဆော်လမွန်ငါးကတော့ တစ်ခြားအစားစာတွေထက်စာရင် ဝက်ခြံတွေကို လျော့နည်းသွားစေဖို့ ကောင်းကောင်းကူညီပေးနိုင်ပါတယ်။ ဆော်လမွန်ငါးမှာ Omega 3 Fatty အက်စစ်ဓာတ်တွေပါဝင်နေတာကြောင့် ခန္ဓာကိုယ်ရဲ့ဟော်မုန်းဓာတ်တွေကို ထိန်းညှိပေးနိုင်ပြီး အသားအရေပေါ်မှာဖြစ်နေတဲ့ ဝက်ခြံပြဿနာတွေကိုလည်း ကောင်းကောင်းဖြေရှင်းပေးနိုင်မှာပဲဖြစ်ပါတယ်။

ဟင်းနုနွယ်

ဟင်းနုနွယ်ရွက်မှာ ဗီတာမင်အီ၊ သံဓာတ်နဲ့ ပရိုတင်းဓာတ်တွေ များစွာပါဝင်နေတာဆိုတော့ အသားအရေအတွက်တော့ အားကိုးအားထားရတစ်ခုပေါ့။ ဒီလို အာဟာရဓာတ်တွေက အသားအရေအတွင်းမှာ သွေးလှည့်ပတ်မှုကို ကောင်းမွန်စေတာကြောင့် ဝက်ခြံဖြစ်စေနိုင်တာမျိုးတွေကို ထိန်းချုပ်ထားနိုင်ပြီး အသားအရေကိုလည်းလှပလာစေမှာပါ။

သခွားသီး

အသားအရေအတွက် လိုအပ်တဲ့ရေဓာတ်တွေကို ဖြည့်တင်းပေးနိုင်တဲ့ အစားစာမျိုးပေါ့။ သခွားသီးက အသားအရေကိုစိုပြေစေတယ်၊ ဝက်ခြံတွေမဖြစ်ဖို့နဲ့ ကျန်းမာပြီးနုပျိုတဲ့ အသားအရေမျိုးကိုပိုင်ဆိုင်ရဖို့ သခွားသီးကိုပုံမှန်လေးစားပေးဖို့ လိုအပ်ပါတယ်။

ဒီအစားစာတွေကို ပုံမှန်စားပေးသွားပြီး အသားအရေကိုလည်း သေချာဂရုစိုက်ထိန်းသိမ်းပေးမယ်ဆိုရင်တော့ ဝက်ခြံတွေပျောက်ကင်းဖို့အတွက် အချိန်သိပ်ပြီးတော့ ပေးနေစရာမလိုတော့ပါဘူးနော်။

Photo Source: Unsplash