ကြွက်သားကိုထိန်းသိမ်းတယ်ဆိုတာ အသက်အရွယ်မရွေး ကျန်းမာ​တဲ့​နေထိုင်မှုပုံစံကိုထိန်းသိမ်းဖို့အတွက် အဓိကသော့ချက်ပါပဲ။ လူတွေဟာ အသက် ၅၀ ကျော်လာတဲ့အခါ အထူးသဖြင့် ခြေထောက်မှာရှိတဲ့ ကြွက်သားထုထည်က တစ်နှစ်လျှင် 1-2%  ခွန်အားအ​နေနဲ့ဆို တစ်နှစ်လျှင် 1.5-5% လျော့နည်းလာပါတယ်။

ဒီလိုအသက်အရွယ်နဲ့ဆိုင်တဲ့ ကြွက်သားဆုံးရှုံးမှုကို အခြေခံလူနေမှုပုံစံပြောင်းလဲခြင်း အစားအသောက်ပြောင်းလဲခြင်းစတဲ့ အချက်တွေနဲ့ လျှော့ချနိုင်ပါတယ်။

ဒါကြောင့် ကြွက်သားဆုံးရှုံးမှုကို ကာကွယ်ပေးပြီး ကြွက်သားတည်ဆောက်တဲ့နေရာမှာ ကူညီပေးမယ့်အစားအစာများကို ဖော်ပြလိုက်ပါတယ်….

ထောပတ်သီး

ထောပတ်သီးက မကောင်းတဲ့ ကိုလက်စထရော (LDL) ကို လျှော့ချပေးပြီး ကောင်းတဲ့ ကိုလက်စထရော (HDL) ကို မြှင့်တင်ပေးတဲ့အပြင် သူ့မှာပါတဲ့ အကောင်းဆုံးအရင်းအမြစ်တွေဖြစ်တဲ့ မဂ္ဂနီဆီယမ်နဲ့ ပိုတက်စီယမ်တို့က ကြွက်သားပြန်လည်ကောင်းမွန်လာစေရန် ထောက်ပံ့ပေးပါတယ်။

ပဲအမျိုးမျိုး

ပဲဟာ အမျှင်ဓာတ်၊ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အခြေခံ ပရိုတင်းဓာတ်များ ကြွယ်ဝစွာပါဝင်ပြီးအဆီဓာတ်ပါဝင်မှုလည်း နည်းပါတယ်။ လေ့ကျင့်ခန်းလုပ်နေစဉ်အတွင်း စွမ်းအင်အသုံး​ပြုဖို့နဲ့ ကြွက်သားကြီးထွားမှုကို တိုးတက်ကောင်းမွန်စေဖို့ ကူညီပေးပါတယ်။

ကြက်ဥ

လေ့ကျင့်ခန်းလုပ်ပြီးတဲ့အချိန်မှာ စားဖို့အသင့်တော်ဆုံးအစားအစာရှာနေရင် ကြွက်သားကြီးထွားမှုကို လှုံ့ဆော်ပေးနိုင်တဲ့ ပရိုတင်းဓာတ်ပေါင်းတွေပါဝင်တဲ့ ကြက်ဥကို စားလို့ရပါတယ်။

အဆီများတဲ့ငါး

တူနာ၊ ဆော်လမွန်၊ ငါးပါးတို့က  ကြွက်သားဆုံးရှုံးမှုကို လျှော့ချပေးနိုင်ပြီး ကြွက်သားထုထည်ကို အမှန်တကယ်တိုးလာစေနိုင်ပါတယ်။

အခွံမာသီးနဲ့ အစေ့များ

အခွံမာသီးနဲ့ အစေ့အဆန်တွေမှာပါတဲ့ အမျှင်ဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေက ခန္ဓာကိုယ်ရဲ့ စနစ်တော်တော်များများကို ထောက်ပံ့ပေးပါတယ်။ ဗီတာမင် K က  ကြွက်သားထိန်းသိမ်းမှုနဲ့  အရိုးကျန်းမာရေးအတွက် အများကြီးအထောက်အကူပြုပေးပါတယ်။