အသည်းက ခန္ဓာကိုယ်အတွက် အရေးပါတဲ့ ကိုယ်တွင်း အင်္ဂါတစ်ခုဖြစ်ပြီး ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေ ဖယ်ထုတ်ပေးခြင်း၊ ဇီဝကမ္မဖြစ်စဉ်ကို ထိန်းညှိပေးခြင်း၊ အစာခြေစနစ်အတွက်လိုအပ်တဲ့ ဇီဝ ဓာတုတွေကို ထုတ်လုပ်ပေးခြင်း၊ ဟော်မှုန်းတွေ ထုတ်လုပ်ပေးခြင်း စသည့် လုပ်ဆောင်ချက်တွေ အများကြီးလုပ်ဆောင်ပေးပါတယ်။

အသည်းကျန်းမာရေးကို ကောင်းမွန်စေတဲ့ အစားအစာများ

ကြက်သွန်ဖြူ

ကြက်သွန်ဖြူက အသည်းထဲမှာရှိနေတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးရမှာ အရေးကြီးပါတယ်။ ကြက်သွန်ဖြူမှာ Allicin ဓာတ်ကြွယ်ဝတာကြောင့် အသည်းမှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့ အင်ဇိုင်းတွေကို နိုးဆွပေးနိုင်ပါတယ်။

တစ်နေ့ကို ကြက်သွန်ဖြူ တစ်ဥ မနက်တိုင်း စားပေးရင် အသည်းကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။

တောက်တောက်စဉ်းထားတဲ့ ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း ၁ ဇွန်း နှင့် ၂ ဇွန်း ကြားအနည်းဆုံး ကို စားပါ။

ပန်းဂေါ်ဖီ စိမ်း

ပန်းဂေါ်ဖီစိမ်းက အသည်းမှာ အဆီဖုန်းတာ မဖြစ်အောင် ကူညီပေးပါတယ်။ Illinois တက္ကသိုလ်၊ College of Agriculture ကပြုလုပ်ခဲ့တဲ့ သုတေသနရလဒ်အရ ပန်းဂေါ်ဖီစိမ်းကို စားသုံးပေးရင် အသည်းအဆီဖုံးနိုင်ချေကို လျော့ချပေးပါတယ်။

တစ်ပတ်ကို ပန်းဂေါ်ဖီစိမ်း ၂ ခါကနေ ၃ ခါလောက် စားပေးပါ။

မုန်လာဥနီ

မုန်လာဥနီမှာ Antioxidants၊ ဗီတာမင် ၊ သတ္တုဓာတ် နဲ့ အမျှင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါ့ကြောင့် မုန်လာဥနီက အသည်းမှာ အဆိပ်အတောက်ဖြစ်တာ ၊ အဆီဖုံးတာတွေ မဖြစ်အောင် ကူညီပေးပါတယ်။

၂ ရက် တစ်ခါလောက် မုန်လာဥနီ ဖျော်ရည်တစ်ခွက်သောက်ပေးပါ။ ၂ရက်၊ ၃ ရက် တခါလောက် မုန်လာဥနီကို ဟင်းလျာထဲမှာ ချက်စားပါ။