အာဟာရဓာတ်တွေဟာ ကျန်းမာရေးအတွက် အရေးကြီးတဲ့အခန်းကဏ္ဍက ပါဝင်ပါတယ်။ အစာလည်းဆေး ဆေးလည်းအစာဆိုတဲ့စကားအတိုင်းကျွန်မတို့ စားသုံးလိုက်တဲ့အစားအစာတွေဟာ ကျွန်မတို့ရဲ့ ကျန်းမာရေးအတွက် များစွာသက်ရောက်မှုရှိပါတယ်။ သွေးကြောလေးတွေ ပိတ်ဆို့တဲ့အခါ သွေးလည်ပတ်မှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပြီး နှလုံးဆိုင်ရာ ရောဂါဖြစ်ပွားစေနိုင်ပါတယ်။

ဒါ့ကြောင့် သွေးလွှတ်ကြောနဲ့ သွေးပြန်ကြောတွေကို သန့်စင်ပေးနိုင်မယ့် အစားအစာတွေကို မျှဝေပေးချင်ပါတယ်။

၁။ ကြက်သွန်ဖြူ

Source: iyalojadirect.com

အားလုံးသိကြတဲ့အတိုင်း ကြက်သွန်ဖြူဟာ ကျန်းမာရေးအတွက် များစွာအထောက်အကူဖြစ်စေပါတယ်။ ကြက်သွန်ဖြူမှာ Antioxidantတွေပါဝင်ပြီး Free Radicals တွေကို တိုက်ထုတ်ပေးတာကြောင့် သွေးလွှတ်ကြောကို သန့်စင်ပေးနိုင်ပါတယ်။သွေးလွှတ်ကြောတွေကို သန့်စင်ပေးတာကြောင့် သွေးလည်ပတ်မှုကိုကောင်းမွန်စေသလို သွေးဖိအားကိုလည်း ကျစေပါတယ်။

၂။ ပန်းသီး

Source: 1-2-Taste

ပန်းသီးဟာလည်း အမျှင်ဓာတ်တွေကြွယ်ဝစွာပါဝင်ပြီး သွေးကြောလေးတွေ့ို သန့်စင်ပေးနိုင်ပါတယ်။ Flavonoid ဓာတ်ပါဝင်ပြီး နှလုံးကို ကျန်းမာစေပါတယ်။

၃။ ငါး

Source: BluGlacier

ငါးမှာ မပြည့်ဝဆီဖြစ်တဲ့ Omega 3 Fatty Acids ပါဝင်ပြီး သွေးကြောလေးတွေကို သန့်စင်ပေးပါတယ်။ အကောင်းဆုံးငါတွေကတော့ ဆဲလ်မွန်ငါး ၊တူနာငါး တို့လို ငါးတွေပဲဖြစ်ပါတယ်။

၄။ နနွင်း

နနွင်းဟာလည်း သွေးကြောလေးတွေကို သန့်စင်ပေးနိုင်တဲ့အစားအစာဖြစ်ပါတယ်။

၅။ သံလွင်ဆီ

သံလွင်ဆီဟာ သင့်ကျန်းမာရေးအတွက် များစွာအထောက်အကူဖြစ်စေပြီး သွေးကြောလေးတွေကို သန့်စင်ပေးနိုင်ပါတယ်။

၆။ ခရမ်းချဉ်သီး

Source: High Mowing Seeds

ခရမ်းချဉ်သီးမှာ Lycopene ဆိုတဲ့ Antioxidant တွေကြွယ်ဝစွာပါဝင်ပြီး မကောင်းတဲ့ကိုလက်စရောတွေကို ကာကွယ်ပေးပါတယ်။ သင့်သွေးကြေားလေးတွေကို သန့်စင်ပေးနိုင်ပြီး နှလုံးကို ကျန်းမာစေပါတယ်။