ခန္ဓာကိုယ်နှင့် သွေးထဲရှိ အညစ်အကြေးများ အဆိပ်အတောက်များကို ဖယ်ရှားပေးဖို့အတွက် ကျောက်ကပ်က တာဝန်ယူထားရပါတယ်။ ကျောက်ကပ်က အညစ်အကြေး အဆိပ်အတောက်များကို ဖယ်ရှားပေးမှသာလျှင် ဒေါင်ဒေါင်မြည်ပြီး ကျန်းမာရေး ကောင်းမွန်နေမှာပဲဖြစ်ပါတယ်။

ဒါ့အပြင် သွေးပေါင်ချိန်ကို ထိန်းညှိပေးခြင်း၊ သွေးနီဥများ ထုတ်လုပ်နိုင်မှုကို တိုးမြှင့်ပေးခြင်းနှင့် ဗီတာမင်ဒီ ဓာတ် ပြည့်ဝစွာရရှိနိုင်ဖို့အတွက်လည်း ကျောက်ကပ်က ကူညီပေးပါသေးတယ်။ ကျောက်ကပ်က ကောင်းမွန်စွာ အလုပ်လုပ်နိုင်ဖို့အတွက် ပုံမှန်စားသုံးပေးသင့်တဲ့အစားအစာတွေကတော့ …

အဆီဓာတ်ကြွယ်ဝတဲ့ ငါးများ

ဆော်လမွန်ငါး၊ တူနာငါး စတဲ့ ငါးတွေက အိုမီဂါသရီး ဖက်တိအက်ဆစ် ကြွယ်ဝတဲ့အတွက်ကြောင့် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာတစ်မျိုး ပဲဖြစ်ပါတယ်။ လေ့လာချက်အရ အိုမီဂါသရီး ဖက်တီအက်ဆစ်က သွေးတွင်းရှိ အဆီဓာတ်များပြားနေမှုကို လျော့ချပေးပြီး သွေးပေါင်ချိန်ကို လျော့ကျစေပါတယ်။ သွေးတိုးရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးက ကျောက်ကပ်များကို ပျက်စီးစေတာကြောင့် အဆီဓာတ်ကြွယ်ဝတဲ့ ငါးများ စားသုံးပေးခြင်းအားဖြင့် သင့်ရဲ့ကျောက်ကပ်ကို ကာကွယ်လိုက်ပါ။

ကန်စွန်းဥ

ကန်စွန်းဥထဲမှာ ပါဝင်တဲ့ အမျှင်ဓာတ်ကလည်း သွေးတွင်း အဆီပိုများကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါ့အပြင် ကန်စွန်းဥရဲ့ ဗီတာမင်ဓာတ်၊ သတ္တုဓာတ်နဲ့ ပိုတက်စီယမ်ဓာတ်တို့က ကျောက်ကပ်က ကောင်းမွန်စွာ အလုပ်လုပ်နိုင်အောင် ကူညီပေးပါတယ်။

အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ

Chinese Kale Green Leaf

ဟင်းနုနွယ်ရွက်၊ ကိုက်လန်ရွက်စတဲ့ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေထဲမျာ ဗီတာမင်ဓာတ်၊ အမျှင်ဓာတ်နှင့် သတ္တုဓာတ်များ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ထိုဟင်းရွက်များကို နေ့စဉ်မှန်မှန်စားသုံးပေးပါက ကျောက်ကပ်ပျက်စီး ထိခိုက်မှုမရှိစေရန် ကူညီပေးပါတယ်။

ပန်းသီး

ပန်းသီးကတော့ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ သွားရေစာတစ်မျိုးပဲဖြစ်ပါတယ်။ ပန်းသီးကို တစ်နေ့တစ်လုံးခန့် မှန်မှန်စားသုံးပေးမယ်ဆိုရင် သွေးတွင်း သကြားဓာတ်မြှင့်မားနေမှုကို လျော့ချပေးပြီး ကိုလက်စတောပမာဏကို ထိန်းညှိပေးပါတယ်။ သင့်အနေနဲ့ အချိုစာ တစ်ခုခု စားချင်နေပါက ပန်းသီးကိုသာ စားသုံးပေးလိုက်ပါ။ ပန်းသီးက အချိုအစားအစာများ အလွန်အကျွံစားချင်စိတ်ကို ထိန်းညှိပေးပါတယ်။

Source: Medicalnewstoday.com